Thursday, May 3, 2018

ios 11.3

iOS 11.3, watchOS 4.3 နဲ့ tvOS 11.3 တို့ကို Apple ဖြန့်ချိ

[ Zawgyi ]
Apple ဟာ iOS 11.3, watchOS 4.3 နဲ့ tvOS 11.3 တို့ကို တွဲဖက်အသုံးပြုနိုင်တဲ့ iDevice ကိုင်ဆောင်သူအားလုံးအတွက် ဖြန့်ချိပေးလိုက်ပါတယ်။

iOS 11.3
Apple ဟာ iOS 11.3 အတွက် beta build အနည်းငယ်ဖြန့်ချိခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ဖိုင်နယ်ဗားရှင်းကို ဖြန့်ချိပေးလိုက်ပြီဖြစ်ပါတယ်။
Apple အနေနဲ့ iPhone ရဲ့ စွမ်းဆောင်ရည်ကိုလျှော့ချတဲ့ အရှုပ်တော်ပုံဖြစ်ပွားပြီးတဲ့နောက် ကတိပေးခဲ့တဲ့အတိုင်း iOS 11.3 မှာ Battery Health tool ကို ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီ tool ဟာ ဖုန်းဘက်ထရီက လိုအပ်တဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို မထောက်ပံ့ပေးနိုင်တဲ့အခါ ဖုန်းက မမျှော်လင့်ဘဲ shutdown ဖြစ်ပွားနိုင်မှု ရှိ၊ မရှိကို ဖော်ပြပေးနိုင်ပါတယ်။
အဲ့ဒီလိုအဖြစ်အပျက် ဖြစ်ပွားတဲ့အခါ “performance management” က အဆိုပါဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားဖို့အတွက် ကာကွယ်ပေးမှာဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့ အရဲစွန့်ပြီးသုံးချင်တယ်ဆိုရင် performance management ကို disable လုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် ဒီ tool ဟာ ဖုန်းဘက်ထရီကို လဲလှယ်သင့်တဲ့အချိန်မှာလည်း သတိပေးသွားမှာဖြစ်ပါတယ်။
ARKit 1.5 ကလည်း iOS 11.3 မှာ ပါဝင်လာသလို lion, bear, dragon နဲ့ skull ဆိုတဲ့ Animoji သစ် လေးခုကိုလည်း ထောက်ပံ့ပေးထားပါတယ်။

iOS 11.3 ကို iPhone 5s နဲ့အထက် ထုတ်ကုန်များ၊ iPad Air နဲ့အထက် ထုတ်ကုန်များ၊ iPad mini 2 နဲ့အထက် ထုတ်ကုန်များနဲ့ 6th generation iPod touch တို့မှာ အသုံးပြုနိုင်ပါတယ်။
watchOS 4.3
Apple Watch အတွက် watchOS 4.3 ကိုလည်း Apple က ဖြန့်ချိပေးခဲ့ပါတယ်။ watchOS 4.3 မှာ Nightstand mode အတွက် စမတ်နာရီကို ဒေါင်လိုက်အနေအထားနဲ့ သုံးနိုင်မယ့် အထောက်အပံ့ ပါဝင်လာပါတယ်။
iPhone ပေါ်မှာဖွင့်ထားတဲ့ သီချင်းတွေကိုလည်း စမတ်နာရီကနေ ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် Apple ရဲ့ HomePod ပေါ်မှာ သီချင်းဖွင့်တာ၊ ပိတ်တာနဲ့ အသံအတိုးအကျယ်လုပ်တာတွေကိုလည်း စမတ်နာရီကနေ ပြုလုပ်နိုင်ပါတယ်။ Charging animation သစ်နဲ့ app loading animation သစ်တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။
tvOS 11.3
tvOS 11.3 မှာ 4th gen Apple TV ပေါ်မှာ auto frame rate ပြောင်းလဲတာနဲ့ AirPlay video session တွေအတွက် automatic mode ပြောင်းလဲတာတွေ ပါဝင်လာပါတယ်။ ဒါ့အပြင် Match Content အတွက် အဆင့်မြှင့်တင်မှုတွေလည်း ပါဝင်လာပါတယ်။ ဒီ update ကို 4th နဲ့ 5th generationg Apple TV တွေမှာ ရရှိနိုင်ပါတယ်။

No comments:

Post a Comment