Tuesday, May 8, 2018

Download အကြိမ်ရေအများဆုံး ထိပ်တန်း iPhone app (၁၀) ခု

Download အကြိမ်ရေအများဆုံး ထိပ်တန်း iPhone app (၁၀) ခု

[ Zawgyi ]
Facebook ဟာ iPhone app ကမ္ဘာမှာ ဆက်လက်ကြီးစိုးနေဆဲဖြစ်ပေမယ့် တရုတ် app တွေက လိုက်မီလာနေပြီဖြစ်ပါတယ်။
Facebook ပိုင်ဆိုင်တဲ့ WhatsApp, Messenger နဲ့ Instagram app တွေဟာ ၂၀၁၈ ပထမသုံးလပတ်မှာ ကမ္ဘာတစ်ဝန်းက download အများဆုံးပြုလုပ်တဲ့ iPhone app တွေထဲမှာ ပါဝင်တယ်လို့ app intelligence အဖွဲ့ Sensor Tower က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ Tik Tok လို့ခေါ်တဲ့ တရုတ် music video app ကို download ပြုလုပ်တဲ့အရေအတွက်ဟာ ပြီးခဲ့တဲ့သုံးလအတွင်း ၄၅ သန်းကျော်ရှိခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Tencent နဲ့ Baidu တို့လို တရုတ် app တွေကလည်း app လောကမှာ Facebook ရဲ့ကြီးစိုးမှုကို တဖြည်းဖြည်းချင်း လိုက်မီလာနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သုံးလပတ်အတွင်း download အကြိမ်ရေအများဆုံး ထိပ်တန်း iPhone app (၁၀) ခုက အောက်ပါအတိုင်းဖြစ်ပါတယ်။
10. Google Maps

Google ရဲ့ မြေပုံ app ဟာ App Store ရဲ့ ထိပ်တန်း app (၁၀) ခုစာရင်းမှာ ပါဝင်ပါတယ်။ ဒီနှစ်ရဲ့ ပထမ သုံးလမှာ Google Maps ကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ iPhone တွေကနေ အကြိမ် ၂၂.၄ သန်းအထိ download လုပ်ခဲ့ကြပါတယ်။
9. iQiyi

တရုတ် အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ Baidu ရဲ့ iQiyi ဟာ YouTube ပုံစံ video streaming app တစ်ခု ဖြစ်ပါတယ်။ iQiyi ကို သုံးစွဲသူ ၄၈၁ သန်းရှိပြီး လစဉ် နာရီပေါင်း ၅.၆ ဘီလျံခန့် သုံးစွဲကြတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ပထမသုံးလပတ်မှာ iQiyi ကို download လုပ်တဲ့အကြိမ် ၂၂.၆ သန်းရှိခဲ့ပါတယ်။
8. QQ

QQ ကတော့ တရုတ်နည်းပညာကုမ္ပဏီကြီး Tencent က ဖန်တီးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ ဒီ app ဟာ Facebook Messenger ပုံစံ instant messaging နဲ့အတူ အွန်လိုင်းဂိမ်းတွေ၊ သီချင်းနဲ့ ဈေးဝယ်တာတွေကို ထောက်ပံ့ပေးထားပါတယ်။
QQ ကို download လုပ်တဲ့အကြိမ်က ၂၀၁၈ ပထမသုံးလပတ်အတွင်း ၂၂.၆ သန်း ရှိခဲ့ပါတယ်။
7. WeChat

Tencent ရဲ့ WeChat app ဟာလည်း ပြီးခဲ့တဲ့သုံးလပတ်က download ပြုလုပ်မှုအများဆုံး app တွေထဲမှာ ပါဝင်ခဲ့ပြီး download အကြိမ် ၂၈.၉ သန်းရှိခဲ့ပါတယ်။
WeChat ဟာ messaging, social media နဲ့ mobile payment တွေကို လုပ်ဆောင်နိုင်ပါတယ်။ ၂၀၁၈ မတ်လမှာ WeChat active user အရေအတွက် ၁ ဘီလျံကျော်ရှိခဲ့ပါတယ်။
6. Facebook

၂၀၁၈ ခုနှစ်မှာ စိတ်ရှုပ်စရာတွေအများကြီး ဖြစ်ပေါ်ခဲ့ပေမယ့်လည်း Facebook က ထိပ်တန်း iPhone app တစ်ခုအနေနဲ့ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒီ app ကို ပထမသုံးလပတ်အတွင်း ၂၉.၄ သန်းအထိ download လုပ်ခဲ့ကြပါတယ်။
5. Instagram

Instagram ဟာလည်း နာမည်ကျော် app တစ်ခုဖြစ်ပါတယ်။ ဒီ app ဟာ App Store မှာ ဒုတိယမြောက် အကျော်ကြားဆုံး အခမဲ့ app ဖြစ်ပြီး ပထမသုံးလပတ်အတွင်း အကြိမ် ၃၁ သန်း download လုပ်ခဲ့ကြပါတယ်။
4. Messenger

Facebook ရဲ့ Messenger app ကတော့ App Store မှာ တတိယမြောက် နာမည်ကျော် အခမဲ့ app ဖြစ်ပါတယ်။ ဒီ app ကို ၂၀၁၈ ပထမသုံးလပတ်အတွင်း အကြိမ်ရေ ၃၁.၃ သန်း download လုပ်ခဲ့ပါတယ်။
3. WhatsApp

၂၀၁၄ ခုနှစ်မှာ Facebook က ဝယ်ယူခဲ့တဲ့ WhatsApp encrypted messaging service ကို လစဉ်သုံးစွဲသူ ၁.၅ ဘီလျံရှိပါတယ်။ ပြီးခဲ့တဲ့ သုံးလပတ်မှာ ဒီ app ကို download လုပ်ခဲ့တဲ့ အကြိမ်ရေ ၃၃.၈ သန်း ရှိခဲ့ပါတယ်။
2. YouTube

Google ပိုင်ဆိုင်တဲ့ YouTube video platform ကို ပထမသုံးလပတ်အတွင်း ၃၅.၃ သန်း download လုပ်ခဲ့ကြပါတယ်။
1. Tik Tok

တရုတ်နိုင်ငံမှာ Douyin ဆိုပြီး လူသိများတဲ့ Tik Tok ဟာ music video နဲ့ social media app တစ်ခု ဖြစ်ပါတယ်။ ဒီ app ဟာ ဗီဒီယိုအပိုင်းတိုတွေကို ရိုက်ပြီး သီချင်းတွေနဲ့ special effect တွေကို ထည့်သွင်းစေနိုင်ပါတယ်။ Tik Tok ကို ပြီးခဲ့တဲ့နှစ်က Musical.ly social video app ကို ဒေါ်လာ ၁ ဘီလျံနဲ့ ဝယ်ယူခဲ့တဲ့ တရုတ်မီဒီယာကုမ္ပဏီ Bytedance က ပိုင်ဆိုင်ပါတယ်။
Sensor Tower ရဲ့အဆိုအရ Tik Tok ကို ၂၀၁၈ ပထမသုံးလပတ်အတွင်း အကြိမ်ရေ ၄၅.၈ သန်း download လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

No comments:

Post a Comment