iOS 15 တွင်ထပ်တိုးလာသည့်အသစ်အဆန်းများ
FaceTime နောက်ခံဆူညံသံများကို လျှော့ချရန် Voice Isolation မုဒ်ကိုအသုံးပြု၍ သင့်အပေါ်ကင်မရာဆုံချက်ထားစေရန် Portrait မုဒ်ကိုအသုံးပြုပါ။ ဂရစ်မြင်ကွင်းသည် သင်၏ Group FaceTime ဖုန်းခေါ်ဆိုမှုများကို အသံချဲ့စနစ်ကို အလိုအလျောက်အသားပေးလျက် အရွယ်တူအကွက်ငယ်များနှင့် ပြထားသည်။ တစ်မူထူးခြားသော ဝက်ဘ်လင့်ခ်တစ်ခုကိုအသုံးပြု၍ FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုတွင် မည်သူ့ကိုမဆို ဖိတ်ခေါ်နိုင်သည်။ ကြည့်ရန် နောက်ခံအသံများ စစ်ထုတ်ခြင်း၊ Portrait မုဒ်ဖြင့် နောက်ခံကိုဝါးခြင်း၊ FaceTime တွင် ပါဝင်ဖုန်းပြောဆိုသူများကို ဂရစ်ကွက်များဖြင့် ကြည့်ခြင်း နှင့် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုအတွက် လင့်ခ်တစ်ခုဖန်တီးခြင်း ကိုကြည့်ပါ။
![ဂရစ်ကွက်များဖြင့်တွေ့ရသော အဖွဲ့လိုက် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်သည်။ ဖုန်းပါဝင်ပြောဆိုသူတစ်ဦးချင်းစီကို အရွယ်တူအကွက်ငယ်တစ်ခုစီဖြင့်ပြထားပြီး အသံချဲ့သင်္ကေတအကွက်ကို အသားပေးထားသည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/b2fe1a820b98e3639cf3386c1e02fc13.png)
SharePlay (iOS 15.1) သူငယ်ချင်းများနှင့် မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်စေရန် FaceTime ရှိ SharePlay ကိုသုံးပါ— TV ရှိုးများနှင့်ရုပ်ရှင်များကို ကြည့်နိုင်ပြီး၊ သီချင်းများကိုအတူနားထောင်နိုင်သည်၊ သို့မဟုတ် သင့်ဖန်သားပြင်ကိုမျှဝေနိုင်သည်။ FaceTime တွင်အတူကြည့်ပြီးနားထောင်ရန် SharePlay ကိုသုံးပါ ကိုကြည့်ပါ။
![ထိုခေါ်ဆိုမှုတွင် မျှဝေထားသည့် AppleTV+ ဗွီဒီယိုအကြောင်းအရာကိုပြသည့် FaceTime ဖုန်းခေါ်ဆိုမှုတစ်ခု။ FaceTime ထိန်းချုပ်မှုများကို ထိုဖန်သားပြင်ထိပ်တွင်ပြထားပြီး၊ ထိုဗွီဒီယိုသည် ထိုထိန်းချုပ်မှုများအောက်ခြေတွင်သာ ပွင့်နေပြီး၊ ထို playback ထိန်းချုပ်မှုများသည်ဖန်သားပြင်အောက်ခြေတွင်ရှိသည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/d24c8c0dade2541fc935e4101929bcd4.png)
မက်ဆေ့ခ်ျများ Messages တွင် သင်နှင့်မျှဝေထားသော လင့်ခ်များ၊ ဓာတ်ပုံများနှင့် အခြားအကြောင်းအရာများသည် အလားတူအက်ပ်ရှိ (Photos၊ Safari၊ Podcasts၊ Apple Music၊ Apple News သို့မဟုတ် Apple TV အက်ပ်တို့တွင် ရရှိနိုင်သည်) Shared with You ကဏ္ဍသစ်တွင်တွေ့ရမည်။ Messages တွင်ပို့သော ဓာတ်ပုံများစွာသည် ဓာတ်ပုံတွဲတစ်ခု သို့မဟုတ် ရုပ်ပုံစုစည်းချက်တစ်ခုအဖြစ် ပေါ်နေမည်ဖြစ်ပြီး ၎င်းတို့ကိုပွတ်ဆွဲကာ အလွယ်တကူရှာဖွေနိုင်သည်။ သူငယ်ချင်းများနှင့် အကြောင်းအရာလက်ခံရရှိပြီးမျှဝေရန် Messages ကိုသုံးခြင်းကိုကြည့်ပါ။
![Photos အက်ပ်အတွင်း Shared with You ဓာတ်ပုံစုဆောင်းမှုများကို ပြသသည့် For You ဖန်သားပြင်။ စုဆောင်းမှုတစ်ခုချင်းစီအောက်တွင် ဓာတ်ပုံများကို မျှဝေသူ၏အမည်နှင့် ထိုအဆက်အသွယ်သို့ စာပြန်ရန် ခလုတ်တစ်ခု ရှိသည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/f1da66971bea010279ccb8d3b3dd7f4a.png)
Memoji သင်၏အသွင်အပြင်နှင့် စတိုင်တို့ကို နည်းသစ်များဖြင့် ပြန်လည်ကြည့်ရှုပါ။ သင်၏ Memoji stickers အတွက်ဆင်ယင်ဝတ်စားမှုအသစ်များ၊ ဦးခေါင်းအဆင်တန်ဆာများနှင့် အသစ်ထပ်တိုးသော စိတ်တိုင်းကျပြင်ဆင်ရွေးချယ်မှုများမှ ရွေးချယ်ပြင်ဆင်ပါ။ သင်၏ကိုယ်ပိုင် Memoji ကိုဖန်တီးခြင်း ကိုကြည့်ပါ။
အာရုံစိုက်ရာ သင်လုပ်ဆောင်နေသည့်အပေါ်မူတည်၍ အသိပေးချက်များကို အလိုအလျောက်စိစစ်ခွဲထုတ်ရန် Focus ကိုအသုံးပြုပါ။ Work၊ Sleep သို့မဟုတ် Personal ကဲ့သို့ ပေးထားသော Focus အကြံပြုချက်ကိုရွေးချယ်ကာ ၎င်းအချိန်များတွင် လက်ခံရရှိလိုသော အသိပေးချက်များကို ရွေးချယ်ပါ။ သင်ခွင့်ပြုထားသော အသိပေးချက်များအပြင် တစ်ဦးတစ်ယောက်မှ သင့်ကိုဆက်သွယ်ရန်ကြိုးစားသည့်အခါ သင်၏ Focus အခြေအနေသတ်မှတ်ချက်က Messages တွင်ပေါ်လာမည်ဖြစ်သောကြောင့် သင်မအားလပ်သည်ကို ၎င်းတို့သိရှိမည်ဖြစ်သည်။ Focus ကိုစီမံခြင်းကိုကြည့်ပါ။
![Focus ရွေးချယ်မှုများကိုပြထားသည့် iPhone သော့ပိတ်ထားသည့်ဖန်သားပြင်ဖြစ်သည်။ ဖန်သားပြင်ထိပ်မှ အောက်ခြေတစ်လျှောက်ပြထားသော ရွေးချယ်မှုများတွင် Do Not Disturb၊ Personal၊ Work၊ Sleep နှင့် New Focus တို့ပါဝင်သည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/4fc69e5e0a8fe58ad4cfe276f0c83885.png)
အသိပေးချက်များ အသိပေးချက်များတွင် အဆက်အသွယ်ဓာတ်ပုံများနှင့် အလွယ်တကူခွဲခြားသိရန် အရွယ်ပိုကြီးသော အက်ပ်သင်္ကေတတို့ ပါဝင်လာသောကြောင့် အသွင်သစ်တစ်ခုရှိနေမည်။ သင်သတ်မှတ်ထားသော အချိန်ဇယားတစ်ခုပေါ်မူတည်၍ နေ့စဉ်လက်ခံရရှိသော အသိပေးချက်စုစည်းမှုတစ်ခုနှင့်အတူ အသိပေးချက်အကျဉ်းချုပ်တစ်ခုကို လက်ခံရရှိနိုင်သည်။ အကြောင်းကြားချက်အကျဉ်းချုပ်တစ်ခုကို အချိန်ဇယားဆွဲခြင်း ကိုကြည့်ပါ။
![အကျဉ်းချုပ် အကြောင်းကြားချက်တစ်ခု ပြထားသော iPhone သော့ပိတ်ထားသည့်ဖန်သားပြင်ဖြစ်သည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/37786d8ba6bbab0016913d5215fd28d3.png)
မြေပုံများ ဆန်ဖရန်စစ္စကိုနှင့် နယူးယောက်ကဲ့သို မြို့များအတွက် မြေပုံများသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ၊ အထင်ကရအဆောက်အအုံများ၊ သစ်ပင်များ၊ လူကူးမျဉ်းကြားများ စသည်တို့ပါဝင်သည်။ ကားမောင်းနှင်ခြင်းဆိုင်ရာအင်္ဂါရပ်သစ်များတွင် လမ်းကွေ့ကြောများနှင့် စက်ဘီးလမ်းကြောတို့ကဲ့သို့သော လမ်းအနေအထားအသေးစိတ်တို့ပါဝင်ပြီး လမ်းကူးလမ်းပြောင်းများရှုပ်ထွေးရာကို ချည်းကပ်လာသည့်အခါ လမ်းထဲအမြင်ကိုပါ ကြည့်ရှုနိုင်သည်။ အသစ်ထပ်တိုးထားသော အများပြည်သူစီးယာဉ်လမ်းကြောင်းအင်္ဂါရပ်များသည် အနီးရှိရထားဘူတာရုံနှင့် ယာဉ်ဆိုက်ချိန်များပါဝင်ပြီး လမ်းလျှောက်ခြင်းဆိုင်ရာညွှန်ကြားချက်များကို ပြင်ပလမ်းမြင်ကွင်းနှင့် တွဲဖက်မြင်ရမည်။ ကားမောင်းနှင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကိုရယူခြင်း၊ အကူးအပြောင်းဆိုင်ရာ လမ်းညွှန်ချက်များကိုရယူခြင်းနှင့် လမ်းလျှောက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကိုရယူခြင်းကိုကြည့်ပါ။
![Maps အက်ပ်ရှိ ကားမောင်းနှင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များဖြစ်သည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/1fafdca809c6048a6a84998d6d306143.png)
Safari ဖန်သားပြင်အောက်ခြေရှိ စာမျက်နှာဘားသစ်တစ်ခုဖြင့် သင်၏စာမျက်နှာများသို့ အလွယ်တကူဝင်ရောက်ရှာဖွေနိုင်မည်။ စာမျက်နှာများကို တစ်စုတစ်စည်းတည်းထားရှိရန် Groups ကိုနှိပ်၍ ၎င်းတို့ကို တစ်ခုမှတစ်ခုသို့ အလွယ်တကူ ကူးပြောင်းပါ။ Safari တွင် စာမျက်နှာများကို အသုံးပြုခြင်းကိုကြည့်ပါ။
Live Text သင်၏ဓာတ်ပုံများနှင့် သင်၏ iPhone ကင်မရာဘောင်တွင်းရှိ စာသားများကို Live Text ကရှာဖွေပေးသောကြောင့် တစ်ချက်နှိပ်ရုံဖြင့် စာသားများကို မိတ္တူကူးခြင်းနှင့် ပြန်လည်ကူးထည့်ခြင်း၊ ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်း သို့မဟုတ် အီးမေးလ်တစ်စောင်ပေးပို့ခြင်းတို့ လုပ်ဆောင်နိုင်သည်။ iPhone ကင်မရာပါရှိသည့် Live Text အသုံးပြုခြင်း ကိုကြည့်ပါ။
![မျက်နှာပြင်ပြည့်ပေါ်နေသည့် ဓာတ်ပုံတစ်ပုံဖြစ်သည်။ စာသားနှင့် ဖုန်းနံပါတ်တစ်ခုပါဝင်သော ဓာတ်ပုံထဲမှ သင်္ကေတတစ်ခုဖြစ်သည်။ ဖုန်းနံပါတ်ကို ရွေးချယ်ထားပြီး ဖန်သားပြင်တွင် အောက်ပါရွေးချယ်စရာများ ပေါ်လာမည်၊ Call၊ Send Message၊ FaceTime၊ FaceTime Audio၊ Add to Contacts နှင့် Copy တို့ဖြစ်သည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/7a24a977803b55d4fbc5e0a10b75ee5e.png)
Visual Look Up Visual Look Up သည် သင်၏ဓာတ်ပုံများတွင်ပါရှိသော အထင်ကရအဆောက်အအုံများ၊ သစ်ပင်များ၊ စာအုပ်များနှင့် အနုပညာလက်ရာတို့ကို ခွဲခြားပေးပြီး ၎င်းအရာဝတ္ထုနှင့်ဆိုင်သော ဓာတ်ပုံများနှင့် သတင်းအချက်အလက်များကို ဝက်ဘ်ဆိုက်မှ ရှာဖွေပေးသည် (ယူအက်စ်တွင်သာရရှိနိုင်သည်)။ Live Text နှင့် Visual Look Up တို့ကိုအသုံးပြု၍ ဓာတ်ပုံများနှင့် အပြန်အလှန်တုံ့ပြန်ခြင်းကိုကြည့်ပါ။
![ဖန်သားပြင်ထိပ်တွင် ဓာတ်ပုံတစ်ပုံရှိနေမည်။ ထိုဓာတ်ပုံထဲတွင် ခွေးတစ်ကောင်ပါရှိပြီး ၎င်းခွေးပေါ်တွင် Visual Look Up သင်္ကေတတစ်ခုရှိနေမည်။ ဖန်သားပြင်အောက်ခြေတစ်ဝက်တွင် Siri Knowledge ကဏ္ဍများကိုပြထားပေရာ ခွေးအမျိုးအစားအကြောင်း အချက်အလက်အပြည့်အစုံနှင့် အလားတူဝက်ဘ်ဆိုက်ဓာတ်ပုံများပါဝင်ပြီး ထိုခွေးအမျိုးအစား၏ ရုပ်ပုံအမျိုးမျိုးကို တွေ့ရမည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/f0b4eca1db017428595e9d580bb996be.png)
ဓာတ်ပုံများ Memory mixes နှင့် အခြားတည်းဖြတ်ရွေးချယ်မှုများဖြင့် သင့်အမှတ်တရများ၏အသွင်အပြင်နှင့် ရသတို့ကို စိတ်တိုင်းကျပြင်ဆင်ပါ။ အမှတ်တရတစ်ခု၏ နောက်ခံတေးသီချင်းထည့်ရန် Apple Music မှလည်းရွေးချယ်နိုင်ပါသည်။ သင်၏ Memories ကိုကိုယ်ပိုင်ဟန်ထည့်သွင်းခြင်းကိုကြည့်ပါ။
![Photos အက်ပ်ရှိ Memory mixes ဖန်သားပြင်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/dd4096a3f2bee5da620d8580930a0caa.png)
ဂီတ (iOS 15.2) ဝယ်ယူမှုရွေးချယ်စရာအသစ် Apple Music Voice သည် Siri မှတစ်ဆင့် Apple Music အမျိုးအစား၊ သီချင်းစာရင်းများ၊ ကိုယ်ပိုင်ပြုရောစပ်မှုများနှင့်အစရှိသည်တို့ကို ဝင်ရောက်နိုင်သည်။ Apple Music Voice ဖြင့် ဂီတနားထောင်ခြင်းကိုကြည့်ပါ။
ဘာသာပြန်ခြင်း iPhone နှင့်ထောက်ပံ့ထားသည့် ကြားခံအက်ပ်များတွင်စာသားကိုအလွယ်တကူဘာသာပြန်နိုင်သည်။ သင့်ဓာတ်ပုံများနှင့် iPhone ကင်မရာဘောင်အတွင်းတွင်စာသားကိုဘာသာပြန်ရန် Live Text ကိုလည်းသုံးနိုင်သည်။ အက်ပ်များရှိစာကို ဘာသာပြန်ခြင်းနှင့် ကင်မရာကိုအသုံးပြုခြင်းကိုကြည့်ပါ။
မှတ်စုများ ကဏ္ဍများအလိုက် မှတ်စုများကို အလွယ်တကူရှာဖွေနိုင်ရန် #ခရီးသွားခြင်း သို့မဟုတ် #ချက်ပြုတ်နည်း ကဲ့သို့သော အမှတ်အသားများဖြင့် သင်၏မှတ်စုများကို တစ်စုတစ်စည်းတည်းထားရှိပါ။ မျှဝေထားသောမှတ်စုများတွင် အရေးကြီးသောအသစ်ထည့်သွင်းမှုများအကြောင်း အပြန်အလှန်အသိပေးရန် အတူမျှဝေသူများကို ထည့်သွင်းရေးသားကာ မျှဝေထားသောမှတ်စုတွင် လောလောလတ်လတ်ပြင်ဆင်ချက်များကို စာရင်းတစ်ခုတည်းတွင်ကြည့်ပါ။ Notes တွင် အမည်အမှတ်အသားများနှင့် Smart Folders ကိုသုံးခြင်း နှင့် မှတ်စုတစ်ခုအတွင်း လှုပ်ရှားမှုကို ကြည့်ခြင်း ကိုကြည့်ပါ။.
သတိပေးချက်များ သင်ဖန်တီးနေစဉ် #တောက်တိုမည်ရများ သို့မဟုတ် #အိမ်စာများ ကဲ့သို့အမှတ်အသားများထည့်သွင်းခြင်းအားဖြင့် သတိပေးချက်များကို အမျိုးအစားကဏ္ဍခွဲခြားထားပါ။ အမည်အမှတ်အသားများ၊ ရက်စွဲများ၊ အချိန်များ၊ နေရာများ၊ ဦးစားပေးမှု စသည်တို့အရ သတိပေးချက်များကို အလိုအလျောက် တစ်စုတစ်စည်းတည်းထားရှိကာ Smart Lists ကို ဖန်တီးပါ။ သတိပေးချက်များတွင်အမည်အမှတ်အသားများနှင့် Smart Lists ကိုသုံးခြင်းကိုကြည့်ပါ။
![Reminders ရှိများစွာသောစာရင်းများကိုပြထားသည့် ဖန်သားပြင်တစ်ခု။ Tag Browser သည် အောက်ခြေတွင်ရှိသည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/c4c6b4bcc3fc8cfc69094c318392e9fa.png)
ကျန်းမာရေး သင်ချစ်မြတ်နိုးရသူများနှင့် ကျန်းမာရေးအချက်အလက်များကို မျှဝေခြင်း၊ လဲနိုင်ခြေရှိမရှိသိရရန် သင်၏ Walking Steadiness ဆန်းစစ်ချက်များကို ကြည့်ရှုခြင်းနှင့် သင်၏ ကျန်းမာရေးပြောင်းလဲမှုများကို Trends နှင့်အတူ နားလည်ခြင်းတို့ လုပ်ဆောင်ပါ။ သင်နှင့်ရင်းနှီးသည့်တစ်စုံတစ်ယောက်နှင့် ကျန်းမာရေးအချက်အလက်မျှဝေခြင်း၊ သင့်လမ်းလျှောက်မှန်မှုကိုစောင့်ကြည့်ခြင်း နှင့် သင်၏ကျန်းမာရေးများအလားအလာများကိုကြည့်ခြင်း ကို ကြည့်ရန်။
![Health အက်ပ်ရှိ Sharing ဖန်သားပြင်။ ဖန်သားပြင်အလယ်တွင် အထက်မှအောက်သည် Alert၊ Changes၊ နှင့် No recent changes ကဲ့သို့ အချက်အလက်ပါဝင်သော Sharing With You အဆက်အသွယ်များစာရင်းဖြစ်သည်။ ယင်းအောက်ဘက်သည် You’re Sharing With Contacts စာရင်းဖြစ်သည်။ အဆက်အသွယ်တစ်ခုစီအောက်သည် ထိုအဆက်အသွယ်နှင့်မျှဝေထားသည့် အကြောင်းအရာများနံပါတ်ဖြစ်သည်။ ဖန်သားပြင်အောက်ခြေရှိ ဘယ်မှညာတစ်လျှောက်တွင် Summary၊ Sharing နှင့် Browse ခလုတ်များပါရှိသည်။ မျှဝေခြင်းကိုရွေးချယ်ထားသည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/98157dde1561ac9ae583747226d4e74a.png)
ပိုက်ဆံအိတ် (iOS 15.1) သင်သည်ကာကွယ်ဆေးသက်သေကိုပြရန်လိုအပ်သည့်အခါ သင့်ကာကွယ်ဆေးမှတ်တမ်းကို Wallet သို့ထည့်ပြီး ယင်းကိုတင်ပြနိုင်သည် (ကျန်းမာရေးစောင့်ရှောက်သူများနှင့်အာဏာပိုင်များတချို့မှထောက်ခံထားသော)။ Wallet အက်ပ်ရှိကာကွယ်ဆေးကတ်ကိုသုံးပါကိုကြည့်ပါ။
![Wallet အက်ပ်ရှိကာကွယ်ဆေးကတ်](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/ba37717c2f4e0a9296384d58485e7d0c.png)
Wallet ရှိ ID (iOS 15.4- အမေရိကန်ပြည်ထောင်စုတွင်သာ) ဤလုပ်ဆောင်ချက်တွင်ပါဝင်နေသော ပြည်နယ်များတွင် သင်၏ ယာဉ်မောင်းသူလိုင်စင် သို့မဟုတ် ပြည်နယ်စိစစ်ရေးကတ်ပြား ကို Wallet အက်ပ်တွင်ထည့်သွင်းပါ၊ ထို့နောက် သင်၏ လိုင်စင် သို့မဟုတ် စိစစ်ရေးကတ်ပြားကို ရွေးချယ်ထားသော TSA လေဆိပ် စစ်ဆေးရေးဂိတ်များတွင် လုံခြုံစိတ်ချစွာပြသနိုင်ပါသည်။ iPhone ရှိ Wallet တွင် သင်၏ ယာဉ်မောင်းသူလိုင်စင် သို့မဟုတ် ပြည်နယ်စိစစ်ရေးကတ်ပြား ကိုအသုံးပြုခြင်း ကိုကြည့်ပါ။
ရာသီဥတု ဒီဇိုင်းအသစ်တွင် အသက်ဝင်နေသော နောက်ခံကားချပ်များနှင့် မိုးရေချိန်၊ လေထုအခြေအနေနှင့် နေ့အပူချိန်ပြမြေပုံများကို ဂရစ်ဖစ်ပုံစံဖြင့် ခင်းကျင်းပြသည်။ ရာသီဥတုကိုစစ်ဆေးခြင်းကိုကြည့်ပါ။
![အနီးဝန်းကျင်ဒေသ၏ နေ့အပူချိန်မြေပုံသည် ဖန်သားပြင်ပြည့်ပေါ်နေမည်။ ထိပ်ဘက်ညာထောင့်တွင် ဖန်သားပြင်ထိပ်မှ အောက်ခြေတစ်လျှောက် Current Location၊ Favorite Locations နှင့် Overlay Menu ခလုတ်များရှိပါသည်။ Overlay ခလုတ်ကိုရွေးချယ်ထားပြီး နေ့အပူချိန်၊ မိုးရေချိန် သို့မဟုတ် လေထုအခြေအနေကို ပြရန် ဖန်သားပြင်ခင်းကျင်းပုံကို ပြောင်းလဲအတွက် ရွေးချယ်မှုများကိုပြထားသည်။ ထိပ်ဘယ်ဘက်ထောင့်တွင် Done ခလုတ်ရှိသည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/e4402294cdbbd0bab5a2f4c59c09129c.png)
iCloud+ iCloud+ သည် iCloud အသုံးပြုခွင့်ပေးထားသော ပရီမီယမ်အင်္ဂါရပ်သစ်မှန်သမျှကို ပေါင်းစည်းထားပေရာ သင်၏အွန်လိုင်းသီးသန့်လုံခြုံရေးကို ကာကွယ်ပေးသော ဝန်ဆောင်မှုတစ်ခုဖြစ်သော iCloud Private Relay (beta)၊ ဝက်ဘ်ပေါ်ရှိ လျှောက်လွှာများကိုဖြည့်သည့်ခါ သူများနှင့်မတူသော ကျပန်းအီးမေးလ်လိပ်စာတစ်ခုကို အလွယ်တကူဖန်တီးနိုင်သော နည်းလမ်းဖြစ်သည့် Hide My Email နှင့် နေအိမ်လုံခြုံရေးကင်မရာများ ထပ်မံတပ်ဆင်နိုင်သော ထပ်တိုးထောက်ပံ့မှုဖြစ်သည့် HomeKit Secure Video ရိုက်ကူးမှုတို့ပါဝင်ပါသည်။ iCloud+ ကိုစာရင်းပေးသွင်းခြင်း၊ iCloud Private Relay ကိုဖွင့်ခြင်း၊ Safari တွင် သင်၏ကိုယ်ပိုင်သုံးအီးမေးလ်လိပ်စာကို ဝှက်ခြင်းနှင့် နေအိမ်တွင် လုံခြုံရေးကင်မရာများတပ်ဆင်ခြင်းတို့ကို ကြည့်ပါ။
![ဖန်သားပြင်အောက်ခြေတစ်ဝက်သည် iCloud+ အတွက် Hide My Email ရွေးစရာဖြစ်သည်။ လိပ်စာ၊ အညွှန်းတစ်ခု၊ နှင့်မှတ်စုတစ်ခုကိုပေးပို့မည့် ကျပန်းဖန်တီးထားသည့်အီးမေးလ်ကိုစာရင်းလုပ်သည်။ ဖန်သားပြင်အောက်ခြေသည် Use ခလုတ်တစ်ခု နှင့် iCloud ချိန်ညှိမှုများသို့ လင့်ခ်တစ်ခုဖြစ်သည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/43ecd318a2927adb500630feb85baf9a.png)
မေးလ် (iOS 15.2) iCloud+ သို့မှတ်ပုံတင်စာရင်းသွင်းသည့်အခါ သင့်ကိုယ်ပိုင်အီးမေးလ်လိပ်စာကို သီးသန့်ထားရန် Hide My Email ကို သုံးနိုင်သည်။ သင်၏ ကိုယ်ပိုင်အီးမေးလ်စာရင်းသို့ ပေးပို့သော သူများနှင့်မတူသော ကျပန်းအီးမေးလ် လိပ်စာများကို Hide My Email ဖြင့် ဖန်တီးပါ။ Mail တွင် Hide My Email အသုံးပြုခြင်းကိုကြည့်ပါ။
ဖန်သားပြင်ကိုကြည့်သည့်ကြာချိန် (iOS 15.2- နိုင်ငံများနှင့်နယ်ပယ်အားလုံးတွင်မရနိုင်ပါ) Screen Time တွင် ဆက်သွယ်ရေးလုံခြုံမှု ရှိနေပါက သင်၏ကလေးမှ ညစ်ညမ်းဓါတ်ပုံများကို ပို့ခြင်း သို့မဟုတ် လက်ခံရရှိခြင်း မတိုင်မီ Messages အက်ပ်မှတစ်ဆင့် ထောက်လှမ်းနိုင်ပြီး၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အမှီအငြမ်းများကို ပံ့ပိုးပေးနိုင်သည်။ ဤအစီအစဥ်၏ ရလဒ်တစ်ခုအနေဖြင့် Apple သည် ၎င်းဓာတ်ပုံများကို ဝင်ရောက်ခွင့်မရှိပါ။ မိသားစုဝင်တစ်ဦး၏စက်ပစ္စည်းတွင် ဆက်သွယ်ရေးလုံခြုံမှုကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း ကိုကြည့်ပါ။
သီးသန့်တည်ရှိမှု Mail Privacy Protection သည် သင်၏မေးလ်အသုံးပြုမှုမှတ်တမ်းဆိုင်ရာ သတင်းအချက်အလက်များ ရယူရန်ကြိုးစားသော၊ သင်၏ အွန်လိုင်းအသုံးပြုမှုမှတ်တမ်းကိုခြေရာခံသော သို့မဟုတ် သင်၏တည်နေရာကို ခြေရာခံသော မေးလ်ပို့လာသူများကို တားဆီးပေးသည်။ မေးလ်ပို့သူများအနေဖြင့် ၎င်းတို့ပေးပို့သော အီးမေးလ်ကို သင်ဖွင့်ဖတ်မဖတ်နှင့် ဖွင့်ဖတ်သည့်အချိန်တို့ကို မသိစေရန်ကာကွယ်ပေးသည်။ သင်ကြုံတွေ့ရင်ဆိုင်နေရသော Intelligent Tracking Prevention မှ ကြိုတင်ကာကွယ်ပေးထားသည့် ခြေရာခံသူများအကျဉ်းချုပ်ကို ကြည့်ရန် Safari ရှိ Privacy Report ကို ဆန်းစစ်ပါ။ App Privacy Report (iOS 15.2) ကိုလည်းပြန်လည်ကြည့်ရှုနိုင်ပြီး၊ ၎င်းသည် သင့်အချက်အလက်သို့ဝင်ရောက်ရန်အတွက် အက်ပ်များသို့ သင်ပေးထားသည့် ခွင့်ပြုချက်များကို အက်ပ်များမကြာခဏအသုံးပြုသည့်နည်းလမ်းကို ဖော်ပြထားသည်။ Mail Privacy Protection ကိုအသုံးပြုခြင်း၊ သီးသန့်တည်ရှိမှုဆိုင်ရာအစီရင်ခံချက်ကိုကြည့်ခြင်း နှင့် အက်ပ်များကို သင်ပေးထားသည့်ခွင့်ပြုချက်များကို အက်ပ်များက အသုံးပြုပုံကို ပြန်လည်ကြည့်ရှုခြင်း ကိုကြည့်ပါ။
မျက်နှာဖုံးတပ်ထားချိန်တွင်Face ID အသုံးပြုခြင်း (iOS 15.4)သင် မျက်နှာဖုံးတပ်ထားစဥ် သို့မဟုတ် သင့်ပါးစပ်နှင့်နှာခေါင်းကို ပိတ်ထားသည့် အခြားအဖုံးအကာတပ်ထားစဥ်သင့်ဖုန်းကို Face IDဖြင့် ဖွင့်နိုင်သည် (iPhone 12 အမျိုးအစားများနှင့် iPhone 13 အမျိုးအစားများ)။ မျက်နှာဖုံးတပ်ထားချိန်တွင်Face ID အသုံးပြုခြင်း ကိုကြည့်ပါ။
လုံခြုံရေး (iOS 15.2) ဒီဂျစ်တယ်စနစ်ဖြင့်ဆက်ခံပိုင်ခွင့်ရှိသူကိုရွေးချယ်သည့် အစီအစဉ် (Digital Legacy Program) သည် သင်ကွယ်လွန်လျှင် သင်၏ အကောင့်နှင့်ကိုယ်ရေးအချက်အလက်များကို ဆက်ခံပိုင်ခွင့်ရှိသူအား ရွေးချယ်ခန့်အပ်စေနိုင်မည်ဖြစ်ပါသည်။ ဆက်ခံပိုင်ခွင့်ရှိသူ၏ အဆက်အသွယ်များကို ဖြည့်သွင်းပါ ကိုကြည့်ပါ။
အသုံးပြုရလွယ်ကူခြင်း အက်ပ်တစ်ခုစီအတွက် ခင်းကျင်းပုံနှင့် စာလုံးအရွယ်အစားချိန်ညှိချက်များကို စိတ်တိုင်းကျပြင်ဆင်ပါ။ သင်အလိုရှိသော အက်ပ်များအတွက် စာလုံးအရွယ်ကိုကြီးစေခြင်း သို့မဟုတ် စာလုံးမည်းသုံးခြင်း၊ အရောင်တင်ခြင်း၊ အရောင်များကိုပြောင်းပြန်ပြောင်းခြင်း စသည်တို့ကိုလုပ်ဆောင်ပါ။ ရုပ်ပုံများထဲမှ လူပုဂ္ဂိုလ်များ၊ အရာဝတ္ထုများ၊ စာသားများနှင့် ဇယားများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို VoiceOver ဖြင့်လေ့လာပါ။ နောက်ခံတွင် သာယာနာပျော်ဖွယ်တေးသံများကိုဖွင့်၍ မလိုလားအပ်သောပတ်ဝန်းကျင်အသံ သို့ဟုတ် ပြင်ပဆူညံသံများကို ဖုံးလွှမ်းပါ။ သတ်မှတ်ထားသောအက်ပ်များအတွက် အသုံးပြုရလွယ်သော ချိန်ညှိမှုများကို စိတ်ကြိုက်ပြုလုပ်ခြင်း၊ ပုံရိပ်များကို ရှာဖွေခြင်း နှင့် ပတ်ဝန်းကျင်ဆူညံသံကို ဖုံးကွယ်ရန် iPhone နောက်ခံအသံကိုဖွင့်ခြင်း ကိုကြည့်ပါ။
မှန်ဘီလူးရှိ အနီးကပ်ပုံ (iOS 15.4) iPhone 13 Pro နှင့် iPhone 13 Pro Max တွင် သင့်ရှေ့တွင် အရာဝတ္ထုတစ်ခုပေါ်ရှိအလွန်သေးငယ်သည့်အရာတစ်ခုခုကိုမြင်ရန်လိုအပ်သည့်အခါ ကင်မရာထဲရှိ Close-up ကိုလည်းရွေးချယ်နိုင်ပြီး ဥပမာ သင် အပိုင်းအစတစ်ခုကို ဆွဲထုတ်သည့်အခါ အီလက်ထရွန်နစ်ပစ္စည်းတစ်ခုမှ နံပါတ်အစဥ်လိုက်ဖတ်သည့်အခါ သို့မဟုတ် သင့်ခြေသည်းကို အရောင်ဆိုးသည့်အခါမျိုးတွင်။ သင့် အနီးရှိအရာဝတ္ထုများကို အနီးကပ်ချဲ့ကြည့်ခြင်းကိုကြည့်ပါ။
![ပန်းတစ်ပွင့်၏ အနီးကပ်ပုံကိုပြထားသည့် မှန်ဘီလူးဖန်သားပြင်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/b31371a3c832e9281c8c170e3454effc.png)
iOS 15 အတွက်လှည့်ကွက်များကိုလေ့လာခြင်း Tips အက်ပ်သည်အကြံပြုချက်အသစ်များကို မကြာခဏဖြည့်ပေးသောကြောင့်သင်၏ iPhone မှအများဆုံးရရှိနိုင်သည်။ အကြံပြုချက်များရယူခြင်း ကို ကြည်ပါ။
မှတ်စု အင်္ဂါရပ်အသစ်များနှင့်အက်ပ်စ်များသည် သင့် iPhone အမျိုးအစား၊ ဒေသ၊ ဘာသာစကားနှင့်သင့်ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါ်မူတည်ပြီးပြောင်းလဲနိုင်သည်။
No comments:
Post a Comment