Saturday, May 5, 2018

အိုင်ဖုန်း X မှာ ပါတဲ့ Face ID ကို Disable ဘယ်လိုလုပ်မလဲ


အက်ပဲလ်ရဲ့ထုတ် ကုန်အသစ်ဖြစ်တဲ့ iPhone X မှာ အဓိက ကျတဲ့ Face ID စကန်နာကို သုံးစွဲသူတွေအနေနဲ့ မျက်နှာနဲ့စကန်ဖတ်ပြီး လော့ခ် ဖြည်တာကို မလုပ်ချင်ရင် Face ID ကို disable လုပ်နိုင်တဲ့နည်းလမ်းရှိပါတယ်။
သုံးစွဲသူအချို့ကတော့ စောဒကတက်ကြပါတယ်။  အဲဒါကတော့ အရေးပေါ်အခြေအနေအတွက် ခက်ခဲတာမျိုးတွေ၊ မိတ်ကပ်မလိမ်းထားတဲ့ရုပ်နဲ့  အရက်မူးသမားတွေအတွက် ဘယ်လိုလုပ်ဆောင်မှာ လည်းဆိုပြီး လူမှုကွန်ရက်ပေါ်မှာ သရော်ထားတာတွေ တွေ့ရပါတယ်။
Face ID မလုပ်ဆောင်လိုသူတွေ ဖြတ်လမ်းနည်းအနေနဲ့ ပါဝါခလုတ်ကို ငါး ကြိမ်ဖိထားပေးပါ။ အဲသည်မှာ ဆေးဘက် ဆိုင်ရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ အရေးပေါ်ဖုန်း emergency  SOS ဖီးချားဆားဗစ်တွေ ပေါ်လာပါမယ်။  အဲသည်မှာ ပတ်စ်ဝပ်နဲ့ PIN ကို  ရိုက်ပြီး Touch ID ကို ထပ်ပြီး enable လုပ်နိုင်မှာ ဖြစ်ပါတယ်။
အဲသည် power ခလုတ်ကို ငါးကြိမ် ဖိ ထားပြီး တစ်ပြိုင်တည်းမှာပဲ volume ခလုတ်နဲ့ power ခလုတ်ကိုတွဲနှိပ်ပါ။ Emergency screen ပေါ်လာတဲ့အထိ  ဖိထားပြီး disable Face ID ဆိုတာ ပေါ် လာပါလိမ့်မယ်။ အဲသည်မှာ ပတ်စ်ဝပ် ဒါ မှမဟုတ် PIN နံပါတ်ကို ထပ်ရိုက်ထည့်ရ မှာဖြစ်ပါတယ်။ ဖုန်းကို reboot လုပ်ပါ။
မျက်နှာကို စကန်ဖတ်ပြီး လော့ခ်ဖြည် မယ့် Face ID က ဝ့၁ စက္ကန့်ထက် ပိုပြီး အနုစိတ်အောင်ဆင်ဆာဖတ်တာ မြန်လွန်းတာကြောင့် မသမာသူတွေရဲ့ဟက်တာ မျိုးတေါ၊ စနစ်ကို နောက်ယောင်ခံလိုက်ဖို့ လုံးဝမရတာကြောင့် စိတ်ချရတဲ့ စနစ်ဖြစ်တယ်လို့ developer တွေရဲ့အဆိုအရ သိရပါတယ်။
လုံခြုံရေးအရ အွန်လိုင်းငွေချေတဲ့အခါ တကူးတက ပတ်စ်ဝပ် ရိုက်ထည့်စရာ မလိုတဲ့အပြင် မိမိရဲ့မျက်နှာစကန်ဖတ်ရတာ ဖြစ်တာကြောင့် မသမာသူတွေအနေ နဲ့ ကြားခံကနေ ဘယ်နည်းနဲ့မှ ခိုးယူတိုက်ခိုက်လို့မရပါဘူး။ ဝက်ဘ်ဆိုက်နဲ့ အကောင့်ထဲတွေဝင်ရင်လည်း လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရင်က လက်ဗွေရာစနစ်ဖြစ်တဲ့ ID fingerprint sensor ကို ဖယ်ရှားခဲ့ပြီး Face ID လို့ခေါ်တဲ့ နည်းပညာအသစ်ကို အက်ပဲလ်က ပြောင်းလဲထည့်သွင်းလိုက် တာဖြစ်ပါတယ်။ နည်းလမ်းဟာ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရုံနဲ့ unlock လုပ်ပေးမှာဖြစ်ပါတယ်။ မိမိက လွဲပြီး တခြားသူတွေ လော့ခ်ဖြည်လို့ရမှာ မဟုတ်ပါဘူး။
သည် Face ID စနစ်က TrueDepth camera စနစ်ဖြစ်ပေမဲ့ အရေးပါတဲ့အစိတ် အပိုင်းဖြစ်ပါတယ်။ Security feature တွေအတွက် home ကီး မပါတော့တာ ကြောင့် Touch ID အစား Face ID ကို ထည့်သွင်းတာဖြစ်ပါတယ်။
Face ID မှာဆိုရင် မိမိမျက်နှာအနေ အထား၊ မျက်လုံး၊  နှာခေါင်းတွေကို အသေးစိတ် စကန်ဖတ်စစ်ဆေးပြီးမှသာ လော့ခ်ပွင့်စေမှာဖြစ်ပါတယ်။ နောက်ပြီး အက်ပဲလ်ရဲ့အဆိုအရ Face ID က အရင်  Touch ID ထက် ပိုပြီး စိတ်ချရမှာဖြစ် တယ်လို့ ဆိုပါတယ်။
အက်ပဲလ်အနေနဲ့ကတော့ iPhone X မှာ Face ID က လုံခြုံစိတ်အချရဆုံး ဖီးချားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

No comments:

Post a Comment