Tuesday, December 22, 2020

မြန်မာနိုင်ငံမှာ Apple Watch Series 6 နဲ့ Blood Oxygen တိုင်းလို့ရနေပြီနော်! 🙌

 

မြန်မာနိုင်ငံမှာ Apple Watch Series 6 နဲ့ Blood Oxygen တိုင်းလို့ရနေပြီနော်! 🙌
Apple Watch Series 6 ရဲ့ အမိုက်ဆုံး Feature တစ်ခု ဖြစ်တဲ့ Blood Oxygen App ကို မြန်မာနိုင်ငံမှာလည်း Official အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
Blood Oxygen App အသုံးပြုနိုင်တဲ့ Region စာရင်းမှာ Myanmar ပါဝင်လာပြီ ဖြစ်ပြီး၊ watchOS ရဲ့ Feature တွေ ဘယ် Region တွေမှာ ရနေပြီလဲ ဆိုတာ အောက်ပါ Link မှာ ကြည့်လို့ရပါတယ်။
Apple Watch Series 6 မှာ ပါဝင်တဲ့ Blood Oxygen Sensor နဲ့ Blood Oxygen App တို့ကို သုံးပြီး သွေးထဲက အောက်ဆီဂျင် ပမာဏကို (၁၅) စက္ကန့်အတွင်း အလွယ်တကူ တိုင်းတာနိုင်မှာပါ။
Blood Oxygen App ကို Set Up လုပ်ဖို့အတွက် iPhone ထဲက Apple Watch App > My Watch > Blood Oxygen > Blood Oxygen Measurements ကို Enable လုပ်ပေးရမှာ ဖြစ်ပါတယ်။
ပြီးရင်တော့ Apple Watch ထဲက Blood Oxygen App ကို ဖွင့်ပါ။ စားပွဲ သို့မဟုတ် ပေါင်ပေါ်မှာ လက်ကို တင်ထားပြီး၊ Apple Watch Display က အပေါ်တည့်တည့်မှာ ရှိနေတဲ့ Position အတိုင်း လက်ကောက်ဝတ်ကို ငြိမ်အောင် ထားပါ။ အဲ့ဒီ့နောက် Start ကို နှိပ်လိုက်ရုံပါပဲ။
Blood Oxygen ကို တိကျစွာ တိုင်းတာနိုင်ဖို့ အတွက် တိုင်းတာနေတဲ့ (၁၅) စက္ကန့်အတွင်း လက်ကို လုံးဝ မလှုပ်ဘဲ ငြိမ်နေအောင် ထားဖို့လိုပါတယ်။ Apple Watch ကိုလည်း မကြပ်လွန်း၊ မချောင်လွန်း၊ အနေတော်ပဲ ဝတ်ဆင်ထားသင့်ပါတယ်။
တိုင်းတာခဲ့တဲ့ Blood Oxygen Level အားလုံးရဲ့ History ကိုတော့ iPhone ထဲက Health App > Browse > Respiratory > Blood Oxygen ထဲမှာ အပြည့်အစုံ ပြန်ကြည့်လို့ ရပါတယ်။
ကျန်းမာရေးကို အထူးဂရုစိုက်ရတဲ့ အခုလို ကာလမျိုးမှာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ Blood Oxygen ကို အမြဲ တိုင်းတာ စောင့်ကြည့်နေနိုင်ပြီ ဆိုတော့ အရမ်းအဆင်ပြေပြီပေါ့!

No comments:

Post a Comment