Friday, December 18, 2020

OS Update (၄) ခုရဲ့ Feature တွေနဲ့ Bugs လေးတွေကိုဘယ်လိုဖြေရှင်းကြမလဲ

 

OS Update (၄) ခုရဲ့ Feature တွေနဲ့ Bugs လေးတွေကိုဘယ်လိုဖြေရှင်းကြမလဲ
------------------------------
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Apple ဟာ Apple Devices တွေအတွက် OS Update အသစ်တွေကိုထုတ်ပေးခဲ့ပါတယ်။ ဒီ Update တွေကို iPhone, iPad, Mac, Watch နဲ့ Apple TV တို့အတွက်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီ Update မှာဘာတွေပြောင်းလဲသွားတယ်၊ ဘယ်လို issues တွေကြုံရနိုင်တယ်ဆိုတာ အောက်မှာလေ့လာကြည့်ကြတာပေါ့။
- iOS 14.3 and iPadOS 14.3
iPhone အတွက်ဖြစ်တဲ့ iOS 14.3 မှာတော့ Apple Fitness+ နဲ့ မကြာခင်ကမှထွက်ရှိထားတဲ့ AirPods Max တို့ကို Supports လုပ်ပေးခဲ့ပြီး၊ ဓာတ်ပုံကင်မရာတည်းဖြတ်မှုအတွက်အကောင်းဆုံးဖြစ်စေမယ့် Apple ProRaw လည်းထည့်ပေးခဲ့ပါတယ်။ နောက်ထပ်ပါဝင်ခဲ့တာတွေကတော့ iPhone User တော်တော်များများတောင့်တနေတဲ့ Mirror Front Facing Mode နဲ့ App Store အတွက် Privacy information မိတ်ဆက်ခဲ့တာဖြစ်ပြီး သူ့အလုပ်လုပ်ပုံကတော့ Third-Party App တွေဟာ User info တွေဘယ်လိုအသုံးပြုနေသလဲဆိုတာ User တွေသိအောင်ဖော်ပြထားခြင်းမျိုးပဲ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ iPhone တွေမှာဖြစ်ပေါ်နေတဲ့ Software Bugs တွေကို ပြန်လည်ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ iPad အတွက် Update ဟာလည်း အခြေခံအားဖြင့် iPhone မှာပေးခဲ့သလိုမျိုးပဲဖြစ်ပါတယ်။
- Big Sur 11.1
iPhone နဲ့ iPad လိုမျိုးပဲ Mac OS ပိုင်းမှာဆိုရင်လည်း အခု Update ဟာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီ Update AirPods Max ကို Support လုပ်ခဲ့ပြီး၊ Apple News ရဲ့ Widgets ပြောင်းလဲမှုတွေ၊ TV App ရဲ့တိုးတက်မှုအသစ်တွေနဲ့ iOS Update မှာလိုမျိုး App Store ရဲ့ Privacy Infomation ပြောင်းလဲမှုအချို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
နောက်ထပ်ပြောင်းလဲမှုလေးတွေကတော့ UI ပိုင်းပြောင်းလဲမှုအချို့နဲ့အတူ Bugs Fixed များစွာကို ပြုပြင်ပေးထားတဲ့ Update တစ်ခုပဲဖြစ်ပါတယ်။
- watchOS 7.2
watchOS 7.2 ရဲ့အဓိကဦးတည်ချက်ကတော့ Apple Fitness+ ဖြစ်ပြီး၊ Apple Watch User တွေအနေနဲ့ Fitness+ ကိုပိုပြီးကောင်းကောင်းအသုံးချလိုရစေမယ့် Work-out Service အဖြစ် အဆင့်မြှင့်တင်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ နောက်ထပ်ပါဝင်လာတဲ့ Update လေးတွေကတော့ Family Setup အတွက် Region တိုးချဲ့မှုတွေနဲ့အတူ ECG App အတွက် Update အချို့ကိုလည်းထုတ်ပေးခဲ့ပါတယ်။
ဒီတခေါက် Update ဟာ Bug Fixed များစွာထည့်ပေးထားတာကြောင့် တင်ကိုတင်သင့်တဲ့ Update တစ်ခုလည်းဖြစ်သလို၊ Update တင်တဲ့အခါမှာလည်း အားအကုန်မြန်တာ၊ App တွေနှေးကွေးပြီး ရပ်တန့်တတ်တာ၊ Cellular လိုင်းမတက်တော့တာ၊ Camera မပေါ်တော့တာ စတဲ့ Error မျိုးတွေကြုံရနိုင်ပါတယ်။ ဒီလို ကြုံရပြီဆိုရင်တော့ အရင်ဦးစွာ Device ကို Reboot လုပ်ကြည့်သင့်ပြီး Reset All Setting/ Reset Network Setting တို့နဲ့ကြိုးစားကြည့်သင့်ပါတယ်။

No comments:

Post a Comment