Friday, October 12, 2018

Guided Access ဖြင့် Applications အသုံးပြုခြင်းကို ကန့်သတ်ခြင်း

Guided Access ကို ဘယ်နေရာမှာ အသုံးချမလဲ ? 
Setting ထဲက Accessibility ထဲမှာလည်း တွေ့တယ် ။ Control Center ထဲမှာလည်းတွေ့နေရတယ် ။ 
ဟုတ်ပါပြီ ။ 
ဘယ်နေရာမှာ ဘယ်လို Guided Access က အသုံးဝင်နေလဲ ။ 
ပြောပြမှာပေါ့ ။ 
Guided Access ကို တိုက်ရိုက်ဘာသာပြန်ရင် ယူစာတွေ အဓိပ္ပါယ်ကောက်လွဲသွားလိမ့်မယ် ။
ဒီတော့ …
Guided Access ဆိုတာ ကိုယ့်အိုင်ဖုန်း ၊ အိုင်ပတ်ကို အခြေအနေအရ အခြားတစ်စုံတစ်ယောက်အား ခဏပေးသုံးတဲ့အခါမှာ အသုံးပြုနိုင်တာတွေကို ကန့်သတ်ပေးလိုက်နိုင်တဲ့ iOS ရဲ့ ထူးခြားတဲ့ Option လေးပဲ ဖြစ်ပါတယ် ။
စိတ်ဝင်စားသွားပြီလား ? 
အောက်မှာ ဆက်ပြီး ဖတ်ကြည့်ကြတာပေါ့ ။
Guided Access ကို iOS ရဲ့ Control Center ကနေ တိုက်ရိုက်သွားနိုင်သလို ၊ 
Setting >> General >> Accessibility >> Guided Access ဆိုပြီးလည်း သွားရောက်နိုင်ပါမယ် ။


နဂိုက Off ထားတဲ့ Guided Access ကို On ပေးလိုက်ပါမယ် ။ Guided Access ကို On ပြီးသွားရင် တွေ့ရမယ့် ပုံပဲ ဖြစ်ပါတယ် ။
Passcode Settings ၊ Time Limits ၊ Accessibility Shortcut ဆိုပြီး တွေ့ရပါမယ် ။
အရင်ဆုံး Passcode Settings ထဲကို ဝင်ကြည့်ရအောင်ဗျ ။
Guided Access ကို Passcode သတ်မှတ်ပေးရမယ့် နေရာပဲ ဖြစ်ပါတယ် ။
Set Guided Access Passcode ကို နှိပ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ Passcode ရိုက်ထည့်ပေးရပါမယ် ။ ( ၂ ) ခါရိုက်နှိပ်ပေးရပါမယ် ။ 
ဒီမှာ မပေးချင်သေးလို့ နောက်မှ Passcode ပေးလို့လည်း ရပါတယ် ။ 
Face ID ရှိတဲ့သူတွေ ၊ Fingerprint ID ရှိတဲ့သူတွေကလည်း Guided Access ကို အရေးပေါ် Off ဖို့အတွက် ဖွင့်ထားလို့ ရပါတယ် ။ ( ကျနော်ကတော့ မဖွင့်ထားပါဘူး ။ ကလိတတ်တဲ့ ကျနော့်ဘော်ဒါတွေက Face ID နဲ့ ကျနော့်မျက်နှာကို ပြပြီး Access လုပ်သွားမှာစိုးလို့ပါ ။ )


အခု ဒုတိယတစ်ခုဖြစ်တဲ့ Time Limits ကို ဝင်ကြည့်ပါမယ် ။ Sound ၊ Speak ဆိုပြီး တွေ့ရပါမယ် ။ Sound ကို ဝင်ပြီး Guided Access ရဲ့ သတ်မှတ်ချိန် ပြည့်ခါနီး ( or ) ပြည့်တဲ့အခါကျရင် အချက်ပေးအသံအဖြစ် မြည်ပေးမယ့် Sound ကို စိတ်ကြိုက် ရွေးချယ်ပေးလို့ရပါမယ် ။
ဒါမှမဟုတ် စကားပြောသံနဲ့ အချက်ပေးချင်တယ် ဆိုရင်လည်း Speak ကို On ပေးလို့ရပါမယ် ။
အဲဒီတော့ Accessibility Shortcut ကို On ပေးထားမယ် ။ Off ထားလည်း ကိစ္စမရှိဘူး ။ ဒီ Option ကတော့ အသုံးပြုလည်း ရတယ် ။ မပြုလည်း ရတယ် ။ ဒါပေမယ့် စမ်းသပ်ကြည့်ချင်တဲ့သူတွေအတွက် အမြည်းသဘောမျိုးလေးတော့ ပြောပြလိုက်မယ် ။
Setting >> General >> Accessibility >> Accessibility Shortcut >> အခြားကိုယ်ထည့်ချင်တဲ့ Option Links ကို ရွေး ( Select ) လုပ်ပေးထားမယ် ဆိုရင် Side Button ( Power Button ) ကို ခပ်မြန်မြန် ( ၃ ) ချက်ဆက်တိုက်နှိပ်လိုက်ပါက ကျနော်တို့ ရွေးချယ် အသုံးပြုနိုင်တဲ့ Option Lists တွေ ကျလာမှာပဲ ဖြစ်ပါတယ် ။ အဲဒီတော့မှ Guided Access ကို သုံးမလား ? အခြား Options ကို သုံးမလား ? ကိုယ်ကြိုက်နှစ်သက်သလိုပေါ့ဗျာ ။
Guided Access ကို အသုံးချပုံ နမူနာအနေနဲ့ ကျနော်က Messages ထဲကို ဝင်ပြပါမယ် ။ Messages ထဲကို ရောက်နေပြီဖြစ်တဲ့အတွက် Side Button ( Power Button ) ကို ( ၃ ) ချက်ဆက်တိုက် နှိပ်လိုက်ပြီး Guided Access ကို ဖော်လိုက်ရမှာပဲ ဖြစ်ပါတယ် ။ ဘယ်ဖက်အောက်က Options လေးကို နှိပ်လိုက်ရပါမယ် ။
ကျနော်တို့ ကန့်သတ်ထားချင်တဲ့ Options တွေကို ရွေးချယ်ပြီး On ပေး ၊ Off ပေး လုပ်ရပါမယ် ။
  • Sleep / Wake Button ဆိုတာက Power Button ကို ပြောတာပဲ ဖြစ်ပါတယ် ။ သူ့ကို On ပေးထားရင် ငှါးရမ်းအသုံးပြုသူက Sleep / Wake Button ကို အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ် ။
  • Volume Buttons ကို On ပေးထားပါက ငှါးရမ်းအသုံးပြုသူသည် အသံအတိုးအကျယ်ကိုပါ လုပ်နိုင်မှာ ဖြစ်ပါတယ် ။
  • Motion ကို ဖွင့်ပေးထားပါက ငှါးရမ်းအသုံးပြုသူသည် အိုင်ဖုန်း ၊ အိုင်ပတ်ကို လှုပ်ရှားသယ်ဆောင်မှုပြုနိုင်မှာ ဖြစ်ပါတယ် ။
  • Keyboards ကို On ပေးထားပါက ငှါးရမ်းအသုံးပြုသူသည် Keyboard ကို သုံးနိုင်ပြီး စာရိုက်ခွင့်လည်း ရရှိမှာ ဖြစ်ပါတယ် ။
  • Touch ကို On ပေးထားပါက ဖွင့်ပေးထားတဲ့ Applications အတွင်းမှာ ငှါးရမ်းအသုံးပြုသူသည် အပေါ်အောက် ရွှေ့ခြင်း ပြုခြင်းများကို ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ် ။
  • Time Limits ကို ဖွင့်ပြီး အချိန်ကန့်သတ်ချက်ကို စိတ်ကြိုက်သတ်မှတ်ပေးပြီး ငှါးရမ်းအသုံးပြုခွင့်ပေးနိုင်မှာပဲ ဖြစ်ပါတယ် ။
    Hours & Minutes ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ် ။ ကိုယ်သတ်မှတ်ပေးချင်တဲ့ အချိန်ကို ရွှေ့ပေးလိုက်ပါ ။ ပြီးရင်တော့ Done ပေါ့ ။

    Guided Access ရဲ့ Passcode Setting မှာ ကျနော်က Passcode မသတ်မှတ်ပေးခဲ့ပါဘူး ။ ဒါကြောင့် အခုမှ တောင်းတာပဲ ဖြစ်ပါတယ် ။ ကိုယ်နှစ်သက်ရာ Passcode ကို ရိုက်ထည့်ပေးမယ် ။ Comfirm ဖြစ်အောင်လို့ ( ၂ ) ခါ ရိုက်ထည့်ပေးရပါမယ် ။
    ပြီးသွားပြီဆိုရင် …


    ကျနော်တို့ ကိုယ့်ရဲ့ အိုင်ဖုန်း ၊ အိုင်ပတ်ကို ငှါးရမ်းပေးလိုက်မှာ သေချာသွားပြီဆိုရင် ( Start ) ကို နှိပ်လိုက်ရပါမယ် ။ 
    ကျနော်တို့ သတ်မှတ်ပေးထားတဲ့ ကန့်သတ်ချက်အတိုင်း ငှါးရမ်းအသုံးပြုသူမှ အသုံးပြုခွင့် ရရှိမှာပဲ ဖြစ်ပါတယ် ။ သတ်မှတ်ချိန် ပြည့်ခါနီးလျှင် ကိုယ် Select လုပ်ထားတဲ့ Alert Sound သံနဲ့အတူ ကျန်ရှိတဲ့ ပေးအပ်ထားတဲ့ အချိန်ကိုပါ အိုင်ဖုန်း ၊ အိုင်ပတ်ရဲ့ စကရင်ပေါ်မှာ ဖော်ပြပေးပါလိမ့်မယ် ။ 
    အချိန်ပြည့်သွားပြီ ဆိုပါက စကရင်ပေါ်မှာ Time Expired ဆိုတဲ့ စာတန်းလေးပေါ်လာပြီး ငှါးရမ်းအသုံးပြုခွင့်လည်း ရပ်သွားမှာ ဖြစ်ပါတယ် ။ Guided Access ကို ဖော်တဲ့ Side Button ( Power Button ) ကို ( ၃ ) ချက်ဆက်တိုက် ခပ်မြန်မြန်လေး နှိပ်လိုက်မှသာ Passcode တောင်းတဲ့ Option လေး ပေါ်လာမှာပဲ ဖြစ်ပါတယ် ။ 
    အဲဒီတော့မှပဲ ထပ်မံ ငှါးရမ်းပေးချင်ပါက Resume ကို နှိပ်ပေးလိုက်ရပါမယ် ။ 
    မငှါးတော့ဘူး ဆိုပါက ဘယ်ဖက်အပေါ်က End ကို နှိပ်ပေးပြီး Guided Access အသုံးပြုမှုကို ရပ်ပေးလိုက်ရုံပါပဲ ။
    ကဲဗျ ။ 
    Guided Access ကို အသုံးပြုပြီး ကိုယ့်ရဲ့ အိုင်ဖုန်း ၊ အိုင်ပတ်ပေါ်ရှိ Applications များ အသုံးပြုခြင်းကို အချိန်အကန့်အသတ် ၊ လုပ်ဆောင်နိုင်ချက် အကန့်အသတ်များဖြင့် သူငယ်ချင်းအပေါင်းအသင်းရောင်းရင်းများကို ( မတတ်သာလို့ ငှါးခဲ့ရသည်ရှိသော် … ) စိတ်ချ လက်ချ ငှါးရမ်းပေးနိုင်ပါပြီခင်ဗျာ ။ 
    အားလုံးအဆင်ပြေကြပါစေ ။
    crd ;; ဇာနည် ( iOS Banker Myanmar )

No comments:

Post a Comment