Sunday, December 13, 2020

iPhone တစ်လုံး၊ eSIM (၅) ကဒ်သုံး 😱

 

iPhone တစ်လုံး၊ eSIM (၅) ကဒ်သုံး 😱
eSIM စနစ် ပါဝင်တဲ့ iPhone တွေမှာ ဖုန်းနံပါတ်တွေ စိတ်ကြိုက် ပြောင်းသုံးဖို့အတွက် Physical SIM (၁) ကဒ် အပြင် eSIM (၅) ခု အထိ ထည့်ထားလို့ရတယ်နော်!
eSIM ဆိုတာ အရင်လို Physical SIM Card / Slot တွေ မလိုအပ်ဘဲ QR Code ကို Scan ဖတ်လိုက်ရုံနဲ့ ထည့်သွင်းနိုင်တဲ့ Digital SIM နည်းပညာအသစ် ဖြစ်ပါတယ်။
iPhone တစ်လုံးမှာ eSIM (၅) ခု အထိ ကြိုတင် ထည့်သွင်းထားလို့ ရပြီး၊ နှစ်သက်ရာ eSIM (၁) ခု ကို လိုအပ်သလို ရွေးချယ် Activate လုပ်ကာ အသုံးပြုနိုင်ပါတယ်။
Personal နဲ့ အလုပ်ကိစ္စတွေ အတွက် ဖြစ်စေ၊ Voice/Data Plan နဲ့ Account တွေ အတွက် ဖြစ်စေ၊ လိုအပ်တဲ့ eSIM ဖုန်းနံပါတ်ကို Settings ထဲမှာ ပြောင်းသုံးလိုက်ရုံပါပဲ။
Physical SIM (၁) ကဒ်က အမြဲတမ်း Activate ဖြစ်နေမယ်၊ eSIM (၅) ခုထဲက (၁) ခုကိုလည်း ရွေးချယ် Activate လုပ်ထားနိုင်မယ်၊ အရမ်းကို အဆင်ပြေတာနော်!
Apple မှ မြန်မာနိုင်ငံမှာ တရားဝင် ရောင်းချခွင့်ပြုထားတဲ့ Official Stock တွေက eSIM စနစ် ပါဝင်တဲ့ iPhone တွေ ဖြစ်လို့ ဖုန်းနံပါတ်တွေ စိတ်ကြိုက် ထည့်သုံးနိုင်တာပေါ့!
iPhone XS, XS Max, XR နဲ့ နောက်ပိုင်း Model အားလုံးမှာ Physical SIM (၁) ကဒ် အပြင် eSIM ထပ်မံထည့်သွင်းပြီး Dual SIM အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။
eSIM ထည့်ပြီး iPhone မှာ Dual SIM အသုံးပြုနည်း ဗီဒီယို -> fb.watch/2kmNHMrFGP
SIM Card မလို၊ အလုပ်မရှုပ်၊ အချိန်ကုန် သက်သာတဲ့အပြင် ဖုန်းနံပါတ် (၅) ခု အသုံးပြုနိုင်မယ့် eSIM အကြောင်းလေးကို ဘော်ဒါတွေကိုလည်း Share ပေးလိုက်ပါနော်! 😉

No comments:

Post a Comment