Friday, July 8, 2022

သင်၏ Windows PC ကိုသုံး၍ iPhone ကိုအရန်ကူးယူခြင်း

 

သင်၏ Windows PC ကိုသုံး၍ iPhone ကိုအရန်ကူးယူခြင်း

  1. အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း

  2. သင်၏ PC ရှိ iTunes အက်ပ်စ်တွင်၊ iTunes မျက်နှာပြင် ၏ဘယ်ဘက်ထိပ်အနီးရှိ iPhone ခလုတ်ကိုနှိပ်ပါ။

  3. Summary ကိုနှိပ်ပါ။

  4. Back Up Now ကိုနှိပ်ပါ (Backups အောက်တွင်)။

  5. သင်၏အရန်ကူးယူမှုများကို သိမ်းဆည်းရန် “Encrypt local backup” ကိုရွေးချယ်၍ လျှို့ဝှက်ကုဒ်တစ်ခုကိုရိုက်ကာ Set Password ကိုနှိပ်ပါ။

သင်၏ကွန်ပျူတာတွင် အရန်ကူးယူမှုများကိုကြည့်ရန် Edit > Preferences ကိုရွေးချယ်ကာ Devices ကိုနှိပ်ပါ။ သိမ်းဆည်းထားသည့် အရန်ကူးယူမှုများတွင် အရန်ကူးယူမှုများစာရင်းတွင် သော့ခတ်ထားသောပုံစံ တစ်ခုရှိသည်။

မှတ်စု Wi-Fi ချိန်ကိုက်မှု ကိုစီစဉ်ပါက iPhone ကိုသင်၏ကွန်ပျူတာသို့ ကြိုးမဲ့ချိတ်ဆက်၍လည်းရနိုင်သည်။

No comments:

Post a Comment