Thursday, October 18, 2018

" iMessages မှာ Memoji Effect အသုံးပြုနည်း "

" iMessages မှာ Memoji Effect အသုံးပြုနည်း "
Animoji လိုပါပဲ ။ iOS 12 ရဲ့ iMessages မှာ iOS ယူစာအချင်းချင်း အပြန်အလှန် ပေးပို့နိုင်မယ့် Memoji Effects ပါဝင်လာပါတယ် ။
iOS 12 ရဲ့ Camera Effects ကို အသုံးပြုပြီး ထွက်ပေါ်လာတဲ့ ဒီ Feature ဟာ iMessages အချင်းချင်း ပေးပို့ရာမှာတော့ iPhone X စီးရီးတွေ အပေါ်မှာသာ အလုပ်လုပ်မှာ ဖြစ်ပါတယ် ။
နံပါတ် ( ၁ ) Messages App ထဲကို ဝင်လိုက်ပါ ။
နံပါတ် ( ၂ ) အပြန်အလှန် ပေးပို့လက်စ ရှိနေတဲ့ ( သို့မဟုတ် ) အခုမှ ပေးပို့ချင်တဲ့ သူရဲ့ iMessages Conversation လေးထဲကို ဝင်လိုက်ပါ ။
နံပါတ် ( ၃ ) Keyboard ရဲ့ အပေါ်က Camera အိုင်ကွန်လေးကို Tap လိုက်ပါ ။
နံပါတ် ( ၄ ) Camera View ထဲကို ရောက်သွားပါပြီ ။ Effects Button ကို Tap လိုက်ရပါမယ် ။

ဒီနေရာမှာ နည်းလမ်း ( ၂ ) ခု ရှိပါမယ် ။
တစ်ခုက အရင်ဆုံး ဓါတ်ပုံ ရိုက်ယူမယ် ။ ပြီးမှ Effects တွေကို Edit View ကနေ ထည့်တဲ့နည်း ဖြစ်ပါတယ် ။ ဒုတိယနည်းကတော့ ပုံကောင်းကောင်း ရတဲ့ Live View ကနေ Memoji Effects ကို တစ်ခါထဲ ထည့်တဲ့ နည်းပါပဲ ။
နံပါတ် ( ၅ ) နောက်ဆုံးမှာတော့ Hidden ဖြစ်နေတဲ့ Features တွေ ပေါ်လာပါပြီ ။ အသုံးပြုနေတဲ့ Camera App ရဲ့ UI တွေဟာ လုံးဝ ပြောင်းလဲသွားတာကို တွေ့ရှိရပါလိမ့်မယ် ။ Live Camera နဲ့ Shutter ခလုတ်အကြားမှာ Apps နဲ့ Features တွေ ပါဝင်တဲ့ အလျားလိုက် Scroll Bar လေးကိုလည်း တွေ့ရပါလိမ့်မယ် ။ အသုံးပြုချင်တဲ့ App အိုင်ကွန်ကို Tap လုပ်ပြီး ထည့်လိုက်ရုံပါပဲ ။

နံပါတ် ( ၆ ) Animoji App ကို Tap ပြီး ကြိုက်တဲ့ Animoji တွေကို အသုံးပြုနိုင်သလို မျက်နှာအစားထိုးထည့်ထားတဲ့ Memoji ကိုလည်း အသုံးပြုလို့ ရပါမယ် ။

နံပါတ် ( ၇ ) Comic Book ထဲကလို , Noir လို နောက်ထပ်လည်း အများကြီး ရှိသေးတယ် ။ အဲဒါတွေကို Filters Button ကို နှိပ်ပြီး ရယူနိုင်ပါမယ် ။ ပုံတွေပေါ်မှာ စာတွေ ထည့်ချင်တာကို Text Button ကို နှိပ်ပြီး ထည့်လို့ရသလို ပုံတွေ Draw လုပ်ပြီး ထည့်ချင်တာပဲဖြစ်ဖြစ် စသည်တို့ကို Doodle Button ကို နှိပ်ပြီး လုပ်လို့ ရပါမယ် ။

နံပါတ် ( ၈ ) ဒါကတော့ တကယ့်ကို အလန်းဗျ ။ iPhone , iPad တွေ အားလုံးရဲ့ iMessages မှာ Effects တွေ ပါဝင်တဲ့ Stickers တွေကို အသုံးပြုလို့ ရတာပါပဲ ။ ပို့ချင်တဲ့ ပုံတွေမှာ ကြိုက်တဲ့ Stickers တွေ ထည့်ပေးလိုက်ပြီး iMessages Conversation ကနေ Send လိုက်ရုံပါပဲ ။

ဒါက Camera App မှာတော့ မရသေးဘူး ။ iOS 13 မှာတော့ ရလာနိုင်ချေ ရှိပါတယ် ။

Memoji Effects ဟာ iMessages မှာပဲ အသုံးပြုလို့ရတာဖြစ်လို့ ကိုယ့်ရဲ့ Funny Memoji ပုံလေးတွေကို Share ချင်ရင်တော့ Screen Recording တို့ , Screenshot တို့နဲ့ ရိုက်ယူပြီးမှသာ Sharing လုပ်နိုင်ပါမယ် ။

No comments:

Post a Comment