Wednesday, October 10, 2018

Check Your Service & Support Coverage ဆိုတာဘာလဲ?

Check Your Service & Support Coverage
******************************************
ဆိုတာဘာလဲ?
*************
iDevice users တွေအတွက်အရေးကြီးတယ်လို့ဆို
နိုင်တဲ့ serial number စစ်ဆေးမှုတခုပါ။ iOS Users တိုင်းသိထားသင့်ပါတယ်။ မိမိ iPhone အသစ်တလုံးကိုဝယ်တော့မယ်ဆိုရင်မိမိဝယ်မယ့်ဖုန်းရဲ့ Serial number ကိုအရင်စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Referbish လို့ခေါ်တဲ့
apple official ပြန်ပြင်တဲ့ဖုန်းတွေဖြစ်နေမှာဆိုးလို့ပါ။ မိမိ ကဝယ်ချင်တာအသစ်ပါဒါပေမယ့်မိမိကမစစ်ဆေးလိုက်တော့ဂျင်းမိသွားမှာဆိုးလို့ပါ။ အများစုသိထားတာက imei စစ်ဆေးကြတာပါ၊ အဲ့ဒီစစ်ဆေးမှုကလည်းစစ်ဆေးသင့်ပါတယ်။ ဒါပေမယ့်ပထမဆုံးအနေနဲ့ checkcoverage ကို apple official website မှာအရင်ဆုံးစစ်ဆေးသင့်ပါတယ်။ အောက်ပါပုံ ၂ ပုံကိုကြည့်ပါ။ အနီစာတန်းပေါ်နေတာလည်းဆိုင်ကအသစ်လို့ပြောလိုက်တဲ့ဖုန်းပါ။ ဒါပေမယ့်စစ်ဆေးလိုက်တော့ serial number for product that has been replaced လိုပေါ်နေပါတယ်။ ကျနော်တို့တတွေကမသေချာပေမယ့်ဒီစာတန်းမြင်လိုက်တော့စိတ်ထဲမှာသံသယတွေပေါ်ပါမယ်။ ဒုတိယပုံမှာ iPhone X ရဲ့ serial number ကိုစစ်ဆေးထားတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် users တွေသဘောပေါက်လောက်မှာပါ။ ဆိုလိုချင်တာကမိမိဝယ်မယ့်ဖုန်းကိုအောက်ပါလင့်မှာစစ်ဆေးပေးဖို့ပါပဲ။ ဒါမှလည်း ဂျင်း ရန်မှကင်းဝေးနိုင်မှာပါ။ ရေးသားမှုမှားယွင်းမှုရှိပါကနားလည်ပေးစေလိုပါတယ်။ သူငယ်ချင်းတယောက်မေးလို့လက်တလောဖြစ်လာတာလေးချရေးမိလိုက်တာပါ။ သူငယ်ချင်းကစစ်ခိုင်းတော့စာတန်းအနီပေါ်တော့သွားလည်းခိုင်းလိုက်ပါတယ်။ နောက်ဆုံးပုံက 6plus ပါ ထပ်စစ်ဆေးလိုက်တော့ပုံအတိုင်းမြင်ရတာပါ။ Apple users တွေသတိထားစစ်ဆေးနိုင်ကြပါစေခင်ဗျာ။
စစ်ဆေးရန်လင့်
https://checkcoverage.apple.com
အားလုံးပဲအဆင်ပြေကြပါစေ။



No comments:

Post a Comment