Wednesday, October 31, 2018

Apple user တွေ အတွက် iOS 12.1 Update ထွက်လာပါပြီ





Apple user တွေ အတွက် iOS 12.1 Update ထွက်လာပါပြီ
Group Face Time
Emoji အသစ် 70 ကျော်ပါဝင်လာခဲ့တဲ့အပြင်
iOS 12.0.1 မှာ ဖြစ်ခဲ့တဲ့ Bug တွေ Fix လာခဲ့ပါပြီ
💥💥Apple Lover တွေအတွက်
iOS ကို Wifi နှင့် Update တင်နည်းကို အောက်မှာ ပုံနှင့်တစ်ကွ ရှင်းပြပေးထားပါတယ် တစ်ဆင့်ချင်းလိုက် လုပ်သွားပေးပါ 💥💥
iOS 12.1 ကို Wifi ဖြင့် Update တင်နည်း
********************************************
😍 Update လုပ်နည်းလေးပြောပြမယ်နော် 😍
ပထမဆုံး မိမိ Device ကို wifi ချိတ်ထားပါ
Setting ထဲသို့ဝင်ပါ > General ထဲဝင် > Software Update > ကိုနှိပ် ပါ
အလုံးလေးလည်မယ် ခနစောင့်
ခနနေ iOS 12.1 ရဲ့ Download လုပ်ရမယ့် File Size ပြပေးမယ် အဲ့မှာ
Download and install ကို နှိပ်၍ download ဆွဲတာစောင့်ပါ
Download ဆွဲပီးပါက install Now ကို နှိပ်ပါ
Auto Reboot ဆင်းသွားပြီး Bar တန်းလေးပြေးနေပါလိမ့်မယ်
Bar တန်းပြည့်ပြီး ပြန်တက်လာပြီဆို iOS 12 ကို စတင်အသုံးပြုနိုင်ပါပြီ
ပုံလေးတွေနဲ့လဲရှင်းပြပေးထားပါတယ်
အောက်ပါပုံများအတိုင်း အဆင့်ဆင့်ပြုလုပ်ပါ။
(***data များ နှင့် apps များ မပျက်ပါ။မူလအတိုင်း ဖြစ်ပါမယ်။)
မှတ်ချက်
Battery 50% ရှိပါစေ
(Download ဆွဲနေစဉ် ၅၀% ရှိနေစရာ မလိုပါ install လုပ်မှလိုပါသည်) Battery 50% မရှိရင် Charger လေး ထိုးထားပေါ့😜😜
At your own risk
နောက်တစ်ချက် အနေ့နဲ့
အရေးကြီးData တွေကိုကြိုပြီး Backup လုပ်ထားစေချင်ပါတယ်
Update လုပ်တာ Data မပျက်ဖူးဆိုပေမယ့်
မှတ်မှတ်ရရ iOS 10 to iOS 11.0 စတင်တုန်းက တစ်ချို့တော်တော်များများ Device တွေ iTune တန်းကုန်တာ မှတ်မိကြမှာပါ
အာ့ကြောင့် ကြိုတင် Backup လုပ်ထားဖို့စေတနာနဲ့ သတိပေးပါရစေ

iOS 12.1 firmware တင်နိုင်သော Devices များမှာ ...👉🏻👉🏻👉🏻
iPhone
-------
iPhone X, iPhone 8,iPhone 8Plus, iPhone 7, iPhone 7 Plus, iPhone 6s, iPhone 6s Plus, iPhone 6, iPhone 6 Plus iPhone SE, iPhone 5s
iPad
-----
iPad Pro 12.9 in. 2nd generation,iPad Pro 12.9 in. 1st generation,iPad Pro 10.5 in.,iPad Pro 9.7 in.,iPad Air 2,iPad Air,iPad 5th generation,iPad mini 4,iPad mini 3,iPad mini 2
iPod
-----
iPod touch 6th generation





No comments:

Post a Comment