Tuesday, October 2, 2018

iPhone X , iPhone XS and iPhone XS Max တို့အတွက် အလန်းစား Gestures များ 😍😍😍

iPhone 7 , 7 Plus တို့ ၊ iPhone 8 , 8 Plus တို့ကနေ ပြောင်းလဲ သုံးစွဲကြမယ့် ယူစာတွေအတွက် ဒီ Gestures လေးတွေ သိထားဖို့ လိုပါလိမ့်မယ် ။ 
iPhone X , XS နဲ့ XS Plus တို့မှာ Home Key လို့ ခေါ်တဲ့ Touch ID Button မပါတော့တဲ့အတွက် ဒီ Gestures လေးတွေက တကယ့်ကို အလန်းစား Features လေးတွေပဲ ဖြစ်ပါတယ် ။ 

( 1 ) Tap or Raise to Wake
iPhone X , XS & XS Max တို့ရဲ့ Display Screen ပေါ်က ကြိုက်တဲ့ နေရာကို Tap လုပ်လိုက်ပါ ။ Screen က Wake Up ဖြစ်သွားပြီး ဖုန်းကို အသုံးပြုနိုင်ဖို့အတွက် ” Swipe up to unlock ” ဆိုတာလေးက သင့်ကို ကြိုဆိုနေပါလိမ့်မယ် ။ ဒီ Gesture ကိုတော့ Tap to Wake လို့ ခေါ်ပါတယ် ။ 
ဒါမှမဟုတ် ဖုန်းကို ကိုင်ပြီး မြှောက်လိုက်တာနဲ့ အလိုအလျှောက် Lock Screen လင်းလာစေနိုင်ပါသေးတယ် ။ ဒါဆို ” Swipe up to unlock ” ကလဲ သင့်ကို ကြိုဆိုနေဦးမှာပဲ ဖြစ်ပါတယ် ။ ဒါကတော့ Raise to Wake Gesture ပဲ ဖြစ်ပါတယ် ။ 
Apple ဟာ iPhone X , XS နဲ့ XS Max တို့မှာ Home Key ထည့်မပေးထားပေမယ့် Home Key လိုပဲ အသုံးဝင်တဲ့ Home Bar လေးကို ထည့်သွင်းပေးထားပါတယ် ။ 
Home Bar လေးက Screen ရဲ့ အောက်ခြေနားမှာ အမြဲပေါ်နေမှာပဲ ဖြစ်ပါတယ် ။ သူ့နားလေးကို ဖိထားပြီး အပေါ်ကို ဆွဲတင်ပေးလိုက်တာနဲ့ ဖုန်းရဲ့ Lock Screen က ပွင့်သွားမှာပဲ ဖြစ်ပါတယ် ။ 
ဒါဆို iPhone X , XS နဲ့ XS Max တို့မှာ Home Key မရှိပေမယ့် Tap to Wake , Raise to Wake , Home Bar လေးတို့တွေက သင်တို့ကို စိတ်ကျေနပ်မှု ရရှိစေမှာပဲ ဖြစ်ပါတယ် ။ 
သူတို့ကို အသုံးပြုဖို့အတွက်ကတော့ … 
Setting >> Display & Brightness >> Raise to Wake ကို On ပေးထားပါ ။ 
နောက်တစ်ခုကတော့ … 
Setting >> General >> Accessibility >> Tap to Wake ကို On ထားပေးလိုက်ပါ ။ 
( 2 ) Lock screen Gestures
Lock Screen Gestures ဆိုတဲ့အတွက် ဖုန်းထဲကို မဝင်ရပဲ Lock Screen ပေါ်ကနေပဲ ရရှိနိုင်မယ့် Features တွေပဲ ဖြစ်ပါတယ် ။ 
ဖုန်းရဲ့ ဘယ်ဖက်ကို ပွတ်ဆွဲလိုက်ရင် Camera App ထဲကို တစ်ခါထဲ တန်းဝင်ရောက်သွားပါမယ် ။ 
ညာဖက်ကို ပွတ်ဆွဲရင်တော့ Widgets တွေ ရှိတဲ့ Today View နေရာကို ရောက်ပါမယ် ။ 
ညာဖက်အပေါ်ဒေါင့်လေးကနေ ဖိပြီး ဆွဲလိုက်ရင် Control Center ကို ရောက်ပါမယ် ။ 
ဘယ်ဖက် အပေါ်ဒေါင့်လေးကနေ ဆွဲရင် Notifications တွေကို ကြည့်ရှုနိုင်မယ့် နေရာ ။ 
ကဲ ဘာလိုသေးတုန်းဗျာ ။ 
ဒါတွေကို ကိုယ်မသိပဲ သူများ အသုံးပြုသွားမှာ ကြောက်ရင်လည်း ပိတ်ထားလို့ ရသေးတယ်ဗျာ ။ 
( အဲ .. Camera App ကိုတော့ ပိတ်ထားလို့ မရဘူး 😬 ) 
Setting >> Face ID & Passcode >> Allow Access When Locked >> Today View ကို Off ထားပေးလိုက်ပါ ။ 
Setting >> Face ID & Passcode >> Allow Access When Locked >> Control Center ကို Off လုပ် ပေးထားလိုက်ပါ ။ 
Setting >> Face ID & Passcode >> Allow Access When Locked >> Notification Center ကို Off ထားလိုက်ဗျ ။ 
ကဲ အဆင်ပြေပြီနော် 😍 
( 3 ) Unlock
iPhone X , XS နဲ့ XS Max တို့မှာ Face ID Feature ပါတဲ့အတွက် ဖုန်းရဲ့ Screen ပေါ်က Home Bar လေးကို ဖိပြီး အပေါ်ကို ဆွဲတင်လိုက်တာနဲ့ တပြိုင်နက် Face ID က Unlock ဖြစ်ပြီး ဖုန်းရဲ့ Home Screen ပေါ်ကို တန်းရောက်သွားမှာပဲ ဖြစ်ပါတယ် ။ 
သင့်ရဲ့ မျက်နှာနဲ့ ဖုန်းရဲ့ Screen လွဲချော်နေတယ် ဆိုရင်တော့ Face ID က Unlock မဖြစ်ပဲ Passcode တောင်းခြင်းကိုတော့ ခံရနိုင်ပါတယ် ။ 

( 4 ) Going Back to Home Screen
ဘယ်ထဲကိုပဲ ရောက်နေနေ ၊ ဘယ်ဂိမ်းကိုပဲ ဆော့ဆော့ ၊ ဘယ်ဆော့ဝဲလ်ထဲ ဝင်နေနေ Home Bar လေးကို ဖိပြီး အပေါ်ကို ဆွဲတင်ပေးလိုက်တာနဲ့ Home Screen ပေါ်ကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ် ။ ( Home Bar ကို မဖိပဲ အပေါ်ကို ဖြတ်ခနဲ ဆွဲလိုက်လဲ ရတယ် ) 
ဒါက Home Key ကို နှိပ်ရင် ရရှိမယ့် Gestures တွေကို Home Bar မှာ ထည့်ပေးထားတာပဲ ဖြစ်ပါတယ် ။

( 5 ) Access App Switcher
App Switcher လို့ ခေါ်တဲ့ Multitasking View ကို ခေါ်ယူဖို့အတွက် Home Bar လေးကို ဖိပြီး အလယ်လောက်အထိ ဆွဲလိုက် ရပါမယ် ။ ပြီးရင် ခန ရပ်ပြီး ဒုတ်ဆိုတဲ့ ခံစားချက်လေး ရရှိရင် လက်လွှတ်ပေးလိုက်ပါ ။ ဒါဆို App Switcher ကို ရောက်ပါပြီ ။ 
Haptic Feedback လို့ ခေါ်တဲ့ ဒုတ်ဆိုတဲ့ ခံစားချက်လေး မရရင်တော့ App Switcher ကို မရောက်ပဲ Home Screen ပေါ်ကိုပဲ ရောက်ရှိသွားပါလိမ့်မယ် ။ 
ဒီတော့ Home Bar လေးကို ဖိပါ ။ အပေါ်ကို ဆွဲလာပါ ။ ခန ရပ်လိုက်ပါ ။ ဒုတ် ဆိုမှ လက်ကို လွှတ်လိုက်ပါလို့ 😬 
ဪ ဒီ Gesture ကို သင့်ရဲ့ ဖုန်း Screen Rotate ဖြစ်နေရင်လည်း အသုံးပြုလို့ ရပါတယ် ။ 

( 6 ) Force Quit Apps
အခု သင်ဟာ App Switcher ထဲကို ရောက်ရှိနေပါပြီ ။ အသုံးပြုခဲ့ , ဝင်ရောက်ခဲ့တဲ့ Apps တွေကို Kill or Force Close လုပ်မယ်ပေါ့ ။ တစ်ခုချင်းစီကို ဖိပြီး အပေါ်ကို ဆွဲတင်လိုက်ပါ ။ 
Force Close လုပ်သွားလို့ ကုန်ပြီဆိုရင် Home Screen ပေါ်ကို ပြန်ရောက်ရှိ သွားပါလိမ့်မယ်ဗျ ။ 

( 7 ) Quickly Switch Between Recent Apps
အသုံးပြုခဲ့ , ဝင်ခဲ့တဲ့ Apps တွေက အများကြီး ။ 
Back ပြန်သွားပြီး ကြည့်ချင်တယ် ။ 
Force Close လဲ မလုပ်ထားဘူး ။ 
အမြန်ဆုံးလဲ ပြန်သွားချင်တယ်ပေါ့ ။
Okay လေ ။ 
ရောက်ရာနေရာကနေ Home Bar လေးကို ဖိပြီး ညာဖက်ကို ဆွဲသွားလိုက် ။ 
ဖွင့်ထား ဝင်ထားတဲ့ Apps တွေ အကုန်လုံးဆီကို Home Bar လေး ဘယ်ညာ ဖိဆွဲသွားပြီး ရှာကြည့် ပြန်ဝင်သွားလိုက်ရုံပဲလေ 😍
ကဲ မြန်လည်းမြန် အချိန်ကုန်လည်း သက်သာတယ် ဟုတ် ?
( 8 ) Access Control Center
ဒါကတော့ အပေါ်မှာလည်း ပြောပြပြီးပါပြီ ။ 
Control Center ကို အသုံးပြုချင်တယ်ဆိုရင် ညာဖက်အပေါ်ဒေါင့်လေးကို ဖိပြီး အောက်ကို ဆွဲချလိုက်ရုံပါပဲ ။ 
ဒါဆို သင့်ဖုန်းရဲ့ Battery ရာခိုင်နှုန်းကို မြင်တွေ့နိုင်ပါမယ် ။ Cellular Data ကိုလည်း အဖွင့် အပိတ် လုပ်နိုင်မှာ ဖြစ်သလို အခြားသော ထိမ်းချုပ်မှုတွေကိုလည်း ပြုလုပ်နိုင်ပါဦးမယ် ။ 
( 9 ) Access Notifications
Control Center နဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့ Screen ရဲ့ ဘယ်ဖက် အပေါ်ဒေါင့်ကနေ အောက်ကို ဖိပြီး ဆွဲချလိုက် ရပါမယ် ။ 
ဒါဆို Lock Screen ပေါ်က Notification Center ကို ရောက်ရှိသွားပါလိမ့်မယ် ။

( 10 ) Quickly Open The Last Used App from Home Screen
ကိုယ်က Home Screen ပေါ်မှာ ။ 
ခုနက နောက်ဆုံး အသုံးပြုထားတဲ့ Apps ထဲကို တစ်ခါထဲ ပြန်သွားချင်တယ်ပေါ့ ။ 
Home Bar ရဲ့ ဘယ်ဖက်ဘေးနားကနေ ဒါမှမဟုတ် Home Bar ကို ဖိပြီး ဖြတ်ခနဲ ညာဖက်ကို ပွတ်ဆွဲလိုက်ပါ ။ 
ကဲ အခုဆို သင်နောက်ဆုံး အသုံးပြုထားခဲ့တဲ့ App ထဲကို မြန်မြန်ဆန်ဆန်ပဲ ပြန်ရောက်သွားပါပြီ 😍
( 11 ) Reachability
Reachability ကို အသုံးပြုမယ် ဆိုရင်တော့ … 
Setting >> General >> Accessibility >> Reachability ကို On ထားပေးဖို့ လိုပါမယ် ။ 
On ထားပြီးပြီ ။ 
အခု အသုံးပြုတော့မယ်ဆိုရင် Home Bar လေးကို ဖိပြီး အောက်ကို ဆွဲချလိုက်ပါ ။ 
ဖုန်း Screen ရဲ့ အပေါ်ပိုင်းက လွတ်သွားပြီး အသုံးပြုနေတဲ့ Apps ဒါမှမဟုတ် Home Screen က ဖုန်းရဲ့ အလယ်နားလောက်ကို လျှောဆင်းသွားပါလိမ့်မယ် ။ 
ဒါဆို Okay ပြီပေါ့ ။ 
သင့်ရဲ့ လက်တစ်ဖက်နဲ့ပဲ Screen ပေါ်က Apps တွေကို ထိမ်းချုပ်လို့ ရပြီပေါ့ ။ 
မူလ Screen အတိုင်း ပြန်ဖြစ်ချင်တယ်ဆိုရင် Screen အလယ်က မျှားလေး ပြထားသလို အပေါ်ကို ဆွဲတင်လိုက်ရုံပါပဲ ။ 
( 12 ) Search Using Spotlight
အခု သင်က Home Screen ပေါ်မှာ ။ 
Screen ရဲ့ အပေါ်နား အလယ်ကနေပြီး အောက်ကို ဖိဆွဲလိုက်ရင် … 
အဲဒါကို Spotlight Search လို့ ခေါ်ပါတယ် ။ 
အဲဒီက Search နေရာကနေပြီး Apps တွေ , ဖုန်း Contacts တွေ ရှာဖွေလို့ ရသလို iOS 12 ရဲ့ Feature ဖြစ်တဲ့ Siri Suggestions နဲ့ပါ တွဲပြီး အသုံးပြုနိုင်ပါဦးမယ် ။ 
( 13 ) Go Back to the First page of the Home Screen
ကိုယ်က Home Screen ရဲ့ နောက်ဆုံး Page မှာ ရောက်နေလို့ ရှေ့ဆုံးက Page ကို ပြန်သွားချင်ရင်လည်း Home Bar နေရာလေးကို အောက်ကနေ အပေါ်ကို ဖြတ်ခနဲ ပွတ်ပေးလိုက်ရုံပါပဲ ။
( 14 ) Exit the Jiggle mode
သင်က မလိုအပ်တဲ့ အသုံးမပြုဖြစ်တဲ့ Apps တွေကို Delete လုပ်ပြီ ။ Apps တွေကို Delete လုပ်ပြီးရင် Home Key ကို နှိပ်ပြီး Jiggle Mode ကနေ ထွက်ရမှာ ။ 
Home Key မပါတဲ့ သင်တို့အတွက် ညာဖက်အပေါ် ဒေါင့်လေးနားမှာ ” Done ” ဆိုတာလေး ရှိသဗျ ။ Done ကို နှိပ်ပြီး Jiggle Mode ကနေ သာသာယာယာ ထွက်လိုက်ရုံပါပဲ 😬 
 အဆင်ပြေကြပါစေဗျားးးးးး






No comments:

Post a Comment