Friday, July 8, 2022

US မှာပါ iPhone တွေကို USB-C ပြောင်းသုံးဖို့ တွန်းအားပေးနေပြီ

 


US မှာပါ iPhone တွေကို USB-C ပြောင်းသုံးဖို့ တွန်းအားပေးနေပြီ
==================
ပြီးခဲ့တဲ့ရက်သတ္တပါတ်တွေတုန်းက EU (European Union) ဟာ လာမယ့် ၂၀၂၄ ခုနှစ်ကနေ စတင်ပြီး Apple iPhone တွေမှာ USB-C ကိုပဲ အသုံးပြုသွားဖို့ တရားဝင်အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် Apple အနေနဲ့ အနည်းဆုံး EU Region တွေမှာ ရောင်းချသွားမယ့် iPhone တွေမှာ Lightning Connector အစား USB-C ကို ပြောင်းလဲအသုံးပြုရဖို့ သေချာသလောက်ဖြစ်နေပါပြီ။
အခုလည်း US အစိုးရကနေ Apple ကို USB-C ကို ပြောင်းလဲဖို့ကို စတင်ပြီး တွန်းအားပေးသွားဖွယ်ရှိနေပါတယ်။
ဘာကြောင့်လဲဆိုရင် US အစိုးရ စီးပွားရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးအဖြစ်တာဝန်ယူထားတဲ့ Gina Raimondo ဆီကို Senator (လွှတ်တော်အမတ်) တွေဖြစ်တဲ့ Ed Markey ၊ Elizabeth Warren နဲ့ Bernie Sanders တို့ကပူးပေါင်းပြီး US နိုင်ငံအတွင်းက စမတ်ဖုန်းတွေကို USB-C ကိုပဲ Standard တစ်ခုတည်းအနေနဲ့ အသုံးပြုဖို့ကို စာတင်ပြီး တောင်းဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။ အခုလိုမျိုး တောင်းဆိုမှုက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ E-Waste တွေကို လျော့နည်းစေဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် US အစိုးရအနေနဲ့ အခုလိုမျိုး iPhone တွေမှာ USB-C ကို ပြောင်းလဲဖို့တကယ်ဆုံးဖြတ်မလားဆိုတာကိုတော့ အတိအကျမသိရသေးပေမယ့် အခုပုံစံအရဆိုရင်တော့ လာမယ့်နှစ်အနည်းငယ်အတွင်း ပြောင်းလဲသွားဖွယ်ရှိနေပါပြီ
#ဖြစ်သင့်တာက ကြာနေပီ ရလာပါစေမျှော်လင့်ရတာပဲ

No comments:

Post a Comment