Monday, May 7, 2018

Jailbreak အတွက် မူရင်း Download Link များ

Jailbreak အတွက် မူရင်း Download Link များ
"Jailbreak လုပ်လို့ရပြီ" လို့ iOS User Group တွေ မှာပြောနေကြတော့ အချို့Jailbreak လုပ်ချင်သော User များ Jailbreak Tools တွေကိုအမေးများလာတာတွေ့ရတယ်။ ဘာနဲ့လုပ်ရမလဲ ဘယ်မှာဒေါင်းရမလဲနဲ့ မေးနေကြတာမကြာမကြာတွေ့ရပါတယ်။ Pangu9 Tiag10 လိုမျိုး အတုအယောင် အလိမ် အညာ Webpage တွေက tools တွေပြကြမေးကြ နေတာလဲတွေ့ရပါတယ်။ Jailbreak လုပ်ခြင်းဟာ ကောင်းကျိုးများစွာပေးတယ်ဆိုသော်ငြားလည်း သတိပြုရမှာက Jailbreak လုပ်ခြင်းဖြင့် iOS System ကို Apple ကထိန်းချုပ်ထားတာတွေ ကိုချိုးဖောက်ပြီး သုံးစွဲသူကို full control ရအောင်လုပ်လိုက်တာပါ။ ဒီတော့ Jailbreak Tools နဲ့အတူ အချို့မသမာသူတွေက သူတို့ ပြန်ပြင်ထားတဲ့ tools တွေနဲ့လုပ်ဖို့ မသိနားမလည်သော User တွေကို လိမ်လည်ပြီးလုပ်စေတတ်တယ်။ ပြန်ပြင်ထားတဲ့ tools (modified jailbreak ipa) တွေကနေ User ရဲ့အချက်အလက်(website password, visa card စသည်) ကိုခိုးယူတာတို့ iCloud ကိုသူတို့ အမည်ပြောင်းပြီးထည့် ပြန်ဖြုတ်ပေးဖို့ ငွေညစ်တာ(Ransonware) တို့ လုပ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ ဒါကြောင့် Jailbreak လုပ်တဲ့အခါ လုံခြုံစိတ်ချရတဲ့ Jailbreak Dev များ၏မူရင်း Website ကပဲယူလုပ်ဖို့တိုက်တွန်းချင်ပါတယ်။Jailbreak အတု Website တွေ ၁၀၀၀ မကရှိတယ်။
10.3 to 10.3.3 Jailbreak အစစ်က H3lix (32bits) G0blib(64 bit Up to 6S/+) Meridian (All 64 bits, Need Cydia/Substrate Update) ၃ ခုပဲရှိပါတယ်။
iOS 11 to 11.1.2 ကတော့ LiberiOS နဲ့ Electra ၂ ခုပဲထွက်ပါသေးတယ်။ Saurik ကတော့ jailbreakd မပါတဲ့ Jailbreak Tool (အကောင်းဆုံးဖြစ်ပါလိမ့်မယ်)ကို Cydia/Substrate Update လုပ်ပြီးတဲ့အခါချပြမယ်ပြောတယ်။ iOS 11 Jailbreak Tool ၃ ခုရှိမယ့်သဘောပါ။ အခုလက်ရှိ Jailbreak ရနေတဲ့ဟာတွေ beta တွေကို မူရင်း Developer Wesite များမှ Link တွေကိုအောက်မှာပေးထားပါတယ်။ သူတို့ဆီက file တွေ Download လုပ်မယ်ဆိုရင်တောင် File SHA1 ပေးထားရင် စစ်လို့ရရင်စစ်ပြီးမှ သုံးတာအကောင်းဆုံးပါပဲ။ အောက်ဖော်ပြပါ Link များကလွဲပြီး အခြားကနေ ယူမလုပ်ကြပါရန်အထူးသတိပေးလိုပါတယ်။ အခုပေးထားတဲ့ ဟာတွေတောင်အများစုက Beta ပဲရှိပါသေးတယ်။ Final Stable Version ထွက်အောင်စောင့်ပြီးမှ လုပ်ရန်တိုက်တွန်းလိုပါတယ်။ (အတုအယောင်တွေ Modded Tools တွေမသုံးမိစေရန်ကြိုတင်ဖော်ပြရခြင်းဖြစ်ပါ၏)
iOS 10
Meridian
https://meridian.sparkes.zone
G0blin
https://g0blin.sticktron.net
H3lix
https://h3lix.tihmstar.net
iOS 11
LiberiOS
http://newosxbook.com/liberios/
Electra
https://coolstar.org/electra/

No comments:

Post a Comment