Monday, May 7, 2018

iPhone X အကြောင်း သိထားသင့်တဲ့ အချက် (၁၅) ချက်

iPhone X အကြောင်း သိထားသင့်တဲ့ အချက် (၁၅) ချက်
စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ Apple က iPhone 8, 8 Plus, Apple TV သစ်နဲ့ Apple Watch သစ်တို့အပြင် iPhone X လို့ခေါ်တဲ့ အရည်အသွေးမြင့် device တစ်ခုကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ iPhone X ကို iPhone 10 လို့ အသံထွက်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ face-scanning ကင်မရာသစ်နဲ့ Home ခလုတ်ကို ဖယ်ရှားထားတဲ့ edge-to-edge display တို့ပါဝင်တဲ့ ဒီ iPhone X ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကမိတ်ဆက်ခဲ့တဲ့ original iPhone နောက်ပိုင်း အကြီးမားဆုံး ပြောင်းလဲမှုဖြစ်တယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
Edge-to-edge OLED display

iPhone X မှာ ၅.၈ လက်မ edge-to-edge OLED display ပါဝင်ပါတယ်။ Home ခလုတ်ကို ဖယ်ရှားထားပြီး ဖုန်းကိုနှိုးလိုတဲ့အခါ screen ကို tap လုပ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ Home ကို သွားမယ်ဆိုရင်တော့ screen အောက်ဘက်ကနေ အပေါ်ကို swipe လုပ်ရမှာဖြစ်ပါတယ်။
အလွန်ပါးလွှာတဲ့ bezel များ

Super Retina display က 2,436 x 1,125 pixel resolution နဲ့ ဖော်ပြပေးနိုင်ပါတယ်။ Pixel သိပ်သည်းဆက 458ppi ဖြစ်ပါတယ်။
အပေါ်အောက် ဆင့်ထားတဲ့ ကင်မရာများ

iPhone X ရဲ့ ကျောဘက်မှာ 12-megapixel ကင်မရာနှစ်ခုကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ဒီကင်မရာတွေဟာ portrait ရိုက်ချက်တွေကို အလင်းချိန်ညှိပေးမယ့် tool တွေနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။
Selfie အတွက် ကင်မရာ

iPhone X မှာ အရှေ့ဘက်ကင်မရာကိုလည်း အဆင့်မြှင့်ထားပါတယ်။ အရှေ့ဘက်ကင်မရာနဲ့အတူ light sensor, proximity sensor, infrared camera နဲ့ ဖုန်းကို unlock လုပ်ဖို့အတွက် dot projector တို့ပါဝင်ပါတယ်။
Portrait Mode နဲ့ selfie ရိုက်နိုင်

အခုအခါမှာ selfie ဓာတ်ပုံတွေကို bokeh ပုံစံ background တွေနဲ့ ရိုက်ကူးနိုင်ပါပြီ။ လူမှုရေးမီဒီယာ platform အတွက် ပိုကောင်းတဲ့ မျက်နှာပုံစံပြောင်းလဲမှုတွေကို ပြုလုပ်နိုင်ဖို့အတွက် Snapchat နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
အရည်အသွေးမြင့် material များ

iPhone X ရဲ့အထူက ၇.၇ မီလီမီတာဖြစ်ပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်နဲ့ ကျောဘက်က မှန်တွေကို stainless-steel နဲ့ အနားကွပ်ထားပါတယ်။
ရေကူးကန်ထဲ သယ်ဆောင်သွားနိုင်

iPhone X ဟာ IP67 အဆင့် ရေစိုခံနိုင်တာကြောင့် ရေအောက်ထဲမှာ သယ်ဆောင်အသုံးပြုနိုင်ပါတယ်။
မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်

ဒီဖုန်းကို 64GB နဲ့ 256GB ဆိုပြီး storage option နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။
နားကြပ်ပေါက် မပါဝင်

ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone လိုပဲ iPhone X မှာ နားကြပ်ပေါက်မပါဝင်ပါဘူး။ ဒါပေမဲ့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာပါတယ်။
ပိုကောင်းလာတဲ့ ဘက်ထရီသက်တမ်း

iPhone X ဟာ iPhone 7 ထက် ဘက်ထရီ နှစ်နာရီပိုမိုတာရှည်ခံတယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
Face ID

iPhone X ဟာ အရှေ့ဘက်ကင်မရာနဲ့အတူ သုံးစွဲသူရဲ့မျက်နှာကို မှတ်ထားပြီး ဖုန်းကို unlock လုပ်တဲ့အခါ ဒါမှမဟုတ် Apple Pay နဲ့ ဝယ်ယူမှုပြုလုပ်တဲ့အခါ သုံးစွဲသူ ဟုတ်၊ မဟုတ် ခွဲခြားပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ Touch ID ထက် ပိုမိုလုံခြုံမှုရှိတယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
ငွေရောင်၊ မီးခိုးရောင်နဲ့သာ ရရှိနိုင်

iPhone X ကို ငွေနဲ့ မီးခိုးဆိုပြီး အရောင်နှစ်မျိုးနဲ့သာ ရရှိနိုင်ပါတယ်။ ဒါဟာ rose gold ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။
A11 processor အသုံးပြုထားခြင်း

iPhone X မှာ Apple ရဲ့ A11 Bionic processor ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ ကင်မရာကလည်း slow-motion ဗီဒီယိုကို 1080p 240fps နဲ့ ရိုက်ကူးနိုင်ပါတယ်။
iOS 11 အသုံးပြုထားခြင်း

ဒီ iPhone သစ်မှာ animated emoji များ၊ အနည်းငယ်ဆန်းသစ်ထားတဲ့ interface နဲ့ AR လုပ်ဆောင်ချက်တွေပါဝင်တဲ့ iOS 11 ကို အသုံးပြုထားပါတယ်။
ဈေနှုန်းမြင့်မားခြင်း

iPhone X ဟာ Apple ရဲ့ ဈေးအကြီးဆုံး iPhone ဖြစ်ပါတယ်။ တန်ဖိုးက 64GB အတွက် ၉၉၉ ဒေါ်လာဖြစ်ပြီး 256GB အတွက် ၁,၁၄၉ ဒေါ်လာဖြစ်ပါတယ်။

1 comment: