Apple iPhone iPad ကိုင်ဆောင်သော သူငယ်ချင်း အပေါင်းအသင်းများအတွက် သိစေတတ်စေလိုသောစေတနာဖြင့် iDevice နည်းပညာများအား စုစည်းတင်ပြပါသည်....လိုအပ်ချက်နှင့် တိုက်ဆိုင်မှူရှိသူများ လွတ်လပ်စွာ ကူးယူနိုင်ပါသည်။ (မဏ္ဍိုင်-နည်းပညာစုစည်းမှူ)
Monday, August 15, 2022
iPhone ကို Power ပိတ်ထားလည်းရှာလို့ရနိုင်အောင်….
iOS 15.4 မှာ ပါဝင်လာတဲ့ Scan Text New Feature အကြောင်း
အသစ်ထွက်ရှိလာတဲ့ iOS 15.4 တွင် စကားလုံးများရိုက်နိုပ်ထားတဲ့ အရာဝတ္ထုတစ်ခုခု သို့မဟုတ် လက်ရေးမူဖြင့်ရေးထားတဲ့ စာရွက်ဖြစ်ေစ ၎င်းကို Scan ဖတ်လိုက်ရုံနဲ့ Note ထဲသို့ အလိုအလျောက် ကူးပေမဲ့ Scan Text ဆိုတဲ့ Feature တစ်ခုကို ထည့်သွင်းပေးလာပါတယ် ထို feature ကို Note App အပြင် Mail ပို့တဲ့ အချိန်မှာပါ အသုံးပြုနိုင်ပါတယ်။ Scan Text feature ကို iPhone အပြင် iPad တွေမှာပါ အသုံးပြုနိုင်ပါတယ်
အများစုသိထားတာက iOS 15.4 မှာ Mask တက်ထားတဲ့ အချိန် Screen Lock ဖွင့်နိုင်တဲ့ Function နဲ့ emoji အသစ်များစွာ ထည့်ထားပေးတယ်လို့ပဲ သိထားတာပါ ဒါကြောင့် Apple မှ Scan Text ဆိုတဲ့ Function ထည့်သွင်းပေးထားကြောင်းကို သူ့ရဲ့ YouTube Channel မှာ တင်ပေးထားပါတယ်။
Note App တွင် Scan Text အသုံးပြုနည်း
(1) Note App ကိုဖွင့်ပါ။ ကင်မရာ ပုံစံ button လေးကို နှိပ်လိုက်ပါ။
(2) Scan Text ဆိုတဲ့ Feature ကို နှိတ်ပေးပါ။
(3)။ မိမိ Scan ဖတ်လိုတဲ့ စာရွက်ကို ချိန်ညှိပေးပါ။ အဆင်ပြေပြီဆိုရင် Insert ကိုနှိတ်လိုက်ပါ။ စာရွက်ထဲက စကားလုံးတွေ Note App ထဲကို Auto ရောက်သွားပါလိမ့်မယ်။
တစ်ခုရှိတာက မြန်မာစကားလုံးတွေတော့ မရသေးပါဘူး ။ အောက်ပါ နိုင်ငံများမှ စကားလုံးတွေပဲ ရပါဦးမယ်။

အဆက်အသွယ်မပြတ် ရှိနေပါ
သူငယ်ချင်းများ၊ မိသားစုနှင့် အဆက်အသွယ်မပြတ် နေထိုင်ခြင်းထက် ပိုအရေးကြီးတာမရှိပါ။ iPhone ဖြင့် မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ရန်၊ အတူတကွ TV ကြည့်ရန်နှင့်သီချင်းနားထောင်ရန် သူငယ်ချင်းများက သင်နှင့်မျှဝေထားသည့် အကြောင်းအရာကို ရှာဖွေနိုင်ရန်နှင့် သင်နှစ်သက်သော အမှတ်တရများကို ပြန်လည်ခံစားနိုင်ရန် လွယ်ကူပါသည်။
တစ်ဖွဲ့လုံးနှင့် FaceTime စကားပြောဆိုခြင်း စတင်လိုက်ပါ
သူငယ်ချင်းများ၊ မိသားစုနှင့်မျက်နှာချင်းဆိုင် စကားလက်ဆုံကျဖို့အတွက် အဖွဲ့လိုက် FaceTime ကိုအသုံးပြုပါ။ Group FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုကို စတင်ရန် FaceTime အက်ပ်တွင်
ကိုနှိပ်ပြီး အဆက်အသွယ်များကို ထည့်သွင်းပါ။ တစ်ကြိမ်တည်းနှင့် လူများစွာကို မြင်တွေ့ရစေရန်နှင့် စကားပြောနေသည့်လူကို အသားပေးမြင်တွေ့နိုင်စေရန် ဂရစ်မြင်ကွင်းကို သုံးပါ။ ထို့ပြင် ယခုအခါ အဆက်အသွယ်တစ်ဦးတွင် Apple စက်ပစ္စည်းမရှိလျှင် သီးသန့်ဝက်ဘ်လင့်တစ်ခုအသုံးပြု၍ FaceTime ခေါ်ဆိုမှုသို့ ၎င်းတို့ကို ဖိတ်ခေါ်နိုင်ပါသေးသည်။
အတူတကွကြည့်ခြင်းနှင့်နားထောင်ခြင်း
ထို FaceTime အက်ပ်ရှိ SharePlay ဖြင့်၊ TV ရှိုးများ၊ ရုပ်ရှင်များ၊ နှင့်သီချင်းကို သင်၏ FaceTime ဖုန်းခေါ်ဆိုမှုများသို့ ယူနိုင်သည်။ ချိန်ကိုက်ထားသည့် playback နှင့် မျှဝေထားသည့်ထိန်းချုပ်မှုများသည် ထိုဖုန်းခေါ်ဆိုမှုတွင်ရှိသူအားလုံးသည် တစ်ပြိုင်နက်တည်း ထိုအချိန်ကာလများကိုမြင်ရ ကြားရစေသည်။ ထို့ပြင် သင်သီချင်းနားထောင်နေစဉ်တွင် အားလုံးက မျှဝေထားသည့်တန်းစီစာရင်းတစ်ခုသို့ သီချင်းများကိုထည့်နိုင်သည်။ SharePlay ကိုစတင်ရန်၊ FaceTime ဖုန်းခေါ်ဆိုနေစဉ်အတွင်း ထောက်ပံ့ထားသည့် ဗွီဒီယို သို့မဟုတ် သီချင်း အက်ပ်တစ်ခုကိုဖွင့်ပါ၊ ထို့နောက် အားလုံးနှင့်အတူမျှဝေရန် Play ကိုနှိပ်ပါ။
သင်နှင့်အတူ ဘာတွေကို မျှဝေထားသလဲ ကြည့်ပါ
Messages အတွင်း သူငယ်ချင်းတစ်ဦးက သီချင်းတစ်ပုဒ်၊ ဝက်ဘ်ဆိုက် သို့မဟုတ် ဓာတ်ပုံတစ်ပုံကို သင်နှင့်အတူ မျှဝေထားပါက ထိုအကြောင်းအရာကို Music ၊ Safari သို့မဟုတ် Photos ကဲ့သို့ သက်ဆိုင်ရာအက်ပ်၏ Shared with You ကဏ္ဍ တွင် လွယ်ကူစွာတွေ့ရနိုင်သည်။ Messages သို့ပြန်သွားရန်မလိုဘဲ ထိုအက်ပ်မှပင်လည်း သင့်သူငယ်ချင်းကို တန်း၍စာပြန်နိုင်သည်။
သင့် အမှတ်တရများကိုမျှဝေခြင်း
Memories ကိုအသုံးပြု၍ အနှစ်သက်ဆုံးအတွေ့အကြုံများနှင့် သက်ဝင်လှုပ်ရှား၍ နောက်ခံတေးထည့်ထားသော အဓိပ္ပာယ်ရှိသောဓာတ်ပုံစုနှင့် Photos အက်ပ်ထဲရှိသီချင်းကို ပြန်လည်ခံစားပါ။ ပို၍ကိုယ်ရေးကိုယ်တာဆန်သော အမှတ်တရတစ်ခုကို ဖန်တီးရန် သီချင်းသံအတွက် Apple Music မှ အကြံပြုသည့် သီချင်းတစ်ပုဒ်ကို ရွေးပါ သို့မဟုတ် မြင်တွေ့ပုံနှင့်ခံစားမှုကို ပြောင်းလဲရန် Memory mix တစ်ခုကို ရွေးပါ။ ထို့နောက် ထိုအမှတ်တရကို ပြန်လည်သက်ဝင်စေရန် သူငယ်ချင်းများနှင့်မိသားစုကို မျှဝေပါ။ သင်၏ အမှတ်တရများကိုကြည့်ရန် Photos အက်ပ်ကိုဖွင့်၍ For You ကိုနှိပ်ပါ။
Saturday, August 13, 2022
AirTag ဆိုတာဘာလဲ?
Apple ကမိတ်ဆက်လိုက်တဲ့ AirTag ဆိုတာဘာလဲ?
Apple ID ကို Secure ဖြစ်အောင်လုပ်နည်
ဒီလိုမီးရောင်လေးတွေ လင်းနေခဲ့ရင် သတိထားပါ။..
ဒီလိုမီးရောင်လေးတွေ လင်းနေခဲ့ရင် သတိထားပါ။... 🚥
______
IOS deviceတွေမှာ Indicator Lightက လိမ္မော်ရောင်(သို့)
အစိမ်းရောင်ဖြစ်နေခဲ့ရင် ဘာလို့သတိထားသင့်လဲ❓
___
သင့်Iphoneရဲ့ Screenထောင့်လေးမှာရှိတဲ့ မီးလုံးလေးက
လင်းနေခဲ့ရင် ဘာလို့သတိထားသင့်လဲဆိုတော့ သင့်ဖုန်းကို Appတစ်ခု
ကနေပြီးTrackလုပ်နေတာမျိူး ဖြစ်နေတတ်လို့ပါ။ 🧐🧐
.
ဒီFeaturesကို IOS 14နဲ့ နောက်ပိုင်း Versionတင်ထားတဲ့
deviceတွေမှာ အဓိကလုပ်ဆောင်ပေးနေပြီဖြစ်ပြီး App Tracking
စနစ်ကို အဓိကကာကွယ်ပေးမယ့် Featuresတစ်ခုဖြစ်ပါတယ်။
သင့်Iphoneက IOS 14နဲ့ နောက်ပိုင်း versionတစ်ခုခုကိုတင်ထား
တယ်ဆိုရင် Indicator lightက -
- မီးအစိမ်း ဘာလို့လင်းနေရလဲ ?
- လိမ္မော်ရောင်မီးက ဘာလို့လင်းနေရလဲ ? ဆိုတော့ -
🔸သင့်ဖုန်းမှာ microphoneကို Appတစ်ခုကအသုံးပြုနေတဲ့အခါ
Indicator lightက လိမ္မော်ရောင်မီးလေးလင်းပါတယ်။📱
- အကယ်၍သင်က Sound Recordingလုပ်နေတဲ့အခါမျိူးမှာ
လိမ္မော်ရောင်မီးလေးလင်းပါတယ်။ ဖုန်း Callနဲ့ Siri Functionတွေကို
သုံးတဲ့အခါမျိူးမှာလည်း ထို့အတူလင်းပါတယ်။ ဒါပေမဲ့ Appတွေကို
သုံးထားတဲ့အခါမျိူးမှာ ဒီမီးလေးလင်းနေရင်ကိစ္စမရှိပေမဲ့...ဘာမှမသုံးနေပဲ
Indicator lightကလိမ္မော်ရောင်လေးဖြစ်နေပြီဆို သင့်ဖုန်းရဲ့
microphoneကို Appတစ်ခုအခွင့်မရှိပဲသုံးနေတာဖြစ်ပါတယ်။ 🤓
🔸 အစိမ်းရောင်မီးလေးလင်းနေတာက သင့်Cameraကို Appတစ်ခုက
အသုံးပြုနေတာပါ။📱
- Cameraနဲ့ microphoneကို တစ်ပြိုင်နက်တည်းသုံးတဲ့အခါ
ဒီလိုမီးအစိမ်းလေးနေတတ်လင်းပါတယ်။ FaceTimeလိုမျိူးappတွေနဲ့
Instagram storyလိုမျိူး video shooting/ recording
featuresတွေကို အသုံးပြုတဲ့အခါမှာလည်း ဒီလိုမီးလေးလင်းတတ်ပေမဲ့
ဘာappမှအသုံးမပြုနေပဲ မီးစိမ်းလေးလင်းနေခဲ့ရင် သတိထားသင့်ပါတယ်။
🧐🧐
............
ဘယ်Appက Trackလုပ်နေလဲဆိုတာ ဘယ်လိုသိနိုင်မလဲ ❓
______
Cameraနဲ့ microphoneအသုံးပြုရမယ့် appတွေကို မသုံးနေပဲ
ဒီလိုမီးလေးတွေလင်းနေခဲ့ရင်တော့ ဘယ်appက ကိုယ့်ကို tracking
လုပ်နေလဲဆိုတာကို ဒီလိုနည်းနဲ့သိနိုင်ပါတယ်။ 🤓
- IPhoneရဲ့ Screenအောက်ဘက်ကနေ အပေါ်ကိုဆွဲတင်လိုက်တဲ့
အခါ သင်အသုံးပြုနေကြ Settingပေါ်လာမှာဖြစ်ပါတယ်။ 🚥
Settingခလုတ်တွေရဲ့အပေါ်မှာ Trackingလုပ်ကောင်းလုပ်နေနိုင်တဲ့
Appတွေက နာမည်နဲ့တကွပေါ်နေမှာပါ။ Third party appတွေရဲ့
trackingလုပ်ခြင်းရန်ကနေ ဒိလိုနည်းနဲ့ကာကွယ်လို့ရမှာဖြစ်ပါတယ်။
(မသင်္ကာတဲ့ appတွေကို Uninstallလုပ်နိုင်ပြီး reportလည်းတင်လို့
ရပါတယ်။)
______
"ဒီလုပ်ဆောင်ချက် နဲ့ privacy featuresကို IOS 14နဲ့ နောက်ပိုင်း
IOS Versionတင်ထားတဲ့ deviceတွေမှာသုံးနိုင်မှာဖြစ်ပါတယ်။
တကယ်လည်းအသုံးဝင်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်သလို privacyပိုင်း
အတွက်အရေးပါတဲ့Featuresလေးဖြစ်တဲ့အတွက် IOS userတွေအနေနဲ့
သိထားပြီးသားလည်းဖြစ်နိုင်သလို၊ မသိသေးတဲ့သူငယ်ချင်းတွေအတွက်
သိထားသင့်မယ်ထင်လို့ ပြောပြရခြင်းပါ။" 🤓🤓
ပြီးတော့ မကြာခင် IOS 15လည်း လာတော့မယ်နော်...😊
.
"အားလုံးအဆင်ပြေကြပါစေ"
....
Apple Logo Sticker လေးတွေအကြောင်
Hard Reset /Force Restart
သင့် iPhone မှာ ပြသာနာ တစ်ခုခု ကြုံတွေ့ပြီဆိုရင် Hard Reset / Force Restart လုပ်လိုက်ရုံနဲ့ ဖြေရှင်းနိုင်တယ်နော်
iPhone 8, 8 Plus နှင့် iPhone SE (2nd Gen) တွေအတွက် ကတော့ Volume Up ကို တစ်ချက်၊ Volume Down ကို တစ်ချက်နဲ့ Power Button ကို (၁၀) စက္ကန့်လောက် Apple Logo ပေါ်လာတဲ့အထိ နှိပ်ထားပြီး Power ပြန်တက်လာတာနဲ့ Reset လုပ်လို့ပြီးပါပြီ။
iPhone 7, 7 Plus Series အတွက်တော့ Hard Reset/ Force Restart လုပ်ဖို့အတွက် Power Buttons နဲ့ Volume Down ကို တစ်ပြိုင်တည်း Apple Logo ပေါ်လာတဲ့အထိ ဖိထားပေးပြီး Power ပြန်တက်လာတာနဲ့ ပြုလုပ်ပြီးပါပြီ။
iPhone 6s, 6s Plus နှင့် အောက် Model များအတွက်တော့ Home Buttons နဲ့ Power Buttons ကို တစ်ပြိုင်ထည်း တွဲနှိပ်ထားလိုက်ရင် Appl Logo ပေါ်လာမှာဖြစ်ပြီး Power ပြန်တက်လာတာနဲ့ Force Restart ဖြစ်သွားမှာပါ။















