Friday, May 4, 2018

Apple iPhone X တွင် ပါဝင်သည့် ပထမဆုံးများ

Apple iPhone X တွင် ပါဝင်သည့် ပထမဆုံးများ


အော်ရီဂျင်နယ် Apple iPhone က စမတ်ဖုန်းလောကရဲ့ စွန့်ဦးတီထွင်သူ ဖြစ်ပါတယ်။ စမတ်ဖုန်းလောကရဲ့ဦးဆောင်သူဖြစ်ပြီး အခြားကုမ္ပဏီများက သူတို့ကို အတုယူ လုပ်ဆောင်ခဲ့ပါတယ်။ အခု အော်ရီဂျင်နယ် iPhone ထုတ်လုပ်ပြီး ဆယ်နှစ်အကြာမှာ ဆယ်နှစ်ပြည့် အထူးထုတ်အနေဖြင့် iPhone X ကို ထုတ်လုပ်လာပါတယ်။ iPhone X က ဆယ်နှစ်ပြည့် အထူးစပါယ်ရှယ်ဖုန်းပီပီ အသစ်အဆန်း နည်းပညာများ၊ စနစ်များ ပါဝင်လာပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ထွက်ခဲ့တဲ့ အော်ရီဂျင်နယ် iPhone က စမတ်ဖုန်းသမိုင်းကို အကြီးအကျယ်ကို အပြောင်းအလဲကြီး ပြောင်းလဲစေခဲ့တဲ့ဖုန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Apple ဟာ အော်ရီဂျင်နယ် iPhone မှာ စမတ်ဖုန်းသမိုင်းရဲ့ပထမဆုံးစနစ်ဆိုတာတွေ အမြောက်အမြားထည့်သွင်းခဲ့တာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ယခု ထွက်လာတဲ့ iPhone X မှာ ဆန်းသစ်စနစ်မှာလည်း စမတ်ဖုန်းလောကရဲ့ပထမဆုံးတွေ ပါဝင်လာပါတယ်။

၁။ Face lD
မျက်နှာစကင်စနစ်က အထူးအဆန်းစနစ်တော့ မဟုတ်ပါဘူး။ Samsung က သူတို့ရဲ့အဆင့်မြင့် စမတ်ဖုန်းတွေမှာ တွင်ကျင်စွာ ထည့်သွင်းထားနေတဲ့ နည်းပညာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ Apple ကလည်း သူတို့ရဲ့ မျက်နှာစကင်ကို အကောင်းဆုံးဖြစ်အောင် ဆန်းသစ်တီထွင်မှု ပြုလုပ်ပါတယ်။ ဟုတ်ပါတယ်။ Apple ရဲ့ Face lD မှာ သင့်မျက်နှာကို ရာနှုန်းပြည့် တိကျမှန်ကန်စွာ ဖတ်နိုင်အောင် 3D စနစ် အသုံးပြုထားပါတယ်။ Apple ရဲ့ Face lD က သင် မျက်မှန်မတတ်ထားချိန်၊ နူတ်ခမ်းမွှေးရှည်နေချိန်၊ ဦးထုပ် ဆောင်းထားချိန်မှာလည်း တိကျမှန်ကန်စွာ ဖတ်ပေးနိုင်စွမ်း ရှိပါတယ်။

၂ ။ True Tone Display
True Tone ကို Apple ရဲ့ iPad မှာ ပထမဆုံး အသုံးပြုခဲ့ပါတယ်။ ဒီရုပ်ထွက်နည်းပညာက သင်ရောက်နေတဲ့ နေရာကို စကင်ဖတ်ပြီး သင့်တော်တဲ့ အရောင်ရုပ်ထွက်ကို ပေးစွမ်း ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ iPhone X ကို ဘယ်နေရာမျိုးမှာပဲ ကြည့်ပါစေ ကောင်းမွန်စွာ ကြည့်ရှုနိုင်ပါမယ်။ ဒီနည်းပညာကို iPhone 8 မှာလည်း အသုံးပြုထားပါတယ်။

၃။ 4K@60fps
Apple iPhone က 4K ရိုက်ကူးနိုင်တဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ iPhone 6s မှာ ပထမဆုံး ပါဝင်တာ ဖြစ်ပါတယ်။ 4K ကို တည်ငြိမ်စွာ ရိုက်ကူးနိုင်အောင် ပထမဆုံး လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ iPhone X မှာလည်း ပထမဆုံး ဗီဒီယို ရိုက်ကူးမှု နည်းပညာ ပါဝင်လာပါတယ်။ 4K ဗီဒီယိုရိုက်ကူးမှုကို 60fps ဖြင့် ပြုလုပ်နိုင်ပါမယ်။ အထူးသဖြင့် Slow Motion ရိုက်ကူးတဲ့အခါ ပိုပြီးတော့ သိသာပါတယ်။

၎။ Slow Motion ကို 1080p@240fps
သင့်အနေနဲ့ Slow Motion ကို 1080p@240fps ဖြင့် ရိုက်ကူးနိုင်ပါမယ်။ ယခင် iPhone 7 မှာတုန်းက 1080p@120fps ဖြင့်ပဲ ရိုက်ကူးနိုင်ခဲ့ပါတယ်။ iPhone X က 1080p@240fps ဖြင့် ရိုက်ကူးနိုင်တဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ အလွန်နှေးကွေးပြီး ကြည်လင်ပြတ်သားတဲ့ အနှေးဗီဒီယိုများ ရိုက်ကူးနိုင်ပါတယ်။

၅။ Portrait Lighting
Apple ဟာ Portrait Lighting နှင့် တစ်ကမ္ဘာလုံးကို အံ့သြမင်သက်သွားစေခဲ့ပါတယ်။ Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Portrait Mode ကို သုံးခဲ့ပြီးတဲ့နောက် ယခုနှစ်မှာ Bokeh စနစ်မပါဝင်ဘဲ ဓာတ်ပုံကို အကောင်းဆုံးအလင်းရောင်ပေးစွမ်းမယ့် စနစ်တစ်ခုကို ထည့်သွင်းလာတာ ဖြစ်ပါတယ်။ ဒီစနစ်က အင်မတန် ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံဖြစ်လာအောင် အကြီးမားဆုံး အထောက်အပံ့ဖြစ်ပါတယ်။
၆။ Animoji
iPhone X မှာ ရယ်စရာစနစ်ကလေး တစ်ခု ပါဝင်ပါတယ်။ Animoji ဖြစ်ပါတယ်။ Apple Messenger အတွက် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ရှေ့ကင်မရာရဲ့ True Depth က သင့်မျက်နှာရဲ့ ကြွက်သား ၅၀ ခုတို့ရဲ့ လှုပ်ရှားမှုကို ဖတ်ပြီး သင့်မျက်နှာအမူအရာအတိုင်း ရယ်စရာကောင်းတဲ့ တိရိစ္ထာန်ပုံလေးတွေ ဖန်တီးပေးပါမယ်။

၇။ True Depth Selfie Camera
True Depth Selfie Camera ကလည်း စမတ်ဖုန်းသမိုင်းမှာ ပထမဆုံး ပါဝင်လာတဲ့စနစ် တစ်ခု ဖြစ်ပါတယ်။ 7MP ပဲ ရှိပါတယ်။ ဒါပေမယ့် အင်မတန် ဆွဲဆောင်မှုရှိတဲ့ Selfie ဓာတ်ပုံများ ရိုက်ကူးပေးနိုင်စွမ်း ရှိပါတယ်။ နောက်ခံဝါးထားတဲ့ Selfie များ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

၈။ Slow Sync ပါဝင်တဲ့ Quad-LED True Tone Flash
ကျွန်တော်တို့ဟာ iPhone 7 မှာ Quad LED True Tone Flash ကို မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် iPhone X မှာက Quad-LED True Tone Flash မှာ Slow Sync ပါဝင်ပါတယ်။ Slow Shutter Speed သုံးထားတာ ဖြစ်ပါတယ်။ အလင်းရောင်နည်းပါးချိန်မှာ ရှေ့က ပစ္စည်းကို အလင်းရောင်ကောင်းကောင်းနဲ့ ရိုက်ပြီး နောက်ခံကို အနည်းငယ်မှောင်ထားစေချင်တဲ့အခါမျိုးမှာ အင်မတန် အသုံးဝင်ပါတယ်။ ဒါ့အပြင် Quad-LED True Tone Flash ကလည်း သင့်ကို ဓာတ်ပုံကောင်း ရိုက်နိုင်အောင် များစွာ ထောက်ပံ့ပါသေးတယ်။

၉။ Apple A11 Bionic
Apple A11 Bionic က အမည်နှင့် လိုက်ဖက်စွာပဲ Neural Engine ပါဝင်တဲ့ ပထမဆုံး Chip ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ကလည်း Kirin 970 မှာ ဒီနည်းပညာပါဝင်လာမယ့်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် Apple က ပထမဆုံးထုတ်လုပ်အသုံးပြုလာနိုင်တာကြောင့် ဦးဆောင်သူနေရာကို ရယူနိုင်ခဲ့ပါတယ်။ Neural Engine ကြောင့် iPhone X မှာ မှော်ဆန်တဲ့ ဆော့ဝဲလ်စနစ်များစွာ ပါဝင်လာစေပါတယ်။

၁၀။ မျက်နှာပြင်အောက် ရုပ်ထွက်အပြည့် ပထမဆုံးဖုန်း
iPhone X က မျက်နှာပြင်အောက်ဘက်ခြမ်းအထိ ရုပ်ထွက် အပြည့်ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ Samsung Galaxy S8 နှင့် Essential PH-1 တို့ကလည်း မျက်နှာပြင်တစ်ခုလုံးအပြည့် ဖုန်းတွေလိုဆိုနိုင်ပေမယ့် အောက်ဘက်မှာ နေရာပိုအနည်းငယ် ပါဝင်ပါတယ်။ ဒါကြောင့် iPhone X က မျက်နှာပြင်တစ်ခုလုံးအပြည့် ပထမဆုံးဖုန်းလို့ ပြောလို့ရပါတယ်။

No comments:

Post a Comment