Friday, October 12, 2018

Musics , Movies တွေကို အချိန်သတ်မှတ်ပေးပြီး ကြည့်မယ် နားထောင်ကြမယ် ။

ဒီလိုဗျ ။ 
ညဆို ကျနော်က တော်တော်နဲ့ မအိပ်တတ်ဘူး ။ 
ညဥ့်နက်သန်းခေါင်မှ အိပ်တယ်ပေါ့ဗျာ ။
ဒီတော့ အိပ်ပျော်အောင်လို့ သီချင်းတွေ နားထောင်တတ်လေ့ ရှိသလို ရံဖန်ရံခါတွေမှာတော့ CM က Movies တွေ ဒေါင်းပြီး ကြည့်တတ်တယ်ဗျ ။ 
ပြဿနာက အဲဒါပဲဗျိုးးး ။ 
သီချင်းနားထောင်တော့ နားထောင်နေရင်း အိပ်ပျော် ။ ဇာတ်ကားကြည့်ပြန်တော့ ကြည့်ရင်း အိပ်ပျော် ။
မနက်မိုးလင်းလို့ အိပ်ယာက နိုးတော့မှပဲ Reverse လုပ်ပြီး ဖွင့်နားထောင်ခဲ့တဲ့ဟာကို ပိတ်ရ ။ အဲ ဇာတ်ကားကြည့်ဖြစ်ရင်တော့ မနက်ကျ ဘယ်အခန်း ဘယ်နေရာမှာ အိပ်ပျော်လို့ ပျော်မှန်း မသိပေါ့ဗျာ ။
အခု ဒီစာကို ဖတ်နေတဲ့ ယူစာတွေထဲမှာလည်း ကျနော့်လိုမျိုး အကျင့်ရှိတဲ့သူ ( ဒါမှမဟုတ် … ) အိပ်ခါနီး သီချင်းနားထောင်လေ့ ရှိတတ်သူ ၊ Videos ကြည့်တတ်သူတွေ ပါမယ် ထင်ပါတယ် ။ 
ကဲ ဝါသနာတူ ( အကျင့်တူတဲ့ … ) သူတွေအတွက် နည်းလမ်းလေး တစ်ခုကို ကျနော်က ဝေမျှပေးမယ်ဗျာ ။ သီချင်းပဲဖြစ်ဖြစ် ၊ ဇာတ်ကားပဲဖြစ်ဖြစ် နားထောင်တဲ့အချိန် ကြည့်တဲ့အချိန်မျိုးမှာ Timer လေးနဲ့ အချိန်သတ်မှတ်ပေးကာ ခင်များတို့ Device ရဲ့ Screen ကို ပိတ်သွားစေပြီး နားထောင်လက်စ ကြည့်လက်စတွေကို Pause အဖြစ် ပြောင်းပေးစေမယ့် နည်းလမ်းလေးပေါ့ဗျာ ။
မဆန်းပြားပါဘူး ရိုးရိုးလေးပါပဲ ။

ခင်များတို့ရဲ့ iPhone , iPad ထဲက ( Clock ) ဆိုတဲ့ Built-in ပါလာပြီးသား App ထဲကို ဝင် ။ ပြီးရင် ညာဖက်အစွန်ဆုံးက ( Timer ) ကို ရှာ ။ တွေ့ရင် သူ့ထဲကို ဝင် ။ 
ကျန်တာကိုတော့ အောက်မှာ ဆက်ပြီး ဖတ်ကြတာပေါ့ဗျာ ။
ဒါကတော့ ( Timer ) ထဲကို ရောက်နေပါပြီ ။
Hours , Min , Sec ဆိုတဲ့ နေရာမှာ ခင်များတို့ သတ်မှတ်ပေးချင်တဲ့ အချိန်တွေကို အပေါ်အောက် ရွှေ့ပေးပြီး ရွေးထားလိုက်ပေတော့ဗျို့ ။
ပြီးရင် …
( When Timer Ends ) ဆိုတဲ့ စာတန်းလေးကို နှိပ်ရပါမယ် ။ Alert အသံပေးတဲ့ Sounds တွေကို တွေ့ပါလိမ့်မယ် ။ အောက်ဆုံးအထိ ဆွဲချလိုက်ပါ ။ 
( Stop Playing ) ဆိုတဲ့ စာတန်းကို တွေ့ရင် ရွေးပါ ။ ညာဖက်အပေါ်က ( Set ) ကို နှိပ်လိုက်ပါ ။

( When Timer Ends ) မှာ ( Stop Playing ) ဆိုတဲ့ စာ ပေါ်နေပြီ ဆိုတော့ ရပြီပေါ့ဗျာ ။ 
ပြီးရင်တော့ ( Start ) ဆိုတဲ့ အစိမ်းရောင် စာတန်းလေးကို နှိပ်လိုက်ပေတော့ဗျို့ ။ 
ကဲ ရပြီဗျာ ။ 
အပြင်ကို ထွက်ပြီး Musics ထဲက သီချင်းတွေ ဒါမှမဟုတ် Movies တွေကို နားပဲထောင်ထောင် ကြည့်ပဲကြည့်ကြည့် လုပ်လို့ ရပါပြီ ။ ခင်များတို့ သတ်မှတ်ပေးထားတဲ့ အချိန်ပြည့်ပြီ ၊ ရောက်ပြီ ဆိုရင်တော့ အလိုအလျောက် Lock Screen ဖြစ်ပြီး Sleep သွားပါလိမ့်မယ် ။
ဒါကတော့ ကျနော်နဲ့ အကျင့်တူတဲ့ ဘော်ဒါယူစာတွေအတွက်ပေါ့ဗျာ ။
ဒါဆို ဘော်ဒါတို့ အိုခေတယ်နော် ။
crd;;;ဇာနည် ( iOS Banker Myanmar )

No comments:

Post a Comment