Monday, October 29, 2018

iOS က Android ထက် သာရတယ့် အကြောင်းအရင်း

ဒီမနက် iOS Banker Myanmar Group Admin Team က iOS က Android ထက် သာရတယ့်အကြောင်းအရင်းကို ပြောပေးကြဖို့ Post တင်ထားတာတွေ့လိုက်ရပါတယ်
ဒီအချက်တွေကတော့ ကျနော့်အနေနဲ့ ဘယ်လို ထင်လဲဆိုတာကို မျှဝေတာပါ။
သဘောထားကွဲလွဲမှုများကို လွတ်လပ်စွာပြောပြပေးပါဗျ။ ကျနော်က နုသေးတော့ အမှားပါနိုင်ပါတယ်။
System Optimization
iOS Devices တွေအားလုံးဟာ စနစ်ကျတဲ့ OS ထိန်းသိမ်းမှုကြောင့် specs တွေဟာ ဂဏန်းကြီးကြီးမားမားမရှိသည့်တိုင် လျှင်မြန် တုံ့ပြန်စွမ်းကောင်းတဲ့ User Experience ကိုပေးနိုင်ပါတယ်။ ဥပမာ iPhone X လိုဖုန်းတစ်လုံးဟာ တခြား Android Flagship တွေRAM 6GB တွေ 8GB တွေရှိနေတဲ့အချိန်မှာ သူကတော့ 3GBပဲရှိတယ်… ဒါပေမဲ့ OS Optimization ကြောင့် သူ့ရဲ့ Quality က ရွှေပါပဲ။
ပြီးရင် iOS ဟာ Customziable မဖြစ်ပါဘူး။ ဒါဟာစိတ်ကြိုက်သုံးချင်တဲ့သူတွေအတွက် မကောင်းပေမဲ့ အကောင်းဘက်ကစဉ်းစားရင် ဒီလို ပကာသနတွေမထည့်ခြင်းကြောင့်လည်း System Optimization ဟာပိုထိရောက်ပြီး သုံးစွဲသူတွေအတွက် လွယ်ကူရိုးရှင်းပြီး လျင်မြန်တဲ့အထိအတွေ့တွေကို ပေးနိုင်တာပါ။
Software Updates
iOS Device တွေအားလုံးဟာ Apple ကနေပေးတဲ့ Software Update တွေကို ဘာကြားခံနယ်မှမလိုပဲ ချက်ချင်းတိုက်ရိုက်အသုံးပြုနိုင်ပါတယ်။ Android မှာဆိုရင် Stock Android လို့ခေါ်တဲ့ Android သန့်သန့် ရှိတဲ့ဖုန်းရှားပါတယ်။ Android Version ကိုအခြေပြုပြီး ဖုန်းထုတ်တဲ့ ကုမ္မဏီအများစုဟာ Original Equipment Manufacturer (OEM) ဖြစ်ကြပြီး ပြုပြင်ထားတဲ့ Software Update တွေကိုပဲထုတ်လုပ်တာများပါတယ်။ ဥပမာ – MIUI, ColorOS, TouchWiz။ အဲ့လိုဖြစ်တော့ Android User အများစုဟာ Android Company ကပေးတဲ့ Software Update ကို တိုက်ရိုက်မရဘဲ OEM Updates တွေကိုစောင့်ရပါတယ်။ ဒါ့အပြင် Android ကပေးတဲ့ Security updates တွေကိုလည်း နောက်ကျမှရပါတော့တယ်။ခုဆို Android Version ဟာ 9ကို ရောက်နေပါပြီ… ဒါပေမဲ့ ဒါကို လိုက်မှီသူက လက်တစ်ဆုပ်စာပဲရှိနိုင်ပါတယ်။ ဒီလိုပြသနာတွေဟာ iOS Device တွေမှာမရှိပါဘူး။
Security
iOS Device တွေဟာ Security Policy နဲ့ပက်သက်လာရင် သိပ်ကို စည်းကမ်းကြီးပါတယ်။ မြင်သာအောင်ပြောရမယ်ဆို App Installation ပါ… အများစုက iOS ဟာ ကျဉ်းကြပ်တယ် မလွတ်လပ်ဘူးလို့ပြောတတ်ကြပါတယ်… ဒါပေမဲ့ ဒီလိုဖြစ်တာဟာ သုံးတဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကြောင့် ဖြစ်တယ်ဆိုတာ စာရေးသူကျနော်သိတာ သိပ်မကြာသေးပါဘူး။ ဟုတ်ပါတယ် iOS Device တွေဟာ Appstore လို့ခေါ်တဲ့ Digital Marketplace တစ်ခုကလွဲရင် ကျန်တဲ့နေရာကနေ App Installation လုပ်လို့မရပါဘူး(Developer Signed Apps ကတော့ တစ်မျိုးပေါ့) ဘာလို့လဲဆိုရင် Apple ဟာ သူတို့က Verify မလုပ်ထားတဲ့ Appတွေကို သူ့User တွေထံ မပေးချင်ပါဘူး.. တချို့ App Developer တွေဟာ သူတို့ App ထဲမှာ Spyware လို့ခေါ်တဲ့ ခိုးကြည့်တဲ့စနစ်တွေထည့်ထားတတ်လို့ တွေ့ကရာနေရာကတင်ထားတာမျိုးက ဒေါင်းမိရင် သုံးစွဲသူရဲ့ လုံခြုံမှုကို ထိခိုက်လာနိုင်ပါတယ်။ Appstore ဟာလည်း Google Play Store လိုမဟုတ်ဘဲ သေချာစိစစ်ထားတဲ့ Appတွေကိုပဲ တင်ထားတဲ့အတွက်ကြောင့် အောကား appတွေ မဟုတ်တရုတ်တွေကို တွေ့မှာမဟုတ်ပါဘူး။ ဒါဟာ အားသာချက်တစ်ခုပါ
(ပြီးတော့Appstore ဟာ Location-based မဟုတ်ဘဲ ကိုယ်ကြိုက်တဲ့ region ကို ရွေးလို့ရတဲ့အတွက် This app is not available in your region ဆိုတာကြီးမရှိပါဘူး)
နောက်တစ်ခုဟာ နောက်ပိုင်း iOS ဟာ Privacy နဲ့ပက်သက်ပြီး သိပ်ကို စည်းကမ်းကြီးပါတယ်။ iOS 11.4.1 ကနေစပြီး USB Accessories တွေကို Lock Screen မှာ Blockလို့ရတဲ့ Feature ဟာ ကိုယ့်ဖုန်းကို ကွန်ပြူတာနဲ့ join ပြီး hack ခြင်းကို ကာကွယ်နိုင်ပါတယ်… Firmware အသစ်တင်လို့ ပြန်ရခဲ့မယ်ဆိုရင်တောင် iCloud Lock ဖြစ်သွားပြီး ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေဟာ လုံးဝ ပါသွားမှာ မဟုတ်ပါဘူး
တခြား Secutiy Option တွေလည်းရှိပါသေးတယ် ရှည်လို့မပြောတော့ပါဘူး
Apple ID
Apple ID ဆိုတာ iOS Product တစ်ခုရဲ့ အသက်ပါ။ ပြီးတော့ တုနှိုင်းမဲ့ပါ။ Apple ID ဟာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ(Photo, Messages, Notes, Contacts, App Data) စတဲ့ အချက်အလက်တွေကိုပါမက နောက်ပိုင်း iOS Version တွေမှာ Login Passwords တွေ Payment info တွေကိုပါ သိုလှောင်ထားနိုင်ပါတယ်။ ပြီးတော့ ဘယ် iOS Device ကိုကိုင်ကိုင် ဒီ Apple ID ကသာ ကိုယ့်လက်ထဲမှာ ရှိနေရင် အဲ့ထဲမှာ ရှိသမျှ information တိုင်းဟာ ဝင်ထားတဲ့ iOS Device တွေမှာ ညီတူညီမျှရှိနေမှာပါ။ ဥပမာ ကိုယ့် iPhone အဟောင်းကနေ အသစ်ပြောင်းလို့ Data တွေကျန်ခဲ့မှာ စိတ်ပူစရာမလိုပါဘူး ဖုန်းအဟောင်းထဲမှာ သာ Apple ID နဲ့ Sync လုပ်ခဲ့ဖူးရင် ကိုယ်လဲလိုက်တဲ့ ဖုန်းအသစ်မှာလည်း အချက်အလက်တွေ အကုန်ပြန်ပါလာမှာပါ။ Android မှာကျတော့ Primary Account ကတစ်ခုမက ရှိနေတတ်ပါတယ် အဓိကအားဖြင့်တော့ Google Account ဆိုတာပါပေမဲ့ OEM တွေလက်ချက်ကြောင့် Mi ဆိုရင် Mi Account ဆိုတာပါလာတယ် Samsung ဆိုရင် Samsung Account ဆိုတာပါလာတော့ ဖုန်းအသစ်စဝယ်ကတည်းက အကောင်းတစ်ခုထက်ပိုပြီးLogin တွေလုပ်ရတော့ သိပ်ရှုပ်ပါတယ်။ ပြီးတော့ ဖုန်းတစ်လုံးတည်းမှာ ဒီလို Primary အကောင့်တွေများနေတာဟာ သိပ်ကိုစိတ်ရှုပ်စရာကောင်းပါတယ်။ (ပြီးတော့ Find My iPhone, Find My Friends, iCloud Drive စတဲ့ Apple ID နဲ့ဆက်စပ်နေတဲ့ Service တွေဟာ သိပ်အသုံးဝင်ပါတယ်။)

Apps Quality
iPhone တို့ iPad တို့မှာApp သုံးရတဲ့ feel တွေက Android နဲ့ အရမ်းကွာတယ်ဆိုတာတော့ iOS သုံးတဲ့သူတိုင်းသိမှာပါ။ ဒါဟာ Apple ရဲ့ App Quality Control ကြောင့်ဖြစ်ပါတယ်။ Apple ရဲ့ User Interface Kit (UI Kit) တွေဟာ Developer တွေကို ချောမွေ့ပြီး ကောင်းမွန်တဲ့ App တွေကို ဖန်တီးစေနိုင်ပါတယ်။ ဒါ့အပြင် iPhone တွေဟာ Screen Aspect Ratio တွေများများစားစားမရှိတဲ့အတွက်ကြောင့် App တွေကို Screen Size နဲ့ ကွက်တိဖြစ်ပြီး စနစ်ကျကျ run လို့ရအောင်လုပ်ဖို့ developer တွေ သိပ်စိတ်မရှုပ်ရပါဘူး။ Android app တွေဟာ မကောင်းတာမဟုတ်ဘူးကောင်းပါတယ်။ ဒါပေမဲ့ iOS app တွေကိုတော့ အခုထိမမီသေးပါဘူး။
Apple Ecosystem
ဒါဟာ Apple ID တစ်ခုတည်းကို iOS Device တစ်ခုထက်ပိုသုံးတဲ့ သူတွေ သိပါလိမ့်မယ်။ Apple ရဲ့ ဂေဟစနစ်ဟာ စနစ်အကျဆုံးနဲ့ အထိရောက်ဆုံး ဂေဟစနစ်ဖြစ်ပါတယ်။ ဥပမာဆိုပါတော့… iPhone တစ်လုံးနဲ့ Macbook တစ်လုံးရှိသူဟာ နှစ်ခုစလုံးမှာ Apple ID တစ်ခုထဲနဲ့ဝင်ပြီး တူညီတဲ့ Network ကိုချိတ်ဆက်ထားတယ်ဆိုရင် သူတို့ဟာ ညီအစ်ကိုဖြစ်သွားပါတယ်။ ဖုန်းလာတာကို Mac ကနေကိုင်လို့ရတယ်။ မက်ဆေ့ကို Mac ကနေ အပေးအယူလုပ်လို့ရတယ်။ iPhone ထဲက Notes တွေ Photo တွေ Contacts အကုန်လုံးကို Mac ကနေ စီမံလို့ရတယ်။ ပိုမိုက်တာက တစ်ခုကနေ Copy လုပ်ထားတဲ့ စာသားတွေကို နောက်တစ်ခုမှာ Paste လို့ရတယ်.. အများကြီးကျန်ပါသေးတယ်။ ဒီလိုလုပ်ဖို့ နောက်ထပ်ဘာ Software မှမလိုပါဘူး… ဒါဟာ Apple ကနေဖန်တီးထားပေးတဲ့ Ecosystem ပါ… ဒါတွေကတော့ Android မှာ ရှိလာမှာမဟုတ်ပါဘူး
Apple-designed Processors
Apple ရဲ့ A11 Chip တို့ A12 Bionic Chip တို့ဘာတို့ ကြားဖူးလောက်မှာပေါ့…(Processor Chips တွေဆိုတာ ဖုန်းတစ်လုံးရဲ့ ဦးနှောက်လို့ အလွယ်မှတ်ပါ) ဒီ ချစ်ပ်ပြားတွေဟာ Samsung ကနေမှာယူတယ်ဆိုပေမဲ့ သူတို့မှာယူတယ်ဆိုတာ ကုန်ကြမ်းပါ.. ဒီကုန်ကြမ်းတွေကို အချောသပ်ပြီး အားလုံးသိတဲ့ iPhone ဆိုတဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းတွေကို အသက်သွင်းပေးတာဟာ Apple ရဲ့ ကြိုးစားမှုပါ။ Android အများစုဟာ Snapdragon Chip တွေကို သုံးကြပါတယ် အဲ့လိုပါပဲ iPhone တွေကတော့ A Series Chip တွေကို သုံးပါတယ်။ Apple ရဲ့ Chips တွေဟာ မြန်လှပါပြီရဲ့ဆိုတဲ့ Snapdragon 845 ထက်ကို ပိုမြန်ပြီး A12 Bionic နဲ့ A11 Bionic chip ဟာဆိုရင် ကမ္ဘာ့အမြန်ဆုံး Smartphone Processor အဖြစ် ရပ်တည်နေပါတယ်။(ဒီမှာရှု-https://www.notebookcheck.net/Smartphone-Processors-Benchmark-List.149513.0.html) ဒါဟာ iOS ပိုင်ရှင်တွေသာ ခံစားရမယ့် ကမ္ဘာတစ်ခုပါ။
ARKit
ဒီခေတ်နောက်ပိုင်းမှာ Argumented Reality လို့ခေါ်တဲ့ ဝတ္တုယောင် နည်းပညာဟာ သိပ်ခေတ်စားလာပါတယ်။ Pokemon Go ဆိုတာ သိပ်ထင်ရှားတဲ့ AR-based ဂိမ်းပါ။ ဒီနေရာမှာ Apple ရဲ့ AR နည်းပညာကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပါပဲ။ Apple ဟာ ARKit ဆိုတဲ့ နည်းပညာနဲ့ သူတို့ရဲ့ Developer တွေကို ကောင်းမွန်အဆင့်မြင့်တဲ့ ARနည်းပညာတွေကို ဖန်တီးစေနိုင်ပါတယ်။ ဒါကြောင့် iPhone သုံးနေကျလူတစ်ယောက်ဟာ Android ပြောင်းကိုင်လိုက်ရင် ရုတ်တရက်အော်ဂလီဆန်သွားနိုင်ပါတယ်။ iOS 12 ကိုင်တဲ့သူတိုင်းဟာ AR အစွမ်းကို Measure ဆိုတဲ့ Appမှာ ရှိုးလို့ရပါတယ်။တခြားအထင်ရှားဆုံးဥပမာကတော့ Snapchat မှာရှိတဲ့ AR Effects တွေပါ။
User Support
Apple ဟာ သူတို့ကိုယ်တိုင်ရဲ့ Quality ကိုထိန်းသိမ်းရာမှာ ဂရုစိုက်ရုံတင်မကဘူး သူတို့ ထုတ်ကုန်တွေ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကိုလည်း အစဉ်အမြဲ ဂရုစိုက်ပါတယ်။ (သိန်းဆယ်ကျော်တန်ဖုန်းဝယ်ထားပြီးတော့မှ ပလစ်ခံရတယ်ဆိုရင် ဘယ်user ကမှ ခံနိုင်မှာမဟုတ်ပါဘူးလေ) Apple ရဲ့ user support ဟာ တခြားဖုန်းကုမ္မဏီတွေထက် ပိုပြီးကောင်းတယ်လို့ အသိအမှတ်ပြုခံရပါတယ်။ Apple ဟာ Device တိုင်းအတွက် သီးသန့်ဖြစ်တဲ့ ထောက်ပံ့မှုစနစ်တွေရှိပါတယ်။ Apple Support ဆိုတဲ့ app(https://itunes.apple.com/us/app/apple-support/id1130498044?mt=8) သုံးဖူးတဲ့သူများ သိပါလိမ့်မယ်။ Apple ဟာ customer လိုအပ်ချက်တွေကို Forum-based discussion နဲ့ထောက်ပံ့ပေးရုံသာမက တစ်ဥိးချင်းစီရဲ့ လိုအပ်ချက်ကို 24နာရီ 7ရက်လုံးအချိန်မရွေး Live Chat support ကနေလည်း ဝန်ဆောင်မှုပေးပါတယ်။ မသိသေးသူများ စမ်းကြည့်နိုင်ပါတယ်။ အင်္ဂလိပ်လိုတော့ရေးရတာပေါ့ဗျာ။ ဒါဟာ တော်ရုံတန်ရုံကိစ္စတွေကို ဖုန်းဆိုင်ပြေးစရာမလိုတော့တဲ့အတွက် အသုံးပြုသူတွေကို စိတ်ချမ်းသာစေပါတယ်။
ဒါတွေကတော့ ကျွန်တော် သိသလောက် iOS ရှုထောင့်ကနေကြည့်ထားတဲ့ iOS က Android အပေါ် သာတဲ့ အချက်တွေပါ။
crd;;Khant Thura ( iOS Banker Myanmar Group Member )

No comments:

Post a Comment