Friday, May 4, 2018

အလွယ်ကူဆုံး Apple ID ဖွင့်နည်း

အလွယ်ကူဆုံး Apple ID ဖွင့်နည်း 😎
==============
Apple ID တစ်ခုလုပ်တာ ဒီလောက်လွယ်သလားလို့မေးရလောက်အောင်ကို အရမ်းလွယ်ကူတဲ့နည်းလမ်းလေးပါခင်ဗျာ ...
iPhone အသုံးပြုသူတိုင်း Apple ID account တစ်ခုကို အလွယ်ကူဆုံးနည်းလမ်းနဲ့ပြုလုပ်နိုင်ပါတယ် ..
တခြားသော Apple ID ဖွင့်နည်းများထက် ဘာလို့ဒီလောက် လွယ်ကူနေရတာလဲလို့မေးရင် .. e-mail အရံသင့်ရှိနေဖို့မလိုပါဘူး … Address တွေရှိနေဖို့မလိုပါဘူး … သင့်ရဲ့ iPhone ပေါ်ကနေပဲ အလွယ်တကူဖွင့်နိုင်တဲ့ တကယ့်ကို လွယ်ကူလွန်းတဲ့နည်းလမ်းလေးမို့ မိတ်ဆွေများကို မျှဝေလိုက်ရတာပါ ..
အောက်ဖော်ပြပါ အဆင့်များအတိုင်း တဆင့်ခြင်းအဆင့်ဆင့်လုပ်ဆောင်သွားပေးပါ ..
အထူးသတိပေးလိုတာကတော့ User name , Password , Date of Birth , Email(iCloud email) , Questions and Answers များကို သေချာမှတ်သားထားပါ။ iPhone အသုံးပြုသူများအတွက် Apple ID ဟာ အထူး အထူးကိုအရေးကြီးပါတယ်။
(***) ပြထားတာတွေကို စာရွက်လွတ်တစ်ရွက်ပေါ်မှာ သေချာရေးမှတ်ထားပါ။
၁) Setting > Mail ကိုသွားပြီး Add Account ကိုနှိပ်ပါ။
၂) iCloud ကိုနှိပ်ပါ။
၃) Create new Apple ID ကိုနှိပ်ပါ။
၎) Date of Birth ထည့်ပါ။ ***
၅) First Name , Last Name ထည့်ပါ။
၆) Get a free iCloud email address ကိုနှိပ်ပါ။
၇) iCloud email တစ်ခုပြုလုပ်ဖို့အတွက် name တစ်ခုရယူပါ။ ထပ်တူမရှိမှဖြစ်ပါမယ် … အတူရှိနေရင် နောက်ထပ်တစ်ခု ထပ်မံတောင်းခံပါ။ ***
၈) Password ပေးပါ။ (***)
၉) Questions & Answers သုံးခုကို ပြုလုပ်ပေးပါ။ (***)
၁၀) Agree ကိုနှိပ်ပါ။ Verifying ပြုလုပ်နေတာကို ခေတ္တစောင့်ဆိုင်းပါ။ ပေါ်လာတဲ့ box မှာ OK ကိုနှိပ်ပေးပြီး ထို့နောက်ဆက်လက်၍ Save ကိုနှိပ်ပါ။
ဒီ (၁၀) ဆင့်ပြီးရင်တော့ Apple ID account တစ်ခုတော့ ရပါပြီ။ ဆက်လက်ပြီးဆောင်ရွက်ရမှာကတော့ Application တွေ download ဆွဲနိုင်ဖို့ လုပ်ဆောင်ရပါအုံးမယ် …
အောက်ဖော်ပြပါအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားပါ။
၁) App Store ကိုနှိပ်ပါ။
၂) Search box မှတဆင့် free apps တစ်ခုရှာပါ .. GET >> Install တို့ကို နှိပ်ပါ။
၃) Use Existing Apple ID ကိုနှိပ်ပြီး ခုနကဖွင့်ထားသော သင့်ရဲ့ Apple ID နှင့် Password တို့ကို ထည့်သွင်းပေးပါ။ သင်ဖွင့်ထားသော iCloud email သည် Apple ID account ၏ user name ဖြစ်ပါသည်။
၎) Review ပြုလုပ်ပေးပါ။ Review လုပ်တဲ့အဆင့်များဟာ အရေးကြီးပါတယ်။
၅) Agree to Terms and Conditions ကို On ပေးပါ။ ထို့နောက် Next ကိုသွားပါ။
၆) Title , First Name , Last Name များကို ဖြည့်စွက်ပါ။
၇) Payment နေရာမှာ None ကိုရွေးပါ။ Street ပထမအကွက်မှာ ထည့်ချင်တဲ့ ဂဏန်း(၄)လုံးကိုထည့်ပါ။ Street ဒုတိယအကွက်မှာ လမ်းနာမည် အမည်တစ်ခုခုရိုက်ထည့်ပါ။ City နေရာမှာလည်း သင့်တော်ရာအမည်တစ်ခုခုထည့်သွင်းပါ။ State နေရာမှာလည်း တစ်ခုခုကို ရွေးချယ်ပါ။ အရေးကြီးတဲ့နေရာကတော့ Zip နေရာမှာ ဂဏန်း (၅) လုံး ထည့်ပါ။ Phone နေရာမှာ .. ရှေ့အကွက် ဂဏာန်း (၃)လုံး ၊ နောက်အကွက်နေရာမှာ ဂဏန်း (၇)လုံးထည့်ပါ။ ဒါဆိုရင်တော့ အချက်အလက်တွေ အားလုံးဖြည့်စွက်ပြီးပါပြီ။
၈) အားလုံးပြီးပြီမို့ Next ကိုနှိပ်ပါ။ Containue ကိုနှိပ်ပါ။
Review ပြုလုပ်ခြင်း အစီအစဉ်အားလုံးပြီးဆုံးပါပြီ။ App Store ကိုသွားပြီး Application တွေအားလုံးကိုလည်း စိတ်ကြိုက်ထည့်သွင်းနိုင်ပါပြီ။ Application ပဲ Download ဆွဲဆွဲ .. iCloud ပဲသုံးသုံး .. Find my iPhone ပဲသုံးသုံး လိုရာသုံးဖို့ Apple ID Account တစ်ခုဖွင့်လှစ်ခြင်း အောင်မြင်စွာပြီးဆုံးပါပြီဗျာ …
ရွှင်လန်းချမ်းမြေ့ကြပါစေ ..

No comments:

Post a Comment