Thursday, May 3, 2018

Recovery Mode

 ·









What is iPhone Recovery Mode?
**********************************
Recovery mode ဆိုတာမိမိ iDevice ကအကြောင်းတခုခုကြောင့်ပါဝါမတတ်တော့သည်ချိန်သော်၎င်း၊ Jailbreak device တွေမှာ tweak တခုခုကြောင့်ပါဝါမတတ်တော့သည့်အချိန်သော်၎င်း၊မိမိ iDevice ကို iOS version အမြင့်မှအနိမ့်သို့ပြန်ဆင်းချင်သော်၎င်း၊ iOS version အသစ်တင်ရာမှာ OTA (Over-the-air) မရလျင်သော်၎င်း၊ restore or update ပြုလုပ်ရန် မိမိ iDevice ကို iTunes ဖြင့်ချိတ်ပြီးပြုလုပ်နိုင်ရန်လိုအပ်သောလုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ Recobery Mode ဟာမိမိ iOS version မြင့်ရာမှနိမ့်ရာ(သို့) နိမ့်ရာမှမြင့်ရာသို့တင်ရာတွင်မိမိလက်ရှိ data များမပျက်စေပဲလုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ တခါတရံ
iOS version အသစ်ကို OTA တင်နေချိန်မှာ recovery mode ဝင်တတ်ပါတယ်၊ အဲ့အချိန်မှာအောက်ပါ restore or update နည်းသုံးရပါမယ်။ နောက်တခုက မိမိ iDevice passcode ကိုအကြိမ်များစွာရိုက်ပြီးမှားယွင်းပါက iPhone is disable ဆိုပြီးဝင်မရချိန်မှာလည်း recovery mode နဲ့ iOS version ကိုပြန်တင်ရမှာဖြစ်ပါတယ်။ ဥပမာ...ယခုအချိန်မှာ iOS version 11.2.1 ထွက်ရှိပြီး မိမိက iOS 11.2 သိုပြန်လည်ရောက်ရှိရန်အတွက် iDevice ကို iTunes ဖြင်ချတ်ပီး Recovert Mode ဝင်ပါက မိမိ computer မှ iTunes တွင် pop-up ပေါ်လာပြီးချိန် keyboard မှ shift key+ check for update နိပ်ပြီး iOS 11.2 ipsw(firmware) ကိုရွေးပေးလိုက်ခြင်းဖြင့် iDevice သည် iOS 11.2 သို့ရောက်ရှိစေမှာဖြစ်ပါတယ်။ မိမိ iDevice အတွက် Restore or Update မပြုလုပ်မီလိုအပ်တဲ့ မိမိ iDevice version IPSW ကိုမိမိ device model အလိုက်ဒေါင်းယူထားဖို့လိုအပ်ပါတယ်။ iTunes ကနေ restoreတိုက်ရိုက်လုပ်ပါက IPSW latest ကိုဒေါင်းပြီး restore မှာဖြစ်ပါတယ်။

6 & 6 Plus, 6S & 6S Plus Recovery Mode
***********************************************
-Power နဲ့ Home ခလုတ်၂ ခုကိုတွဲနှိပ်ပါ။ black screen
ဖြစ်တဲ့အချိန်ထိပါ။
-black screen မြင်ရရင်အလုတ်တွေလွှတ်ပြီး home
ခလုတ်တခုကိုပဲဖိနှိပ်ထားပြီး computer မှ iTunes ဖြင့်
usb ကြိုးသုံးပြီးချိတ်ပါ၊ iTunes logo နဲ့ usb ပုံပေါ်သည်
အထိပါ။
iPhone 5 နဲ့ 5S လည်းအတူတူပါပဲ၊
7 & 7 Plus recovery mode
******************************
-iDevice ကို computer မှ iTunes ဖွင့်ပြီးချိတ်ပါ။
-ချိတ်ပြီးနောက်ပါဝါပိတ်ပါ။
-ပါဝါခလုတ်နှင့်အသံတိုးသောခလုတ် ၂ ခုစလုံးကိုတွဲနှိပ်ထားပေးပါ၊ iTunes logo နဲ့ usb ပုံပေါ်သည်အထိပါ။
iPhone 8 & 8 Plus & iPhone X Recovery Mode
****************************************************
-iDevice ကို computer မှ iTunes ဖွင့်ပြီးချိတ်ပါ။
-ချိတ်ပြီးနောက်ပါဝါပိတ်ပါ။
-volume+ တချက်နှိပ်, volume- တချက်နှိပ်ပြီးပါဝါခလုတ်
ကိုဖိနှိပ်ထားပေးပါ၊ iTunes logo နဲ့ usb ပုံပေါ်သည်အထိပါ။
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။

No comments:

Post a Comment