Friday, July 8, 2022

iPhone ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

 

iPhone ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

iPhone ကိုဖွင့်ရန် ဘေးခလုတ် သို့မဟုတ် Sleep/Wake ခလုတ်ကို သုံးပါ (သင်အသုံးပြုသည့် အမျိုးအစားပေါ်မူတည်သည်)။ iPhone ကိုပိတ်ရန် ထိပ်ခလုတ်ကိုအသုံးပြုနိုင်သည်(အချို့အမျိုးအစားများတွင် အသံအတိုးအကျယ်ခလုတ်ဖြင့်) သို့မဟုတ် Settings  တွင်ပြုလုပ်နိုင်သည်။

သင်၏ iPhone သည် မျှော်မှန်းထားသလိုအလုပ်မလုပ်ပါက ၎င်းကိုပိတ်၍ ပြန်လည်စတင်ကြည့်ခြင်း၊ ထို့နောက် ပြန်ဖွင့်ကြည့်ချင်းတို့လုပ်နိုင်သည်။ ဖုန်းပိတ်သွားပြီး ပြဿနာကိုမပြင်နိုင်လျှင် ပြန်လည်စတင်ရန်ပြုလုပ်ခြင်းကိုကြိုစားပါ။

iPhone ကိုဖွင့်ခြင်း

ဘေးခလုတ် သို့မဟုတ် Sleep/Wake ခလုတ်ကို (ဖုန်းမော်ဒယ်အပေါ် တွင်မူတည်သည်) Apple အမှတ်တံဆိပ်ပေါ်လာသည်အထိ နှိပ်၍ထိန်းထားပါ။

iPhone ကိုပိတ်ခြင်း

  • Face ID ပါဝင်သည့် iPhone၊ ဆလိုက်ဒါများပေါ်လာသည်အထိ ဘေးခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်တစ်ခုခုကို တစ်ပြိုင်နက်တည်း ဖိ၍ထိန်းထားပြီးနောက် စက်ပိတ်သွားစေရန် Power Off ဆလိုက်ဒါကို ပွတ်ဆွဲပါ။

  • Home ခလုတ်ပါဝင်သည့် iPhone၊ ဘေးခလုတ် သို့မဟုတ် Sleep/Wake ခလုတ်ကို (သင်သုံးသည့် မော်ဒယ်ပေါ်မူတည်သည်) ဖိ၍နှိပ်ပါ၊ ထို့နောက်ဆလိုက်ကိုပွတ်ဆွဲပါ။

    ဖန်သားပြင်ကိုမျက်နှာမူအနေအထားပြထားသော iPhone အမျိုးအစားသုံးမျိုး၏ သရုပ်ဖော်ပုံ။ ဘယ်ဘက်အရောက်ဆုံးနမူနာပုံသည် ထိုဖုန်း၏ဘေးဘက်ရှိ အသံအကျယ်နှင့် အသံအတိုးခလုတ်များကိုပြထားသည်။ ဘေးခလုတ်ကို ညာဘက်တွင် ပြသထားသည်။ အလယ်နမူနာပုံသည် ထိုဖုန်း၏ညာဘက်ရှိ ဘေးခလုတ်ကိုပြထားသည်။ ညာဘက်အရောက်ဆုံးနမူနာပုံသည် ထိုဖုန်း၏ ထိပ်ဘက်တွင်ရှိ Slee/Wake ခလုတ်ကို ပြသထားသည်။
  • အမျိုးအစားများအားလုံး၊ Settings  > General > Shut Down သို့သွားပါ၊ ထို့နောက်ထိုဆလိုက်ကိုပွတ်ဆွဲပါ။

No comments:

Post a Comment