iOS 16 အသုံးပြုနိုင်သော အိုင်ဖုန်းများ
iPadOS 16 အသုံးပြုနိုင်သော အိုင်ပက်များ
WatchOS 9 အသုံးပြုနိုင်သော ပန်းသီးနာရီများ
Apple iPhone iPad ကိုင်ဆောင်သော သူငယ်ချင်း အပေါင်းအသင်းများအတွက် သိစေတတ်စေလိုသောစေတနာဖြင့် iDevice နည်းပညာများအား စုစည်းတင်ပြပါသည်....လိုအပ်ချက်နှင့် တိုက်ဆိုင်မှူရှိသူများ လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ (မဏ္ဍိုင်-နည်းပညာစုစည်းမှူ)
iOS 16 အသုံးပြုနိုင်သော အိုင်ဖုန်းများ
အပေါ်ဆုံးကို အမြန်ရောက်နည်း
အိုင်ဖုန်း ၁၄ မိတ်ဆက်ပွဲကို အမေရိကန် ကယ်လ်ဖိုးနီးယားအချိန် စက်တင်ဘာလ ၇ရက် မနက် ၁၀ နာရီ၊ စလုံးအချိန် စက်တင်ဘာလ ၈ရက် နံက် ၁ နာရီအချိန်တွင် ပြုလုပ်မယ်လို့ အတည်ပြု ကြေငြာသွားပါတယ်၊
iOS 15 နဲ့ နောက်ပိုင်းမှာ အင်တာနက်ဖွင့်စရာမလိုဘဲ Siri ကို Offline အသုံးပြုလို့ရတယ်နော်။ ဒီ Feature လေးကို iPhone XS နဲ့ နောက်ပိုင်း Model တွေမှာပဲ သုံးလို့ရနိုင်မှာပါ။
ကဲနောက်ဆုံးမာတော့Apple ကiOS 16 beta 5 မာတော့status bar မာဘက်ထရီ ရာခိုင်နှုန်းကိုပြတာကိုတော့ထည့်သွင်းခဲ့ပါပီ ချွင်းချက်အနေနဲ့ကတော့iPhone 12/13 mini,11,XRmodelတွေကလွဲပီးios 16တင်လို့ရတဲ့iPhone modelအားလုံးရနိုင်မာပါခင်ဗျာအားလုံးကိုကျေးဇူးပါအဆင်ပြေကျပါစေဗျာ
(၁) သင့် iPhone ကိုကောက်ကိုင်တိုင်း Home Button ကြီးကိုနှိပ်နေတုန်းပဲလား ကောက်ကိုင်လိုက်တာနဲ့ ပွင့်လာအောင်လုပ်ထားလို့ရပါတယ် Settings–Display & Brightness–Raise to Wake ဖွင့်ထားလိုက်မယ်ဆိုရင် ကိုင်လိုက်တာနဲ့ပွင့်လာစေမှာပါ (6s & နောက်ပိုင်း iPhone တွေပဲရမှာပါ)
i phoneကုတ်များသည် သိထားသင့်သော အကြောင်းအရာများဖြစ်သည်။ သို့မှသာ
အသစ်ထွက်ရှိလာတဲ့ iOS 15.4 တွင် စကားလုံးများရိုက်နိုပ်ထားတဲ့ အရာဝတ္ထုတစ်ခုခု သို့မဟုတ် လက်ရေးမူဖြင့်ရေးထားတဲ့ စာရွက်ဖြစ်ေစ ၎င်းကို Scan ဖတ်လိုက်ရုံနဲ့ Note ထဲသို့ အလိုအလျောက် ကူးပေမဲ့ Scan Text ဆိုတဲ့ Feature တစ်ခုကို ထည့်သွင်းပေးလာပါတယ် ထို feature ကို Note App အပြင် Mail ပို့တဲ့ အချိန်မှာပါ အသုံးပြုနိုင်ပါတယ်။ Scan Text feature ကို iPhone အပြင် iPad တွေမှာပါ အသုံးပြုနိုင်ပါတယ်
အများစုသိထားတာက iOS 15.4 မှာ Mask တက်ထားတဲ့ အချိန် Screen Lock ဖွင့်နိုင်တဲ့ Function နဲ့ emoji အသစ်များစွာ ထည့်ထားပေးတယ်လို့ပဲ သိထားတာပါ ဒါကြောင့် Apple မှ Scan Text ဆိုတဲ့ Function ထည့်သွင်းပေးထားကြောင်းကို သူ့ရဲ့ YouTube Channel မှာ တင်ပေးထားပါတယ်။
Note App တွင် Scan Text အသုံးပြုနည်း
(1) Note App ကိုဖွင့်ပါ။ ကင်မရာ ပုံစံ button လေးကို နှိပ်လိုက်ပါ။
(2) Scan Text ဆိုတဲ့ Feature ကို နှိတ်ပေးပါ။
(3)။ မိမိ Scan ဖတ်လိုတဲ့ စာရွက်ကို ချိန်ညှိပေးပါ။ အဆင်ပြေပြီဆိုရင် Insert ကိုနှိတ်လိုက်ပါ။ စာရွက်ထဲက စကားလုံးတွေ Note App ထဲကို Auto ရောက်သွားပါလိမ့်မယ်။
တစ်ခုရှိတာက မြန်မာစကားလုံးတွေတော့ မရသေးပါဘူး ။ အောက်ပါ နိုင်ငံများမှ စကားလုံးတွေပဲ ရပါဦးမယ်။
သူငယ်ချင်းများ၊ မိသားစုနှင့် အဆက်အသွယ်မပြတ် နေထိုင်ခြင်းထက် ပိုအရေးကြီးတာမရှိပါ။ iPhone ဖြင့် မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ရန်၊ အတူတကွ TV ကြည့်ရန်နှင့်သီချင်းနားထောင်ရန် သူငယ်ချင်းများက သင်နှင့်မျှဝေထားသည့် အကြောင်းအရာကို ရှာဖွေနိုင်ရန်နှင့် သင်နှစ်သက်သော အမှတ်တရများကို ပြန်လည်ခံစားနိုင်ရန် လွယ်ကူပါသည်။
သူငယ်ချင်းများ၊ မိသားစုနှင့်မျက်နှာချင်းဆိုင် စကားလက်ဆုံကျဖို့အတွက် အဖွဲ့လိုက် FaceTime ကိုအသုံးပြုပါ။ Group FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုကို စတင်ရန် FaceTime အက်ပ်တွင် ကိုနှိပ်ပြီး အဆက်အသွယ်များကို ထည့်သွင်းပါ။ တစ်ကြိမ်တည်းနှင့် လူများစွာကို မြင်တွေ့ရစေရန်နှင့် စကားပြောနေသည့်လူကို အသားပေးမြင်တွေ့နိုင်စေရန် ဂရစ်မြင်ကွင်းကို သုံးပါ။ ထို့ပြင် ယခုအခါ အဆက်အသွယ်တစ်ဦးတွင် Apple စက်ပစ္စည်းမရှိလျှင် သီးသန့်ဝက်ဘ်လင့်တစ်ခုအသုံးပြု၍ FaceTime ခေါ်ဆိုမှုသို့ ၎င်းတို့ကို ဖိတ်ခေါ်နိုင်ပါသေးသည်။
ထို FaceTime အက်ပ်ရှိ SharePlay ဖြင့်၊ TV ရှိုးများ၊ ရုပ်ရှင်များ၊ နှင့်သီချင်းကို သင်၏ FaceTime ဖုန်းခေါ်ဆိုမှုများသို့ ယူနိုင်သည်။ ချိန်ကိုက်ထားသည့် playback နှင့် မျှဝေထားသည့်ထိန်းချုပ်မှုများသည် ထိုဖုန်းခေါ်ဆိုမှုတွင်ရှိသူအားလုံးသည် တစ်ပြိုင်နက်တည်း ထိုအချိန်ကာလများကိုမြင်ရ ကြားရစေသည်။ ထို့ပြင် သင်သီချင်းနားထောင်နေစဉ်တွင် အားလုံးက မျှဝေထားသည့်တန်းစီစာရင်းတစ်ခုသို့ သီချင်းများကိုထည့်နိုင်သည်။ SharePlay ကိုစတင်ရန်၊ FaceTime ဖုန်းခေါ်ဆိုနေစဉ်အတွင်း ထောက်ပံ့ထားသည့် ဗွီဒီယို သို့မဟုတ် သီချင်း အက်ပ်တစ်ခုကိုဖွင့်ပါ၊ ထို့နောက် အားလုံးနှင့်အတူမျှဝေရန် Play ကိုနှိပ်ပါ။
Messages အတွင်း သူငယ်ချင်းတစ်ဦးက သီချင်းတစ်ပုဒ်၊ ဝက်ဘ်ဆိုက် သို့မဟုတ် ဓာတ်ပုံတစ်ပုံကို သင်နှင့်အတူ မျှဝေထားပါက ထိုအကြောင်းအရာကို Music ၊ Safari သို့မဟုတ် Photos ကဲ့သို့ သက်ဆိုင်ရာအက်ပ်၏ Shared with You ကဏ္ဍ တွင် လွယ်ကူစွာတွေ့ရနိုင်သည်။ Messages သို့ပြန်သွားရန်မလိုဘဲ ထိုအက်ပ်မှပင်လည်း သင့်သူငယ်ချင်းကို တန်း၍စာပြန်နိုင်သည်။
Memories ကိုအသုံးပြု၍ အနှစ်သက်ဆုံးအတွေ့အကြုံများနှင့် သက်ဝင်လှုပ်ရှား၍ နောက်ခံတေးထည့်ထားသော အဓိပ္ပာယ်ရှိသောဓာတ်ပုံစုနှင့် Photos အက်ပ်ထဲရှိသီချင်းကို ပြန်လည်ခံစားပါ။ ပို၍ကိုယ်ရေးကိုယ်တာဆန်သော အမှတ်တရတစ်ခုကို ဖန်တီးရန် သီချင်းသံအတွက် Apple Music မှ အကြံပြုသည့် သီချင်းတစ်ပုဒ်ကို ရွေးပါ သို့မဟုတ် မြင်တွေ့ပုံနှင့်ခံစားမှုကို ပြောင်းလဲရန် Memory mix တစ်ခုကို ရွေးပါ။ ထို့နောက် ထိုအမှတ်တရကို ပြန်လည်သက်ဝင်စေရန် သူငယ်ချင်းများနှင့်မိသားစုကို မျှဝေပါ။ သင်၏ အမှတ်တရများကိုကြည့်ရန် Photos အက်ပ်ကိုဖွင့်၍ For You ကိုနှိပ်ပါ။