Monday, October 29, 2018

🔋iPhone ရဲ့ battery အကြောင်းသိကောင်းစရာများ📵

🔋iPhone ရဲ့ battery အကြောင်းသိကောင်းစရာများ📵
**********************************************
အားလုံးပဲ မင်္ဂလာပါ 🙏🙏🙏
iPhone ရဲ့ battery အကြောင်းသိကောင်းစရာလေးများကို မျှဝေပေးချင်ပါတယ်။
သင်တို့ဟာ သင်တို့ရဲ့ဖုန်းတွေကို နေ့စဉ်နဲ့အမျှအသုံးပြုနေပေမယ့် သတိမထားမိလိုက်တဲ့အချက်လေးတွေကြောင့် သင်တို့ရဲ့ဖုန်းတွေ ဆုံးရှုံးလိုက်ရတာတွေ၊ ဈေးကြီးကြီးပေး၍ မိမိရဲ့ဖုန်းလေးကိုပြန်လည်းပြုပြင်ရတာတွေ တော်တော်များများတွေ့ရမှာပါ။ ဒါတွေကို မဖြစ်ရအောင်သတိလေးထားပြီးတော့ ကြိုတင်ကာကွယ်လို့ရပါတယ်။
ဥပမာအားဖြင့် မိမိဖုန်းရဲ့battery အားကုန်မြန်တာဆိုရင်လူတိုင်းကြုံတွေကြမှာပါ။ ဘာကြောင့်အားကုန်မြန်လာတာလဲ? ပုံမှန်အားဖြင့် အဲ့ဒီလောက်အားကုန်တာမမြန်ပါဘူး? ဒီလိုမေးတာလေးတွေကို ကျွန်တော်တို့ ခဏခဏကြားရပါတယ်။ ဒါဆို သတိမထားမလိုက်တဲ့ အချက်လေးတွေကိုကြည့်ရအောင် _
(၁) ကြိုးအတု (သို့) Apple ၏တရားဝင်အာမခံချက်ကိုရရှိထားခြင်းမရှိသော ကြိုးများကိုအသုံးပြုခြင်းကြောင့် ဖြစ်တတ်ပါတယ်။
Apple ကတရားဝင်ထုတ်ထားတဲ့ အားသွင်းကြိုးရဲ့ တန်ဖိုးကလည်း အနည်းငယ်တော့ ဈေးကြီးပါတယ်။ အဲ့ဒီအချက်လေကြောင့်မို့လည်း တော်တော်များများက ဈေးနှုန်းသက်သာတဲ့ ကြိုးအတု များကိုဝယ်ယူအသုံးပြုကြတာဖြစ်ပါတယ်။
(၂) Watt (W) အားမတူတဲ့ အားသွင်းခေါင်းများကို အသုံးပြုခြင်းဟားလည်း battery ရဲ့ သက်တမ်းကိုထိခိုက်၍ လျှင်မြန်စွာနဲ့ပျက်စေပါတယ်။
ဥပမာအားဖြင့် iPhone ကို iPad အားသွင်းခေါင်းများဖြင့် လွယ်လွယ်နဲ့အသုံးပြုတတ်ပါတယ်။ အရေးပေါ်အတွက်ဆိုလျှင် ပြဿ နာမရှိပေမယ့် ရံဖန်ရံခါ အသုံးပြုမည်ဆိုလျှင်တော့ ဖုန်းရဲ့ battery ကို ပျက်စီးစေတဲ့အပြင် အန္တရာယ်ပါရှိနိုင်ပါတယ်။
(၃) CAR Charger ဖြင့်အသုံးပြုခြင်းဟာလည်း အရေးပေါ်အတွက်သားအသုံးပြုသင့်ပါတယ်။ ရေရှည်အတွက် အသုံးပြုဖို့တော့မသင့်ပါဘူး။
ဒါလေးတွေကို ဆင်ခြင်မိရင်ဖြင့် မိမိဖုန်းရဲ့ battery lifetime လေးကိုထိန်းထားနိုင်မှာသေချာပါတယ်။
iDevices တွေရဲ့ကြိုးတွေ၊ အားသွင်းခေါင်း တွေဟာ အစစ်ဟုတ်မဟုတ်ဆိုတာကိုလဲ မိမိကိုယ်တိုင်စစ်ကြည့်နိုင်အောင် မျှဝေးပေးလိုက်ပါတယ်။
-ကြိုးကိုစစ်မယ်ဆိုရင် အထင်ရှားဆုံးအနေနဲ့အားသွင်းကြိုးရဲ့ usb ခေါင်းရှိတဲ့နေရာကနေ ၄ လက်မအကွာတွင် code နံပါတ်ရှိနေတာ ကိုတွေ့ရပါလိမ့်မယ်။ တစ်ချို့သော ကြိုးအတုများတွင်လည်း code ပါတာကိုတွေ့ရပါတယ်။ အဲ့ဒါဆိုရင်တော့ သေချာအောင် ယှဉ်ကြည့်ရန်လိုပါလိမ့်မယ်။နောက်ထပ်အနေနဲ့ အားသွင်းခေါင်း(သေး) ရဲ့ ၀ါယာဖဲကြိုးလေးတွေကိုကြည့်ရင်သိနိုင်ပါသေးတယ်။ ပုံလေးတွေမှာကြည်ယှဉ်ကြည်နိုင်ပါတယ်
-အားသွင်းခေါင်းကို စစ်မယ်ဆိုရင် usb ခေါင်းထိုးမည့်အပေါက်အတွင်းသို့ကြည့်လိုက်ပါ serial code လေးရှိနေတာကိုတွေ့ရပါလိမ့်မယ်။
အဲ့ဒါဆိုရင် စိတ်ချလို့ရပါပြီ။ ထို့အပြင် အားသွင်းခေါင်း ပုံစံ ၃ မျိုးရှိသည်ကိုလည်း သိရှိနိုင်စေရန်တင်ပြပေးထားပါတယ်။
အားလုံးကိုကျေးဇူးတင်ပါသည်။





No comments:

Post a Comment