Thursday, May 3, 2018

iOS 11.3 မှာပါဝင်လာတဲ့ feature အသစ်များ



iOS 11.3 မှာပါဝင်လာတဲ့ feature အသစ်များ

iOS 11.3 is expected to roll out today, here's what's new (Update)          ချီကာဂိုမှာကျင်းပခဲ့တဲ့ Apple ရဲ့ “Let’s Take a Field Trip” ဆိုတဲ့ပွဲလေးမှာတော့ပညာရေးအတွက် ဦးစားပေးရည်ရွယ်ထားတဲ့ iPad တွေကိုမိတ်ဆက်သွားခဲ့ပါတယ်။ ဒါ့အပြင် Apple ကနေ iOS update ထွက်ဖို့လည်း ရှိနေပါသေးတယ်။ CPU စွမ်းရည်ကိုလျှော့ချတဲ့ပြဿနာ private notification တွေကို Siri ကနေ ဖတ်ပြတဲ့ပြဿနာ စတဲ့ ပြဿနာပေါင်းများစွာကိုဖြေရှင်းပြီးနောက် ထွက်လာမယ့် iOS update က အရေးကြီးဆုံး update တစ်ခုဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။
ခုချိန်မှာတော့ Developer အဖွဲ့ဝင်တွေအတွက် iOS 11.3 ရနိုင်ပြီဖြစ်ပြီး တရားဝင်ထွက်ရှိဖို့ကတော့ ဒီနှစ်နွေဦးလောက်ကို မှန်းထားပါတယ်။ ဒီနေ့ထွက်ခဲ့တဲ့ iOS 11.3 နဲ့ပတ်သတ်တဲ့နောက်ဆုံးသတင်းကတော့ iOS 11.3 မှာဘာ feature အသစ်တွေပါလာမလဲဆိုတာပါပဲ။
– feature အသစ်ကတော့ ဖုန်းရဲ့ဘက်ထရီအခြေအနေကိုပြမှာဖြစ်ပြီး ဘက်ထရီက service ကိုပြဖို့လိုနေပြီဆိုရင် ပြဖို့ recommend ပေးမယ့် feature လေးပါ။ ဒီအတွက် Setting —> Battery ကိုသွားကြည့်လို့ရပြီး iPhone 6 နဲ့နောက်ထွက်မော်ဒယ်လ်တွေမှာ ရနိုင်မှာဖြစ်ပါတယ်။
– နောက်တစ်ခုက iPhone တွေမှာ ဘက်ထရီကိုမထိခိုက်အောင် စွမ်းဆောင်ရည်ကိုလျှော့ချတဲ့ feature ကို user ကိုယ်တိုင် ရွေးချယ်နိုင်ခြင်းပါ။ ဘက်ထရီကိုပဲညှာမလား မြန်မြန်ပဲသုံးချင်တာလားဆိုတာ ဒီ feature ကို enable/ disable လုပ်ရွေးလို့ရပါတယ်။ သူလည်း Setting ရဲ့ Battery မှာသွားပြင်နိုင်ပြီး iPhone 6, 6S, SE နဲ့ 7-gen ဖုန်းတွေမှာပြောင်းလို့ရနိုင်ပါတယ်။
– ARKit 1.5 ကိုလည်း developer တွေအတွက်မိတ်ဆက်လိုက်ပါတယ်။ virtual အရာဝတ္ထုတွေကို နံရံ တခါး တခြား ဒေါင်လိုက်မျက်နှာပြင်ပေါ်မှာ ARKit ကနေ ထားကြည့်လို့ရနိုင်ပါတယ်။ ကင်မရာကနေ real world အရာဝတ္ထုကိုလှမ်းမြင်ရတဲ့ resolution က ၅၀% လောက်ပိုများလာပြီး auto-focus လည်းထည့်ပေးထားပါတယ်။
iOS 11.3 new features
– Health app မှာလည်း Health Records feature အသစ်ကိုထပ်ထည့်ပေးထားပါတယ်။ ဆေးရုံ ဆေးခန်းက အချက်အလက်တွေကိုယူပြီး မြန်ဆန်တိကျတဲ့ဒေတာတွေထွက်လာဖို့ app မှာလာပေါင်းမှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုအတွက်တော့ passcode ခံပြီးဖွက်ထားပေးမှာဖြစ်ပါတယ်။
iOS 11.3 new features
– Animoji character မှာလည်း lion, bear, dragon, skull ဆိုတဲ့၎ခုပါ ပါဝင်လာမှာဖြစ်ပါတယ်။

– Apple Music မှာလည်း music video တွေလာပြီဖြစ်တဲ့အတွက် music video တွေအကုန်လုံးကို ကြားထဲကကြော်ငြာတွေဖြတ်မပြပဲ တောက်လျှောက်တိုက်ရိုက်ကြည့်နိုင်မှာပါ။
– Apple News မှာလည်း “For You” section အတွက် “Top Stories and Video group” feature လေးကိုထပ်မြှင့်ပေးထားပါတယ်။
– Messages မှာလည်း Business Chat က beta အနေနဲ့လာမှာပါ။ သူကတော့ သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအကြား အလွယ်တကူချိတ်ဆက်ပေးနိုင်မယ့် feature လေးတစ်ခုပါ။
iOS 11.3 new features
– အရေးပေါ်ဝန်ဆောင်မှုတွေဆီခေါ်ဆိုတဲ့အခါ user ရဲ့နေရာကိုအလိုအလျောက်သိနိုင်ဖို့ Advanced Mobile Location (AML) feature လေးလည်း ထည့်သွင်းထားပါတယ်။ သူကတော့ ဒီ feature ကို ထောက်ပံ့ပေးနိုင်တဲ့နိုင်ငံတွေမှာပဲ အလုပ်လုပ်နိုင်မှာပါ။
– ရှိပြီးသား accessories တွေမှာ HomeKit support ပေးနိုင်ဖို့အတွက် Developer တွေက HomeKit software authentication ပေးမပေးဆိုတဲ့ feature လည်းပါလာပါတယ်။
ဒီ iOS 11.3 updates ကိုရနိုင်မယ့် device တွေကတော့
– iPad Air
– iPad Air 2
– iPad Pro
– iPad 9.7
– iPad mini 2
– iPad mini 3
– iPad mini 4
– iPod touch 6th
– iPhone s
– iPhone SE
– iPhone 6/ 6 Plus
– iPhone 6s/ 6s Plus
– iPhone 7/ 7 Plus
– iPhone 8/ 8 Plus
– iPhone X

No comments:

Post a Comment