Tuesday, December 15, 2020

ProRAW

 

အမိုက်ဆုံး ဓာတ်ပုံတွေကို အကြမ်းဆုံး ProRAW နဲ့ ရိုက်ကူးပါ! 🔥
iOS 14.3 မှာ iPhone 12 Pro နဲ့ 12 Pro Max ကို အသုံးပြုပြီး Apple ProRAW ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီ ဖြစ်လို့ Pro အဆန်ဆုံး ဓာတ်ပုံတွေကို စိတ်တိုင်းကျ Edit လုပ်နိုင်ပါပြီ!
Apple ProRAW ဆိုတာ RAW ဓာတ်ပုံတွေရဲ့ Editing Flexibility နဲ့ Apple ရဲ့ Smart HDR, Deep Fusion တို့လို အဆင့်မြင့် နည်းပညာတွေကို ပေါင်းစပ်ထားတဲ့ Format အသစ် ဖြစ်ပါတယ်။
RAW ဓာတ်ပုံတွေလို စိတ်ကြိုက် Edit လုပ်ချင်တယ်၊ Machine Learning အသုံးပြု Image Processing Technology တွေကိုလည်း အသုံးချချင်တယ်၊ ဒီနှစ်ခုလုံးကို ProRAW မှာ ရရှိနိုင်မှာပါ။
iPhone 12 Pro နဲ့ 12 Pro Max တို့ရဲ့ အနောက်ဘက် Camera (၃) ခုလုံးမှာ Apple ProRAW နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး၊ လိုအပ်ရင် Night Mode ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Settings > Camera > Formats ထဲမှာ Apple ProRAW ကို On ထားလိုက်ရင် Camera ရိုက်ကူးတဲ့အခါ အပေါ်မှာ RAW Button လေး ပေါ်နေမှာ ဖြစ်ပြီး လိုအပ်သလို အဖွင့်၊ အပိတ် လုပ်နိုင်ပါတယ်။
ProRAW ဓာတ်ပုံတွေရဲ့ Size က 25MB လောက် ရှိပြီး ပုံမှန်ဓာတ်ပုံတွေထက် တော်တော်လေး Size ပိုကြီးတာကြောင့် လိုအပ်တဲ့အခါမှသာ ProRAW နဲ့ ရိုက်ကူးဖို့ အကြံပြုချင်ပါတယ်။
ကိုယ့်လက်ထဲက iPhone လေးနဲ့တင် ProRAW ဓာတ်ပုံတွေကို စိတ်ကူးရှိသလို ရိုက်ကူး၊ ပြင်ဆင်၊ ဖန်တီးနိုင်ပြီ ဆိုတော့ ဝါသနာရှင်နဲ့ Pro တွေ အားလုံး ကြွေဆင်းသွားမှာတော့ သေချာပါတယ်! 

No comments:

Post a Comment