Saturday, May 12, 2018

How to Enable or Disable Two-Factor Authentication on iOS 11?

How to Enable or Disable Two-Factor Authentication on iOS 11?


iDevice Users တွေသိသင့်မယ်ထင်လို့မျှဝေပေးလိုက်ပါရစေ။ iOS 11 မှာစပြီး Two-Factor Authentication လို့ခေါ်တဲ့ Apple ID ကိုလုံခြုံစေ ရန်ဖုန်းနံပါတ်ဖြင့် Verification ပြုလုပ်ပေးရတဲ့ Feature လေးပဲဖြစ်ပါတယ်။ တချို့ User တွေက မိမိရဲ့ Apple ID ကိုအခြားသူယူသုံးမှာစိုးရိမ်ကြရင်ဖြင့် ဒီ feature လေးကိုသုံးနိုင်ပါတယ်။ မိမိ Apple ID မှာ မိမိဖုန်းဖြင့် Two-Factor ခံထားရင် Apple ID ဝင်တာနဲ့ မိမိဖုန်းကို Verification code ပို့ပေးမှာဖြစ်ပြီး ၎င်း code ဖြင့်ဝင်ရောက်ရမှာဖြစ်ပါတယ်။ ဒီ feature လေးကိုကြိုက်တဲ့သူရှိသလိုမကြိုက်တဲ့သူလည်းရှိပါတယ်။ ကြိုက်တဲ့သူတွေကဘယ်လိုလုပ်နိုင်မလဲကြည့်ကြရအောင်။

Enable Two-Factor Authentication

၁) Setting > iCloud ထဲဝင်ပါ။



 ၂) iCloud ထဲက Password & Secutiry ထဲဝင်ပါ။



 ၃) ပြီးပါက Turn On Two-Factor Authentication ကို On ပါ။



 ၄) ပြီးပါက ပေါ်လာတဲ့နေရာမှာ continue ဆက်တိုက်လုပ်ပေးလိုက်ပါက two-factor ကို on ပြီးပြီဖြစ်ပါတယ်။


Disable Two-Factor Authentication

၁) အောက်ပါလင့်ကိုဝင်ပြီးမိမိ Apple ID ကို verification code ထည့်ပြီးဝင်ပါ။

Apple ID ဝင်ရန်လင့်

 ၂) security ထဲဝင်ပါ။


 ၃) security section အောက်ဆုံးတွင် Two-Factor Authentication တွင် Turn Off Two-Factor Authentication ဆိုတာနှိပ်ပါ။



 ၄) Continue ဆိုတာနှိပ်ပြီး security question များကိုဖြည့်ပေးပြီး Next နှိပ်ပါ။

 

 ၅) Birthday နှင့် Email နေရာတွင် Next နှိပ်ပြီး Done လုပ်ပေးပါက Two-Factor Turn Off ပြီးပြီဖြစ်ပါတယ်။




 ဒီနည်းလေးက မိမိ Apple ID ရဲ့ Security နဲ့ Trusted phone ကိုသိပါမှပြုလုပ်နိုင်မှာဖြစ်ပါတယ်။

 အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။

Wednesday, May 9, 2018

iCloud Photo အကြောင်း


iCloud Photo အကြောင်း
===================
iCloud Photo မှာပါဝင်တဲ့ Photo Library တို့ My Photo Stream တို့ဟာ ဘယ်လိုကွာခြားမှူရှိလဲ။ ဘယ်လိုအသုံးပြုသင့်လဲ။
ဘယ်သူတွေ အသုံးပြုသင့်လဲဆိုတာ သိထားသင့်တာလေးတွေရှိပါတယ်။
Apple Device သုံးစွဲသူများအနေနဲ့ မိမိတို့ရဲ့ Apple ID ကိုအသုံးပြုပြီး iCloud မှာ Contact တွေသိမ်းထားမယ်၊ Photo တွေသိမ်းထားမယ်၊ Note တွေသိမ်းထားမယ်။
အဲ့လို iCloud မှာ သိမ်းထားခြင်းဖြင့် မိမိရဲ့ Photo တွေ Contact တွေဟာ မိမိရဲ့ Device ပျောက်သွား ပျက်သွားရင်တောင် ဒီ data တွေက မပျောက်တော့ဘူးပေါ့။
iCloud မှာ Photo တွေသိမ်းတာနဲ့ ပါတ်သက်ပြီး သိထားသင့်တာလေးတွေရှိပါတယ်။
Setting > Apple ID > iCloud > Photo သွားမယ်ဆိုရင် iCloud Photo Library, Upload to My Photo Stream, iCloud Photo Sharing ဆိုတောတွေ တွေ့ရမှာပါ။
iCloud photo ကိုသုံးမယ်ဆိုရင်တော့ ဒီ function လေးတွေရဲ့အကြောင်းလည်း သိထားဖို့လိုအပ်ပါတယ်။
iCloud Photo Library
===================
iCloud Photo Library ဟာ သင့်ရဲ့ Photos, Videos ရှိရှိသမျှ အားလုံးကို iCloud Storage ဆန့်သလောက် သိမ်းပေးပါတယ်။
iCloud Storage ရှိသလောက် အားလုံးသိမ်းပေးတဲ့သဘောပါ။
iCloud Photo Library ကို On ထားမယ်ဆိုရင်တော့ ရှိသမျှ Photos, Videos တွေအကုန်သိမ်းပေးမှာပါ။
ဒီမှာလည်း Optimize iPhone Storage နဲ့ Download and Keep Originals ဆိုတာရှိပါသေးတယ်။
Optimize iPhone Storage က မူရင်း File ကိုသိမ်းရာမှာ မူလ Quality အတိုင်းပုံစံမပျက်ပဲ iCloud ပေါ်ကိုတော့ သိမ်းပါတယ်။
ဒါပေမယ့် မိမိရဲ့ Device ပေါ်သိမ်းတဲ့ file ကိုတော့ Device ရဲ့ Storage အခြေအနေပေါ်မူတည်ပြီးပဲ သိမ်းပါတယ်။
ဆိုလိုတာက မိမိရဲ့ device ဟာ storage နည်းနေတယ်ဆိုရင် iCloud ပေါ်မှာတော့ မူလ Quality အတိုင်းသိမ်းပြီး device အတွင်းမှာတော့ Quality လျော့သိမ်းပေးတာမျိုးလုပ်ပေးတာပါ။
ဒီလိုအခြေအနေမျိုးဆိုရင်တော့ device ထဲမှာရှိနေတဲ့ quality လျှော့ပြီး သိမ်းပေးတာဖြစ်လို့ internet မဖွင့်ပဲ ကြည့်မယ်ဆိုရင် photo တွေဟာ ဝါးတားတားဖြစ်နေတာဟာ ဒီသဘောရှိပါတယ်။
မူလ Quality အတိုင်း ကြည့်ချင်တယ်ဆိုရင်တော့ internet လေး ဖွင့်ပြီးမှပဲ ကြည့်ပါ။
Download and Keep Originals ကတော့ device ပေါ်မှာသိမ်းတာရော၊ iCloud ပေါ်မှာသိမ်းတာရော မူလ Quality အတိုင်းပဲ သိမ်းပေးပါတယ်။
device storage နည်းပါးတဲ့သူတွေအတွက်တော့ ဒီ function ကိုမသုံးပဲ Optimize iPhone Storage ကိုပဲ အမှန်ခြစ်ပေးထားတာက ပိုသင့်တော်မှာပါ။
Upload to My Photo Stream
=================
သူကလည်း photo အသစ်တွေကို internet ချိတ်ထားရင်တော့ iCloud ပေါ် အလိုအလျှောက်တင်ပေးပါတယ်။
ဒါပေမယ့် သူက ရက် (၃၀)အတွင်း ရိုက်တဲ့ပုံတွေပဲ သိမ်းပေးတာပါ။
နောက်ပြီး ပုံ 1000 အထိပဲ သိမ်းပေးပါတယ်။
ဒီ feature ကို ဘယ်သူတွေ သုံးသင့်လဲဆိုရင် iCloud Storage မဝယ်ယူလိုတဲ့သူတွေ၊ iCloud ပေါ်မှာ ခဏတဖြုတ်ပဲ(ရက် ၃၀ အတွင်းပဲ) ပုံတွေကို သိမ်းလိုတဲ့သူတွေ သုံးသင့်ပါတယ်။
ဒီ Function ဟာ ၎င်း iCloud နဲ့ချိတ်ဆက်ထားရင် iPhone, iPad, iPod touch, Mac အစရှိတဲ့ Apple Devices များကနေ ကြည့်နိုင်ပါတယ်။
iCloud Photo Sharing
==================
ဒီ function ကတော့ Apple ID ကိုသုံးပြီး iCloud မှတဆင့် photo တွေကို အလွယ်တကူ Share ပြုလုပ်ပါမယ်။ iCloud အချင်းချင်း over the internet ကနေ share တာဖြစ်တဲ့အတွက် internet ရတဲ့ မည်သည့်နေရာမဆို Share နိုင်ပါတယ်။

Tuesday, May 8, 2018

Download အကြိမ်ရေအများဆုံး ထိပ်တန်း iPhone app (၁၀) ခု

Download အကြိမ်ရေအများဆုံး ထိပ်တန်း iPhone app (၁၀) ခု

[ Zawgyi ]
Facebook ဟာ iPhone app ကမ္ဘာမှာ ဆက်လက်ကြီးစိုးနေဆဲဖြစ်ပေမယ့် တရုတ် app တွေက လိုက်မီလာနေပြီဖြစ်ပါတယ်။
Facebook ပိုင်ဆိုင်တဲ့ WhatsApp, Messenger နဲ့ Instagram app တွေဟာ ၂၀၁၈ ပထမသုံးလပတ်မှာ ကမ္ဘာတစ်ဝန်းက download အများဆုံးပြုလုပ်တဲ့ iPhone app တွေထဲမှာ ပါဝင်တယ်လို့ app intelligence အဖွဲ့ Sensor Tower က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ Tik Tok လို့ခေါ်တဲ့ တရုတ် music video app ကို download ပြုလုပ်တဲ့အရေအတွက်ဟာ ပြီးခဲ့တဲ့သုံးလအတွင်း ၄၅ သန်းကျော်ရှိခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Tencent နဲ့ Baidu တို့လို တရုတ် app တွေကလည်း app လောကမှာ Facebook ရဲ့ကြီးစိုးမှုကို တဖြည်းဖြည်းချင်း လိုက်မီလာနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သုံးလပတ်အတွင်း download အကြိမ်ရေအများဆုံး ထိပ်တန်း iPhone app (၁၀) ခုက အောက်ပါအတိုင်းဖြစ်ပါတယ်။
10. Google Maps

Google ရဲ့ မြေပုံ app ဟာ App Store ရဲ့ ထိပ်တန်း app (၁၀) ခုစာရင်းမှာ ပါဝင်ပါတယ်။ ဒီနှစ်ရဲ့ ပထမ သုံးလမှာ Google Maps ကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ iPhone တွေကနေ အကြိမ် ၂၂.၄ သန်းအထိ download လုပ်ခဲ့ကြပါတယ်။
9. iQiyi

တရုတ် အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ Baidu ရဲ့ iQiyi ဟာ YouTube ပုံစံ video streaming app တစ်ခု ဖြစ်ပါတယ်။ iQiyi ကို သုံးစွဲသူ ၄၈၁ သန်းရှိပြီး လစဉ် နာရီပေါင်း ၅.၆ ဘီလျံခန့် သုံးစွဲကြတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ပထမသုံးလပတ်မှာ iQiyi ကို download လုပ်တဲ့အကြိမ် ၂၂.၆ သန်းရှိခဲ့ပါတယ်။
8. QQ

QQ ကတော့ တရုတ်နည်းပညာကုမ္ပဏီကြီး Tencent က ဖန်တီးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ ဒီ app ဟာ Facebook Messenger ပုံစံ instant messaging နဲ့အတူ အွန်လိုင်းဂိမ်းတွေ၊ သီချင်းနဲ့ ဈေးဝယ်တာတွေကို ထောက်ပံ့ပေးထားပါတယ်။
QQ ကို download လုပ်တဲ့အကြိမ်က ၂၀၁၈ ပထမသုံးလပတ်အတွင်း ၂၂.၆ သန်း ရှိခဲ့ပါတယ်။
7. WeChat

Tencent ရဲ့ WeChat app ဟာလည်း ပြီးခဲ့တဲ့သုံးလပတ်က download ပြုလုပ်မှုအများဆုံး app တွေထဲမှာ ပါဝင်ခဲ့ပြီး download အကြိမ် ၂၈.၉ သန်းရှိခဲ့ပါတယ်။
WeChat ဟာ messaging, social media နဲ့ mobile payment တွေကို လုပ်ဆောင်နိုင်ပါတယ်။ ၂၀၁၈ မတ်လမှာ WeChat active user အရေအတွက် ၁ ဘီလျံကျော်ရှိခဲ့ပါတယ်။
6. Facebook

၂၀၁၈ ခုနှစ်မှာ စိတ်ရှုပ်စရာတွေအများကြီး ဖြစ်ပေါ်ခဲ့ပေမယ့်လည်း Facebook က ထိပ်တန်း iPhone app တစ်ခုအနေနဲ့ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒီ app ကို ပထမသုံးလပတ်အတွင်း ၂၉.၄ သန်းအထိ download လုပ်ခဲ့ကြပါတယ်။
5. Instagram

Instagram ဟာလည်း နာမည်ကျော် app တစ်ခုဖြစ်ပါတယ်။ ဒီ app ဟာ App Store မှာ ဒုတိယမြောက် အကျော်ကြားဆုံး အခမဲ့ app ဖြစ်ပြီး ပထမသုံးလပတ်အတွင်း အကြိမ် ၃၁ သန်း download လုပ်ခဲ့ကြပါတယ်။
4. Messenger

Facebook ရဲ့ Messenger app ကတော့ App Store မှာ တတိယမြောက် နာမည်ကျော် အခမဲ့ app ဖြစ်ပါတယ်။ ဒီ app ကို ၂၀၁၈ ပထမသုံးလပတ်အတွင်း အကြိမ်ရေ ၃၁.၃ သန်း download လုပ်ခဲ့ပါတယ်။
3. WhatsApp

၂၀၁၄ ခုနှစ်မှာ Facebook က ဝယ်ယူခဲ့တဲ့ WhatsApp encrypted messaging service ကို လစဉ်သုံးစွဲသူ ၁.၅ ဘီလျံရှိပါတယ်။ ပြီးခဲ့တဲ့ သုံးလပတ်မှာ ဒီ app ကို download လုပ်ခဲ့တဲ့ အကြိမ်ရေ ၃၃.၈ သန်း ရှိခဲ့ပါတယ်။
2. YouTube

Google ပိုင်ဆိုင်တဲ့ YouTube video platform ကို ပထမသုံးလပတ်အတွင်း ၃၅.၃ သန်း download လုပ်ခဲ့ကြပါတယ်။
1. Tik Tok

တရုတ်နိုင်ငံမှာ Douyin ဆိုပြီး လူသိများတဲ့ Tik Tok ဟာ music video နဲ့ social media app တစ်ခု ဖြစ်ပါတယ်။ ဒီ app ဟာ ဗီဒီယိုအပိုင်းတိုတွေကို ရိုက်ပြီး သီချင်းတွေနဲ့ special effect တွေကို ထည့်သွင်းစေနိုင်ပါတယ်။ Tik Tok ကို ပြီးခဲ့တဲ့နှစ်က Musical.ly social video app ကို ဒေါ်လာ ၁ ဘီလျံနဲ့ ဝယ်ယူခဲ့တဲ့ တရုတ်မီဒီယာကုမ္ပဏီ Bytedance က ပိုင်ဆိုင်ပါတယ်။
Sensor Tower ရဲ့အဆိုအရ Tik Tok ကို ၂၀၁၈ ပထမသုံးလပတ်အတွင်း အကြိမ်ရေ ၄၅.၈ သန်း download လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Monday, May 7, 2018

iPhone X အကြောင်း သိထားသင့်တဲ့ အချက် (၁၅) ချက်

iPhone X အကြောင်း သိထားသင့်တဲ့ အချက် (၁၅) ချက်
စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ Apple က iPhone 8, 8 Plus, Apple TV သစ်နဲ့ Apple Watch သစ်တို့အပြင် iPhone X လို့ခေါ်တဲ့ အရည်အသွေးမြင့် device တစ်ခုကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ iPhone X ကို iPhone 10 လို့ အသံထွက်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ face-scanning ကင်မရာသစ်နဲ့ Home ခလုတ်ကို ဖယ်ရှားထားတဲ့ edge-to-edge display တို့ပါဝင်တဲ့ ဒီ iPhone X ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကမိတ်ဆက်ခဲ့တဲ့ original iPhone နောက်ပိုင်း အကြီးမားဆုံး ပြောင်းလဲမှုဖြစ်တယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
Edge-to-edge OLED display

iPhone X မှာ ၅.၈ လက်မ edge-to-edge OLED display ပါဝင်ပါတယ်။ Home ခလုတ်ကို ဖယ်ရှားထားပြီး ဖုန်းကိုနှိုးလိုတဲ့အခါ screen ကို tap လုပ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ Home ကို သွားမယ်ဆိုရင်တော့ screen အောက်ဘက်ကနေ အပေါ်ကို swipe လုပ်ရမှာဖြစ်ပါတယ်။
အလွန်ပါးလွှာတဲ့ bezel များ

Super Retina display က 2,436 x 1,125 pixel resolution နဲ့ ဖော်ပြပေးနိုင်ပါတယ်။ Pixel သိပ်သည်းဆက 458ppi ဖြစ်ပါတယ်။
အပေါ်အောက် ဆင့်ထားတဲ့ ကင်မရာများ

iPhone X ရဲ့ ကျောဘက်မှာ 12-megapixel ကင်မရာနှစ်ခုကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ဒီကင်မရာတွေဟာ portrait ရိုက်ချက်တွေကို အလင်းချိန်ညှိပေးမယ့် tool တွေနဲ့ ရိုက်ကူးပေးနိုင်ပါတယ်။
Selfie အတွက် ကင်မရာ

iPhone X မှာ အရှေ့ဘက်ကင်မရာကိုလည်း အဆင့်မြှင့်ထားပါတယ်။ အရှေ့ဘက်ကင်မရာနဲ့အတူ light sensor, proximity sensor, infrared camera နဲ့ ဖုန်းကို unlock လုပ်ဖို့အတွက် dot projector တို့ပါဝင်ပါတယ်။
Portrait Mode နဲ့ selfie ရိုက်နိုင်

အခုအခါမှာ selfie ဓာတ်ပုံတွေကို bokeh ပုံစံ background တွေနဲ့ ရိုက်ကူးနိုင်ပါပြီ။ လူမှုရေးမီဒီယာ platform အတွက် ပိုကောင်းတဲ့ မျက်နှာပုံစံပြောင်းလဲမှုတွေကို ပြုလုပ်နိုင်ဖို့အတွက် Snapchat နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
အရည်အသွေးမြင့် material များ

iPhone X ရဲ့အထူက ၇.၇ မီလီမီတာဖြစ်ပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်နဲ့ ကျောဘက်က မှန်တွေကို stainless-steel နဲ့ အနားကွပ်ထားပါတယ်။
ရေကူးကန်ထဲ သယ်ဆောင်သွားနိုင်

iPhone X ဟာ IP67 အဆင့် ရေစိုခံနိုင်တာကြောင့် ရေအောက်ထဲမှာ သယ်ဆောင်အသုံးပြုနိုင်ပါတယ်။
မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်

ဒီဖုန်းကို 64GB နဲ့ 256GB ဆိုပြီး storage option နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။
နားကြပ်ပေါက် မပါဝင်

ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone လိုပဲ iPhone X မှာ နားကြပ်ပေါက်မပါဝင်ပါဘူး။ ဒါပေမဲ့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာပါတယ်။
ပိုကောင်းလာတဲ့ ဘက်ထရီသက်တမ်း

iPhone X ဟာ iPhone 7 ထက် ဘက်ထရီ နှစ်နာရီပိုမိုတာရှည်ခံတယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
Face ID

iPhone X ဟာ အရှေ့ဘက်ကင်မရာနဲ့အတူ သုံးစွဲသူရဲ့မျက်နှာကို မှတ်ထားပြီး ဖုန်းကို unlock လုပ်တဲ့အခါ ဒါမှမဟုတ် Apple Pay နဲ့ ဝယ်ယူမှုပြုလုပ်တဲ့အခါ သုံးစွဲသူ ဟုတ်၊ မဟုတ် ခွဲခြားပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ Touch ID ထက် ပိုမိုလုံခြုံမှုရှိတယ်လို့ Apple က ပြောကြားခဲ့ပါတယ်။
ငွေရောင်၊ မီးခိုးရောင်နဲ့သာ ရရှိနိုင်

iPhone X ကို ငွေနဲ့ မီးခိုးဆိုပြီး အရောင်နှစ်မျိုးနဲ့သာ ရရှိနိုင်ပါတယ်။ ဒါဟာ rose gold ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။
A11 processor အသုံးပြုထားခြင်း

iPhone X မှာ Apple ရဲ့ A11 Bionic processor ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ ကင်မရာကလည်း slow-motion ဗီဒီယိုကို 1080p 240fps နဲ့ ရိုက်ကူးနိုင်ပါတယ်။
iOS 11 အသုံးပြုထားခြင်း

ဒီ iPhone သစ်မှာ animated emoji များ၊ အနည်းငယ်ဆန်းသစ်ထားတဲ့ interface နဲ့ AR လုပ်ဆောင်ချက်တွေပါဝင်တဲ့ iOS 11 ကို အသုံးပြုထားပါတယ်။
ဈေနှုန်းမြင့်မားခြင်း

iPhone X ဟာ Apple ရဲ့ ဈေးအကြီးဆုံး iPhone ဖြစ်ပါတယ်။ တန်ဖိုးက 64GB အတွက် ၉၉၉ ဒေါ်လာဖြစ်ပြီး 256GB အတွက် ၁,၁၄၉ ဒေါ်လာဖြစ်ပါတယ်။

Jailbreak အတွက် မူရင်း Download Link များ

Jailbreak အတွက် မူရင်း Download Link များ
"Jailbreak လုပ်လို့ရပြီ" လို့ iOS User Group တွေ မှာပြောနေကြတော့ အချို့Jailbreak လုပ်ချင်သော User များ Jailbreak Tools တွေကိုအမေးများလာတာတွေ့ရတယ်။ ဘာနဲ့လုပ်ရမလဲ ဘယ်မှာဒေါင်းရမလဲနဲ့ မေးနေကြတာမကြာမကြာတွေ့ရပါတယ်။ Pangu9 Tiag10 လိုမျိုး အတုအယောင် အလိမ် အညာ Webpage တွေက tools တွေပြကြမေးကြ နေတာလဲတွေ့ရပါတယ်။ Jailbreak လုပ်ခြင်းဟာ ကောင်းကျိုးများစွာပေးတယ်ဆိုသော်ငြားလည်း သတိပြုရမှာက Jailbreak လုပ်ခြင်းဖြင့် iOS System ကို Apple ကထိန်းချုပ်ထားတာတွေ ကိုချိုးဖောက်ပြီး သုံးစွဲသူကို full control ရအောင်လုပ်လိုက်တာပါ။ ဒီတော့ Jailbreak Tools နဲ့အတူ အချို့မသမာသူတွေက သူတို့ ပြန်ပြင်ထားတဲ့ tools တွေနဲ့လုပ်ဖို့ မသိနားမလည်သော User တွေကို လိမ်လည်ပြီးလုပ်စေတတ်တယ်။ ပြန်ပြင်ထားတဲ့ tools (modified jailbreak ipa) တွေကနေ User ရဲ့အချက်အလက်(website password, visa card စသည်) ကိုခိုးယူတာတို့ iCloud ကိုသူတို့ အမည်ပြောင်းပြီးထည့် ပြန်ဖြုတ်ပေးဖို့ ငွေညစ်တာ(Ransonware) တို့ လုပ်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ ဒါကြောင့် Jailbreak လုပ်တဲ့အခါ လုံခြုံစိတ်ချရတဲ့ Jailbreak Dev များ၏မူရင်း Website ကပဲယူလုပ်ဖို့တိုက်တွန်းချင်ပါတယ်။Jailbreak အတု Website တွေ ၁၀၀၀ မကရှိတယ်။
10.3 to 10.3.3 Jailbreak အစစ်က H3lix (32bits) G0blib(64 bit Up to 6S/+) Meridian (All 64 bits, Need Cydia/Substrate Update) ၃ ခုပဲရှိပါတယ်။
iOS 11 to 11.1.2 ကတော့ LiberiOS နဲ့ Electra ၂ ခုပဲထွက်ပါသေးတယ်။ Saurik ကတော့ jailbreakd မပါတဲ့ Jailbreak Tool (အကောင်းဆုံးဖြစ်ပါလိမ့်မယ်)ကို Cydia/Substrate Update လုပ်ပြီးတဲ့အခါချပြမယ်ပြောတယ်။ iOS 11 Jailbreak Tool ၃ ခုရှိမယ့်သဘောပါ။ အခုလက်ရှိ Jailbreak ရနေတဲ့ဟာတွေ beta တွေကို မူရင်း Developer Wesite များမှ Link တွေကိုအောက်မှာပေးထားပါတယ်။ သူတို့ဆီက file တွေ Download လုပ်မယ်ဆိုရင်တောင် File SHA1 ပေးထားရင် စစ်လို့ရရင်စစ်ပြီးမှ သုံးတာအကောင်းဆုံးပါပဲ။ အောက်ဖော်ပြပါ Link များကလွဲပြီး အခြားကနေ ယူမလုပ်ကြပါရန်အထူးသတိပေးလိုပါတယ်။ အခုပေးထားတဲ့ ဟာတွေတောင်အများစုက Beta ပဲရှိပါသေးတယ်။ Final Stable Version ထွက်အောင်စောင့်ပြီးမှ လုပ်ရန်တိုက်တွန်းလိုပါတယ်။ (အတုအယောင်တွေ Modded Tools တွေမသုံးမိစေရန်ကြိုတင်ဖော်ပြရခြင်းဖြစ်ပါ၏)
iOS 10
Meridian
https://meridian.sparkes.zone
G0blin
https://g0blin.sticktron.net
H3lix
https://h3lix.tihmstar.net
iOS 11
LiberiOS
http://newosxbook.com/liberios/
Electra
https://coolstar.org/electra/

Saturday, May 5, 2018

အိုင်ဖုန်း X မှာ ပါတဲ့ Face ID ကို Disable ဘယ်လိုလုပ်မလဲ


အက်ပဲလ်ရဲ့ထုတ် ကုန်အသစ်ဖြစ်တဲ့ iPhone X မှာ အဓိက ကျတဲ့ Face ID စကန်နာကို သုံးစွဲသူတွေအနေနဲ့ မျက်နှာနဲ့စကန်ဖတ်ပြီး လော့ခ် ဖြည်တာကို မလုပ်ချင်ရင် Face ID ကို disable လုပ်နိုင်တဲ့နည်းလမ်းရှိပါတယ်။
သုံးစွဲသူအချို့ကတော့ စောဒကတက်ကြပါတယ်။  အဲဒါကတော့ အရေးပေါ်အခြေအနေအတွက် ခက်ခဲတာမျိုးတွေ၊ မိတ်ကပ်မလိမ်းထားတဲ့ရုပ်နဲ့  အရက်မူးသမားတွေအတွက် ဘယ်လိုလုပ်ဆောင်မှာ လည်းဆိုပြီး လူမှုကွန်ရက်ပေါ်မှာ သရော်ထားတာတွေ တွေ့ရပါတယ်။
Face ID မလုပ်ဆောင်လိုသူတွေ ဖြတ်လမ်းနည်းအနေနဲ့ ပါဝါခလုတ်ကို ငါး ကြိမ်ဖိထားပေးပါ။ အဲသည်မှာ ဆေးဘက် ဆိုင်ရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ အရေးပေါ်ဖုန်း emergency  SOS ဖီးချားဆားဗစ်တွေ ပေါ်လာပါမယ်။  အဲသည်မှာ ပတ်စ်ဝပ်နဲ့ PIN ကို  ရိုက်ပြီး Touch ID ကို ထပ်ပြီး enable လုပ်နိုင်မှာ ဖြစ်ပါတယ်။
အဲသည် power ခလုတ်ကို ငါးကြိမ် ဖိ ထားပြီး တစ်ပြိုင်တည်းမှာပဲ volume ခလုတ်နဲ့ power ခလုတ်ကိုတွဲနှိပ်ပါ။ Emergency screen ပေါ်လာတဲ့အထိ  ဖိထားပြီး disable Face ID ဆိုတာ ပေါ် လာပါလိမ့်မယ်။ အဲသည်မှာ ပတ်စ်ဝပ် ဒါ မှမဟုတ် PIN နံပါတ်ကို ထပ်ရိုက်ထည့်ရ မှာဖြစ်ပါတယ်။ ဖုန်းကို reboot လုပ်ပါ။
မျက်နှာကို စကန်ဖတ်ပြီး လော့ခ်ဖြည် မယ့် Face ID က ဝ့၁ စက္ကန့်ထက် ပိုပြီး အနုစိတ်အောင်ဆင်ဆာဖတ်တာ မြန်လွန်းတာကြောင့် မသမာသူတွေရဲ့ဟက်တာ မျိုးတေါ၊ စနစ်ကို နောက်ယောင်ခံလိုက်ဖို့ လုံးဝမရတာကြောင့် စိတ်ချရတဲ့ စနစ်ဖြစ်တယ်လို့ developer တွေရဲ့အဆိုအရ သိရပါတယ်။
လုံခြုံရေးအရ အွန်လိုင်းငွေချေတဲ့အခါ တကူးတက ပတ်စ်ဝပ် ရိုက်ထည့်စရာ မလိုတဲ့အပြင် မိမိရဲ့မျက်နှာစကန်ဖတ်ရတာ ဖြစ်တာကြောင့် မသမာသူတွေအနေ နဲ့ ကြားခံကနေ ဘယ်နည်းနဲ့မှ ခိုးယူတိုက်ခိုက်လို့မရပါဘူး။ ဝက်ဘ်ဆိုက်နဲ့ အကောင့်ထဲတွေဝင်ရင်လည်း လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရင်က လက်ဗွေရာစနစ်ဖြစ်တဲ့ ID fingerprint sensor ကို ဖယ်ရှားခဲ့ပြီး Face ID လို့ခေါ်တဲ့ နည်းပညာအသစ်ကို အက်ပဲလ်က ပြောင်းလဲထည့်သွင်းလိုက် တာဖြစ်ပါတယ်။ နည်းလမ်းဟာ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ရုံနဲ့ unlock လုပ်ပေးမှာဖြစ်ပါတယ်။ မိမိက လွဲပြီး တခြားသူတွေ လော့ခ်ဖြည်လို့ရမှာ မဟုတ်ပါဘူး။
သည် Face ID စနစ်က TrueDepth camera စနစ်ဖြစ်ပေမဲ့ အရေးပါတဲ့အစိတ် အပိုင်းဖြစ်ပါတယ်။ Security feature တွေအတွက် home ကီး မပါတော့တာ ကြောင့် Touch ID အစား Face ID ကို ထည့်သွင်းတာဖြစ်ပါတယ်။
Face ID မှာဆိုရင် မိမိမျက်နှာအနေ အထား၊ မျက်လုံး၊  နှာခေါင်းတွေကို အသေးစိတ် စကန်ဖတ်စစ်ဆေးပြီးမှသာ လော့ခ်ပွင့်စေမှာဖြစ်ပါတယ်။ နောက်ပြီး အက်ပဲလ်ရဲ့အဆိုအရ Face ID က အရင်  Touch ID ထက် ပိုပြီး စိတ်ချရမှာဖြစ် တယ်လို့ ဆိုပါတယ်။
အက်ပဲလ်အနေနဲ့ကတော့ iPhone X မှာ Face ID က လုံခြုံစိတ်အချရဆုံး ဖီးချားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

YOUR PHONE INTO A POLAROID CAMERA

THIS TURNS YOUR PHONE INTO A POLAROID CAMERA 😱😱😱😱😱
TAG A FRIEND WHO NEEDS THIS...

Myanmar Font အလှများ ထည့်ခြင်း


Myanmar Font အလှများ ထည့်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~
မိမိတို့ သွင်းချင်တဲ့ Font ကို မဒေါင်းခင်
လက်ရှိ Zawgyi font ကို အရင်ဖျက်ပစ်ရပါမယ်
ပြီးရင်ဖုန်းကို restart ချပြီးမှ အသစ်ဒေါင်းပါ
Myanmar font ဖန်တီးထားတဲ့ ဆြာများကို credit ပေးပါတယ်
Font ဒေါင်းရန် safari မှာ သွားပြီး ဖွင့်ရမှာဖြစ်ပါတယ်
Video လေးနဲ့ ပြထားပါတယ်
Myanmar Font အလှများ
~~~~~~~~~~~~~~~~~~
ZawDeMM-1
https://www.mediafire.com/…/0cndgbt6…/ZawDeMM-1.mobileconfig
ZawDeMM-2
https://www.mediafire.com/…/mdxm4s50…/ZawDeMM-2.mobileconfig
ZawDeMM-3
https://www.mediafire.com/…/8u8awmct…/ZawDeMM-3.mobileconfig
ZawDeMM-4
https://www.mediafire.com/…/7208bf3q…/ZawDeMM-4.mobileconfig
ZawDeMM-5
https://www.mediafire.com/…/ani2fkwi…/ZawDeMM-5.mobileconfig
ZawDeMM-6
https://www.mediafire.com/…/hxt9b1cx…/ZawDeMM-6.mobileconfig
ZawDeMM-7
https://www.mediafire.com/…/4vtekcfe…/ZawDeMM-7.mobileconfig
ZawDeMM-8
https://www.mediafire.com/…/63cmhct3…/ZawDeMM-8.mobileconfig
ကျေးဇူးတင်ပါတယ်

iPhone သုံးစွဲသူအများစု သတိမထား မိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ

iPhone သုံးစွဲသူအများစု သတိမထား
မိနိုင်သော မှော်ဆန်သည့်
လုပ်ဆောင်ချက်များ
========================

(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။
(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။
(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။
(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။
(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။
(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။
(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။
(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။
(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။
(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။
(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။
(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။
(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။
(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။
(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း
Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။
(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း
Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။
(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။
(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း
Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။
(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။
(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး
အသုံးပြုနိုင်သည်။