Wednesday, December 16, 2020

ios 14.3 Features အသစ်များ

 

မကြာသေးခင်က iOS 14.3, iPadOS 14.3, watchOS 7.2 နဲ့ macOS 11.1 တို့ကို update ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း Apple မှ ကြေငြာခဲ့ပါတယ်။ ဒါကြောင့် OS Version တွေကို update မပြုလုပ်ခင် iPhone အတွက် ထွက်ရှိလာတဲ့ iOS 14.3 မှာ ဘာတွေထူးခြားမှုရှိလဲ ပြီးတော့ ဘယ်လိုမျိုး Feature အသစ်တွေ ပါဝင်လာလဲ ဆိုတာ ပြောပြပေးသွားမှာပါ။
အသစ်ထွက်ရှိလာတဲ့ iOS 14.3 မှာဆိုရရင် ယျေဘုယျအားဖြင့် Apple Fitness + အပါအဝင် AirPods Max တွေကို Support လုပ်ပေးမျိုးတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ဒါ့အပြင် iPhone 12 Pro မှာ Apple ProRAW ဖြင့် ရိုက်ကူးနိုင်မှာဖြစ်ပြီး အခြား Features အသစ်တွေလည်း ပါဝင်လာပါတယ်။ အဲဲဒီထဲကမှ ထူးခြားချက်အချို့ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
Apple ProRAW & Photos
iPhone 12 Pro နဲ့ iPhone 12 Pro Max တို့မှာ Apple ProRAW ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ရိုက်ထားတဲ့ Apple ProRAW photos တွေကိုလည်း Photos App ထဲမှာ Edit ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် တစ်ခုအနေနဲ့ Video တွေကို 25fps နဲ့ Record ပြုလုပ်နိုင်မယ့် Option အသစ် လည်း ပါဝင်လာတယ်။
အရင်က iPhone 11 နောက်ပိုင်း model တွေမှာသာ အသုံးပြုလို့ရတဲ့ Mirror Front Camera Feature ကို အခု iOS 14.3 update မှာတော့ iPhone 6s, iPhone 6s Plus, iPhone SE, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus နဲ့ iPhone X တို့မှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Privacy
Privacy update အနေနဲ့လည်း App Store မှာ Developer-reported Summary ‌တွေကိုပါ တွေ့မြင်ရမှာ ဖြစ်တာကြောင့် App တစ်ခုချင်းစီမှာ ကိုယ် Access ပေးဖို့လိုအပ်တာတွေကို ကြိုတင်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
Health
ကျန်းမာရေး Feature အသစ်အနေနဲ့ ကိုယ်ဝန်ဆောင်မယ့် မိခင်တွေအတွက် အလွန်အကျိုးရှိစေမယ့် နေ့ရက်အလိုက် အမှတ်သားပြုလုပ်တာတွေ, Lactation ဒါမှမဟုတ် Contraceptive တွေနဲ့ ပိုမိုကောင်းမွန်တဲ့ အချိန်ကာလရရှိအောင် ခန့်မှန်း တွက်ချက်မှုတွေနဲ့ အတူ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတ္ပက် အကူအညီဖြစ်စေမယ့် အခြားသော Feature လေးတွေလည်း ပါဝင်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါအပြင် Cardio Fitness Feature နဲ့ Cardio Fitness Notification တွေ လည်းပါဝင်လာပြီး Apple Watch နဲ့ပါ တွဲဖက်အသုံးပြုနိုင်မှာပါ။
Safari & Other
Safari မှာဆိုရင်လည်း အသုံးပြုများထံမှ ရရှိတဲ့ ငွေကြေး အကျိုးအမြတ်တွေကို သစ်ပင်စိုက်ပျိုးရန် အတွက် ပြန်လည်ထောက်ပံ့ပေးတဲ့ Ecosia လို့ ခေါ်တဲ့ Search Engine ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Google, Yahoo, Bing နဲ့ DuckDuckGo တို့လိုမျိုး Ecosia ကို Default Browser အဖြစ် လည်း အသုံးပြုနိုင်ပါသေးတယ်။
Shortcut Apps
အရင်က ကိုယ်စိတ်ကြိုက် Custom app icon အသုံးပြုတဲ့အခါ Shortcuts Application မှာ တစ်ဆင့် အရင်ပွင့်ပြီး နောက်မှ Application ပွင့်တာမျိုး ဖြစ်ပေမယ့် အခုအခု iOS 14.3 မှာတော့ အဲ့လိုမျိုးတွေ မဖြစ်တော့ပဲ redirect အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
Sleep Alarm & Control Center
Control Center မှာလည်း အရင်ကထက်ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနဲ့ ကျစ်ကျစ် ဖြစ်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပြီး နောက်ထပ် တစ်ခုအနေနဲ့ Sleep Alarm မြည်လာတဲ့အခါမှာလည်း Pop Up အနေနဲ့ ပြသပေးမှာ ဖြစ်တာကြောင့် အလွယ်တကူ Leave on နဲ့ Turn Off တွေကို ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
AirPods Max
AirPods Max မှာဆိုရင် အမိုက်စား Feature တစ်ခုဖြစ်တဲ့ High-Fidelity Audio ကို ထည့်သွင်း ပေးထားပြီး Adaptive EQ, Active Noise Cancellation, spatial audio နဲ့ transparency တို့ကို အသုံးပြုနိုင်မှာပါ။ Custom Acoustic Design ကိုမှ H1 Chips နဲ့အတူ အသံအရည်အသွေးအတွက်အကောင်းဆုံး Software နည်းပညာတွေ ပေါင်းစပ် ဖန်တီးထားတာကြောင့် တကယ်ကို လွင့်မျောနေတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်
အခုလို iOS 14.3 update မှာဆိုရင်တော့ PS5 Controller Support ပြုလုပ်လာတာတွေ၊ Bug Fixes တွေနဲ့ Home App, App Clip, Weather အစရှိတာတွေ အတွက်လည်း Update Feature အသစ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် update မပြုလုပ်ခင် Version အသစ်မှာ ဘာတွေထူးထူးခြားခြား ပြောင်းလဲသွားလဲ၊ update ရောပြုလုပ်သင့်ပြီလားဆိုတာ ဒီအကြောင်းအရာလေးကို ဖတ်ရှု့ရင်း သူငယ်ချင်းတွေ အတွက်လည်း Share ပေးလိုက်ပါဦးနော်။

No comments:

Post a Comment