Monday, October 29, 2018

လာမယ့် October 30 ရက်နေ့ကျရင် iOS က ဘာတွေ ထူးခြားလာမှာလဲ ?

လာမယ့် ( ၃၀ ) ရက်နေ့ည အင်္ဂါနေ့ကျရင် iPad Pro နဲ့ Mac တို့ကို မိတ်ဆက်ပေးပြီးတဲ့နောက် Apple က iOS 12.1 ကို ထုတ်ပေးလာဖို့ ရှိနေပါတယ် ။ 
ဒီသတင်း သေချာစေတာကတော့ Apple Book Store မှာ iPhone User Guide ကို Update အဖြစ် Apple က ထုတ်ပေးလိုက်တာပါပဲ ။ ( ဖတ်ချင်ရင် Apple Book Store မှာ Free ဒေါင်းလို့ ရတယ်နော် )



User Guide ဆိုတဲ့အတိုင်း ပုံမှန်ပါနေကျ Features တွေအကြောင်း အပါအဝင် တစ်ကမ္ဘာလုံးက iOS ချစ်သူတွေ စိတ်ဝင်စားနေကြတဲ့ Features အတော်များများ အကြောင်းတွေလည်း iOS 12.1 မှာ ပါဝင်လာပါတယ် ။ 
အထူးသဖြင့်ပေါ့လေ ။ 
iOS 12.1 နဲ့ အတူတူ Dual-SIM ကို Support လုပ်တော့မယ့် Apple ရဲ့ Plan တွေ , နောက်ပြီး Group FaceTime Call ကို မစွန့်လွှတ်သေးတဲ့ အကြောင်းတွေ စသဖြင့်ပေါ့လေ ကျနော်တို့ iOS ချစ်သူတွေက စိတ်ဝင်စားနေကြတဲ့ဟာတွေပေါ့ ။ 
ကျနော်တို့ ကြားထားတာက Group FaceTime Call မှာ ယူစာ ( ၃၂ ) ယောက်အထိ တပြိုင်နက်ထဲ ခေါ်ဆိုမှုပြုနိုင်တယ်ပေါ့ ။ Apple က အဲဒီလို မိတ်ဆက်ပေးပြီးမှ iOS 12 ရဲ့ Beta မှာကထဲက အဆိုပါ Group FaceTime Call ကို ဖြုတ်ထားလိုက်ပါတယ် ။ 
ဟော အခု iOS 12.1 မှာ Group FaceTime Call ကို ထပ်မံ ထည့်သွင်းပေးလိုက်ပြန်ပါပြီ ။ ( ဒီတစ်ခါတော့ သေချာလောက်ပါတယ်လေ ) 
ဒီ Feature ကိုတော့ Older iPhone တွေမှာ ရဖို့ကတော့ မသေချာပါဘူး ။ ဘာလို့ဆိုတော့ User Guide ရဲ့ Note ထဲမှာ iPhone 5S , iPhone 6 နဲ့ iPhone 6 Plus တို့ဟာ Group FaceTime Feature ကို ( ၃၂ ) ယောက်နဲ့အထက်အား Audio Only ပဲ Support လုပ်တယ်လို့ တွေ့ထားရလို့ပါပဲ ။ ကြည့်ရတာ Older iPhone တွေ အပေါ်မှာ ( ၂ ) ယောက်ထက် ပိုပြီး Video Calls ခေါ်လို့ မရတဲ့ ပုံပါပဲ ။ 
iPhone XS နဲ့ iPhone XS Max တို့ Dual-SIM ကို Support လုပ်ကြောင်းကိုတော့ User Guide က Comfirms လုပ်ထားပါတယ် ။ သြ .. iPhone XR ကိုလည်း Support လုပ်တယ်နော် ။ 
ကဲ ! လာမယ့် ( ၃၀ ) ရက်နေ့ကို ရင်အတူတူ ခုန်လိုက်ကြဦးစို့ ။
via Apple
အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment