Tuesday, December 8, 2020

AirPods Max

 

Apple က Christmas Surprise အနေနဲ့ AirPods Max လို့အမည်ရတဲ့ Headphone ကိုမိတ်ဆက်လိုက်ပါပြီ
အရောင်အနေနဲ့ 5 မျိုးပါဝင်လာမှာဖြစ်ပြီး စျေးကတော့ $549 ကျသင့်မှာဖြစ်ပါတယ် (ဖုန်းတလုံးစာပဲ😅)
Apple ကိုယ်တိုင် Design ဆွဲထားတဲ့ Dynamic Driver တွေကိုသုံးပေးထားပြီးတော့ AirPods Pro မှာပါဝင်ပြီးဖြစ်တဲ့ Active Noise Cancellation, Transparency Mode, Adaptive EQ, Spatial Audio စတဲ့နည်းပညာတွေလဲပါဝင်လာဦးမှာပါ
Control အနေနဲ့ကတော့ Apple Watch တွေလို Digital Crown ပါဝင်လာပြီး Noise Cancellation နဲ့ Transparency Mode ကိုပြောင်းပေးမယ့် Control လဲပါဝင်လာပါတယ် .. Apple H1 Chip ကိုလဲ တဖက်စီမှာတခုစီထည့်ပေးထားပါတယ်
Weight ကတော့ 385g လေးမှာဖြစ်ပြီး Battery ကတော့ အားတခါသွင်းရင် နာရီ ၂၀ ထိခံမှာဖြစ်ပါတယ် .. ၅ မိနစ်အားသွင်းရုံနဲ့ ၁ နာရီခွဲထိ ဘက်ထရီခံမှာဖြစ်ပါတယ်
ဘူးခွံထဲမှာတော့ AirPods Max ရယ် Smart Case ရယ် Lightning to Type-C Cable ကိုထည့်သွင်းပေးထားမှာဖြစ်ပါတယ်


No comments:

Post a Comment