Saturday, May 12, 2018

How to Enable or Disable Two-Factor Authentication on iOS 11?

How to Enable or Disable Two-Factor Authentication on iOS 11?


iDevice Users တွေသိသင့်မယ်ထင်လို့မျှဝေပေးလိုက်ပါရစေ။ iOS 11 မှာစပြီး Two-Factor Authentication လို့ခေါ်တဲ့ Apple ID ကိုလုံခြုံစေ ရန်ဖုန်းနံပါတ်ဖြင့် Verification ပြုလုပ်ပေးရတဲ့ Feature လေးပဲဖြစ်ပါတယ်။ တချို့ User တွေက မိမိရဲ့ Apple ID ကိုအခြားသူယူသုံးမှာစိုးရိမ်ကြရင်ဖြင့် ဒီ feature လေးကိုသုံးနိုင်ပါတယ်။ မိမိ Apple ID မှာ မိမိဖုန်းဖြင့် Two-Factor ခံထားရင် Apple ID ဝင်တာနဲ့ မိမိဖုန်းကို Verification code ပို့ပေးမှာဖြစ်ပြီး ၎င်း code ဖြင့်ဝင်ရောက်ရမှာဖြစ်ပါတယ်။ ဒီ feature လေးကိုကြိုက်တဲ့သူရှိသလိုမကြိုက်တဲ့သူလည်းရှိပါတယ်။ ကြိုက်တဲ့သူတွေကဘယ်လိုလုပ်နိုင်မလဲကြည့်ကြရအောင်။

Enable Two-Factor Authentication

၁) Setting > iCloud ထဲဝင်ပါ။



 ၂) iCloud ထဲက Password & Secutiry ထဲဝင်ပါ။



 ၃) ပြီးပါက Turn On Two-Factor Authentication ကို On ပါ။



 ၄) ပြီးပါက ပေါ်လာတဲ့နေရာမှာ continue ဆက်တိုက်လုပ်ပေးလိုက်ပါက two-factor ကို on ပြီးပြီဖြစ်ပါတယ်။


Disable Two-Factor Authentication

၁) အောက်ပါလင့်ကိုဝင်ပြီးမိမိ Apple ID ကို verification code ထည့်ပြီးဝင်ပါ။

Apple ID ဝင်ရန်လင့်

 ၂) security ထဲဝင်ပါ။


 ၃) security section အောက်ဆုံးတွင် Two-Factor Authentication တွင် Turn Off Two-Factor Authentication ဆိုတာနှိပ်ပါ။



 ၄) Continue ဆိုတာနှိပ်ပြီး security question များကိုဖြည့်ပေးပြီး Next နှိပ်ပါ။

 

 ၅) Birthday နှင့် Email နေရာတွင် Next နှိပ်ပြီး Done လုပ်ပေးပါက Two-Factor Turn Off ပြီးပြီဖြစ်ပါတယ်။




 ဒီနည်းလေးက မိမိ Apple ID ရဲ့ Security နဲ့ Trusted phone ကိုသိပါမှပြုလုပ်နိုင်မှာဖြစ်ပါတယ်။

 အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။

No comments:

Post a Comment