Monday, December 21, 2020

သင့် iPhone အတွင်း ထည့်ထားသင့်တဲ့ Applications များ


 
သင့် iPhone အတွင်း ထည့်ထားသင့်တဲ့ Applications များ
( အခုမှ iPhone or iPad တို့ကို စတင်ကိုင်ဆောင်မည့် Users များအတွက် )
*** ဒီပို့စ်ဟာ 2018 ခုနှစ်နှစ်စလောက်က ကျနော်တင်ပေးခဲ့တဲ့ ပို့စ်ဖြစ်ပါတယ်။ ဒါကြောင့် အချို့သော Applications တွေဟာ Regions အချို့မှာ ရပြီး၊ Regions အချို့မှာ မရတော့တာမျိုး ရှိနိုင်ပါတယ်။ ဒါ့အပြင် Free Apps အချို့ဟာလည်း $ နဲ့ ပေးမှ ရတာမျိုးလည်း ရှိနေနိုင်ပါတယ်လို့ ကြိုတင် သတိပေးပါတယ်ခင်ဗျာ ***
တပ်ထားတဲ့ ခေါင်းစဉ်ကတော့ နည်းနည်းကြီးတယ်။ ဟာ မိုက်တယ် ဂွတ်ပြီ လို့တော့ မထင်လိုက်ပါနဲ့။ ဘာလို့လဲ ဆိုတော့ User တွေ သိပြီးသားလဲဖြစ်၊ အသုံးပြုနေဆဲလဲ ဖြစ်တဲ့ Applications တွေချည်း ဖြစ်နေလို့ပါပဲ။ ဒါဖြင့် ဘာလို့တင်နေသေးလဲ ? ဟုတ်ကဲ့ ... ဒီလိုမျိုး Post ကို မကြာခဏ ကျနော် တင်ပေးလေ့ ရှိပါတယ်။ ဘာလို့ ခဏခဏ တင်ပေးနေရတာလဲ ဆိုတော့ iPhone / iPad ကို အသုံးပြုနေတဲ့၊ အသုံးပြုလာတဲ့ အသစ် အသစ်သော User တွေက တစ်နေ့ထက် တစ်နေ့ ပို ပို များလာနေလို့ပဲ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အဆိုပါ Applications တွေကို မသိသေးတဲ့၊ မတွေ့ရသေးတဲ့ New iOS User များအတွက် လိုအပ်တဲ့ အဖိုးတန်တဲ့ Applications တွေကို မပင်မပန်း မရှာဖွေရပဲ လွယ်လင့်တကူ တစ်နေရာထဲကနေ ယူလို့ရစေရန်အတွက် Download ဆွဲရန် လင့်များနှင့်တကွ စီစဉ်ပေးနေခြင်း ဖြစ်ပါတယ်။
Camera နဲ့ ပါတ်သက်တဲ့ Applications တွေ ဖြစ်ပါတယ်။ ကျနော့် ဖုန်းထဲမှာ ထည့်ထားတာတွေပေါ့။ ပြောသာ ပြောရတယ် ယူတို့က ကျနော့်ထက်ပဲ ပိုစောနေဦးမလားပဲ။ မသိသေးတဲ့ သူတွေကတော့ မိမိနှစ်သက်ရာ apps တွေကို ဒေါင်းတာပဲဖြစ်ဖြစ်၊ Save တာပဲဖြစ်ဖြစ်၊ Share တာပဲဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။
( Applications တွေကတော့ Free လဲပါမယ်၊ $ နဲ့ ဝယ်ရမှာလဲပါမယ်နော်။ )
Camera360 - Selfie & Photo Editor & Funny Filters
PinGuo Inc.
Bestie - Camera 360 Beauty Camera for Portrait
PinGuo Inc.
Night Vision(Photo and Video,Long exposure camera)
Tigran Mkhitaryan
RollWorld - Tiny Planet Photos And More Li Wang
Fyuse
Fyuse - 3D Photos by Fyusion
Street View
Google Street View by Google, Inc.
Halide - RAW Manual Camera
Chroma Noir LLC ( $4.99 )
Microsoft Pix Camera
Microsoft Corporation
iPhone 7 Plus / 8 Plus / X မှာ ပါတဲ့ Portrait Mode ( Bokeh Blur ) ကို ဒီ Apps တွေနဲ့ ဖန်တီးယူလို့ ရပါမယ်။ တစ်ခါထဲ ရိုက်ယူတာ မဟုတ်ဘူးနော် ဖန် တီး ယူ ရ မှာ။ နောက်တစ်ခု Original Portrait Mode က အကွာအဝေး နီးနီးပဲ ရတော့ ဒါလေးတွေလဲ အရန်သင့် ဆောင်ထားရတယ်။
Tadaa SLR
Tadaa SLR by menschmaschine Publishing GmbH
Portrait Blur
Free Lens and Depth Effect Bokeh by Inlovewith AB
Blur Bokeh
Light Photo Effect Background by Nine Curves
ကွန်ပျူတာမှာ အသုံးပြုတဲ့ Photoshop CS လောက် မကောင်းမွန်ပေမယ့် ကိုယ့်လက်ဖဝါးပေါ်မှာပဲ သွားလေရာ ယူဆောင်၊ သယ်ဆောင်သွားနိုင်ပြီး စေကျေနပ်မှုရှိအောင်တော့ ပြင်ဆင်ပြုပြင် Editing လုပ်နိုင်တဲ့ iOS အတွက် Special Photoshop Applications တွေပဲ ဖြစ်ပါတယ်။
Lightroom
Adobe Photoshop Lightroom for iPhone by Adobe
PS Express
Adobe Photoshop Express: Edit Photos, Make Collage by Adobe
Snapseed
Snapseed by Google, Inc.
MakeupPlus
MakeupPlus - Natural, Professional Makeup Looks by Xiamen Meitu Technology Co., Ltd.
ACDSee Pro
ACDSee Pro by ACD Systems International Inc.
Facetune
Facetune by Lightricks Ltd.
Motion Stills
GIF, Collage by Google, Inc.
iPhone ပဲဖြစ်ဖြစ်၊ iPad ပဲဖြစ်ဖြစ် မြန်မာစာရိုက်ဖို့အတွက် ဒီ Keyboards လေးများတော့ လိုအပ်ပါလိမ့်မယ်။ Myanmar Keyboard Apps တွေက အများကြီး ရှိပါတယ်။ ဒါပေမယ့် လူသုံးများပြီး အဆင်ပြေတဲ့ Keyboards အချို့ကိုပဲ ဖော်ပြပေးလိုက်ပါတယ်။
TTKeyboard
Hein thet Khin zaw
TaKaung Myanmar Keyboard
K&Y Innovation
Sar Lone Keyboard
COMQUAS Co., Ltd
ဒီတစ်ခါတော့ English Keyboard Applications တွေ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပါပဲ iOS တွေမှာ English Font ဒီဇိုင်းကို စိတ်ကြိုက်ပြောင်းပြီး ရေးဖို့ ဆိုတာက Jailbreak လုပ်ထားမှသာ အဆင်ပြေလေ့ ရှိပါတယ်။ ကျနော်တို့လို သာမန် iOS User တွေ အတွက်တော့ Third-Party Keyboards များကို အသုံးချမှသာ ထိုက်သင့်သလောက် အဆင်ပြေမှု ရှိပါမယ်။ Jailbreak User တွေလို System Font ကြီး တစ်ခုလုံးကို မပြောင်းလဲနိုင်သော်လည်းပဲ Posts တွေ ရေးတဲ့ နေရာမှာတော့ အသုံးဝင်မှု အများကြီး ရှိပါတယ်။ ( ကဲ ! ဒီ Applications တွေမှာလည်း Themes အချို့ကိုသာ Free ပေးထားပြီး၊ ကျန် Themes တွေကိုတော့ ဝယ်ယူ အသုံးပြုရပါလိမ့်မယ်။ )
Fleksy- GIF, Web & Yelp Search
Fleksy, Inc.
GO Keyboard-Emojis&Cool Themes
GO Dev Team
UniChar — Unicode Keyboard
Jordan Hipwell
RainbowKey - Color keyboard themes, fonts & GIF
Keyboard+
ဒါကတော့ Keyboard လိုပဲ အရေးကြီးတဲ့ဟာပါ။ ဇော်ဂျီ၊ ယူနီကုတ် လို့ပြောလိုက်တာနဲ့ ဒီ application ကိုပဲ ပြေးမြင်ကြမှာပါ။ တကယ်ကို ဆောင်ထားသင့်ပါတယ်။ iDevices တွေ အားလုံးအတွက် မြန်မာစာဖောင့် App ဖြစ်တဲ့ MyFont ပါ။ ( လက်ရှိ Latest iOS Versions 14 ကို သုံးနေတဲ့သူများအတွက်ကတော့ မလိုအပ်တော့ပါဘူးနော်။ )
MyFont - Myanmar Font
Hein thet Khin zaw
ဒါကတော့ သိပ်ပြီး ညွှန်းစရာတောင် မလိုလောက်ဘူးထင်ပါတယ်။ ဒီကနေ့ခေတ် ဟမ်းဖုန်းတိုင်းမှာ မရှိမဖြစ်အဖြစ် ထည့်သွင်းထားတတ်ကြတဲ့ Social Media Applications တွေပါ။
Facebook
Facebook, Inc.
Instagram
Instagram, Inc.
Reddit Official: Trending News
reddit
တစ်ချိန်ကဆို အွန်လိုင်းပေါ်ကနေ တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့အတွက် Gtalk တစ်ခုထဲကိုပဲ အားကိုးနေခဲ့ရဖူးပါတယ်။ ဟော ဒီခေတ်ကြီးထဲမှာတော့ Gtalk ထက် အရမ်းလန်းတဲ့ Chatting Applications တွေ အများကြီး အသုံးပြုနေကြပါပြီ။ ဒီတော့ ဒီ applications လေးတွေလည်း ဆောင်ထားသင့်ပါတယ်။
Messenger
Messenger by Facebook, Inc.
Viber
Viber by Viber Media SARL.
Line
LINE by LINE Corporation
WeChat
WeChat by WeChat
ဒီတစ်ခါ ပြောမှာကတော့ Facebook အတွက်ပဲဖြစ်ဖြစ်၊ Apple ID အတွက်ပဲဖြစ်ဖြစ် အသုံးပြုဖို့ လိုအပ်တဲ့ Mails များအကြောင်းပဲ ဖြစ်ပါတယ်။ Free ရတဲ့ mails တွေရှိသလို၊ လစဉ်ကြေး နှစ်စဉ်ကြေးပေးပြီးမှ သုံးလို့ရတဲ့ mails တွေလည်း ရှိပါတယ်။ အချို့ mails တွေက Free ရတာ မှန်ပေမယ့် security ပိုင်းမှာ အလွန်ကောင်းမွန်နေတာမျိုးတွေ ရှိပါတယ်။ သို့ပေမယ့် ကျနော်တို့ဆီမှာ လူသုံးအများဆုံးကတော့ Gmail ပဲ ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ Gmail တစ်ခုထဲ သုံးစွဲသူများအတွက် iOS မှာ built-in ပါလာတဲ့ mail app ( ဒါမှမဟုတ် ) gmail app တို့ကို ဒေါင်းလုတ်ဆွဲ အသုံးပြုရုံနဲ့ လုံလောက်ပါတယ်။ အခြားသော mails များကိုပါ အသုံးပြုတတ်သူများအတွက်တော့ ဒီ mail apps ( ၂ ) ခုနှင့် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ကျနော်ကတော့ သိသမျှ mail apps များကို ပြန်လည်ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ် ။ iOS User တွေကတော့ ကြိုက်နှစ်သက်ရာကို သုံးကြည့်နိုင်ပါတယ်။
Gmail
Google: secure, fast & organized by Google, Inc.
Email - Edison Mail
Edison Software Inc.
Microsoft Outlook
Microsoft Corporation
ProtonMail - Encrypted Email
ProtonMail
AOL: News Email Weather Video
AOL Inc.
အမှတ်တရပုံတွေ၊ ကိုယ့်မိသားစုပုံတွေ၊ ကိုယ့်ချစ်သူရဲ့ပုံတွေ အစရှိတဲ့ ဓါတ်ပုံတွေကို အပျော်ပဲဖြစ်ဖြစ်၊ တစ်သက်တာ သိမ်းထားချင်လို့ပဲဖြစ်ဖြစ် Movie တစ်ခုအနေဖြင့် ဖန်တီးယူချင်တယ်ဆိုရင်တော့ အောက်က Applications တွေကို ဆောင်သာထားလိုက်ပါ။
VivaVideo - Free Video Editor & Photo Movie Maker
QuVideo Inc.
Filmmaker Pro - Video Editor & Movie Maker
Samer Azzam
Videocraft - Video Editor, Photo Slideshow & Movie Maker. Multi Track Timeline HD Video Editing.
Gamelarious
Video Factory - Video Text Editor&Crop,Rotate,Flip
NIU LIXUAN
တစ်ခါတရံ English စကားလုံးအချို့ကို ဘာသာမပြန်နိုင်ပဲ ဝေခွဲရခက်နေတဲ့ အနေအထားမျိုး ကြုံဖူးကြမှပါ။ ဒီ Apps လေးတွေက အဲဒီလိုအချိန်မျိုးမှာတော့ အလွန်ကို အဖိုးတန်ပါတယ်။
ဆောင်ထားသင့်ပါတယ်။ ပိုပြီးဆောင်ထားသင့်တဲ့ အကြောင်းပြချက် တစ်ခုလည်း ရှိပါသေးတယ်။ မြန်မာလိုပဲ သိပြီး English စာလုံးပေါင်း မမှတ်မိတဲ့အခါမျိုးမှာ မြန်မာလိုရိုက်ပြီး English စာလုံးပေါင်းကိုလည်း အနီးစပ်ဆုံး ရှာဖွေပေးနိုင်လို့ပဲ ဖြစ်ပါတယ်။
iAbidan
Sei Thu Htun
Ornagai 2
COMQUAS Co., Ltd
Myanmar dictionary
LE SANG
ဒါကတော့ Garageband အသုံးပြုဖို့ မလွယ်တဲ့အချိန်မျိုး၊ Garageband အသုံးမပြုတတ်တဲ့သူတွေ ဆောင်ထားသင့်ပါတယ်။ ကျနော်ကတော့ Garage ကော၊ ဒီ Ringtone Makers တွေကော ထည့်ထားပါတယ်။ အလျဉ်းသင့်ပြီး အဆင်ပြေတာကို သုံးလို့ရနိုင်အောင်အတွက်ပါ။
Ringtone Maker Free – create ringtones with your music
JINMIN ZHOU
Ringtone Maker for iPhone - make free ringtones from song files in your music library
Wang Qi
iOS မှာ Original Browser ဖြစ်တဲ့ Safari က ပါဝင်လာပြီးသား ဖြစ်ပါတယ်။ ကောင်းလည်း အရမ်းကောင်းပါတယ်။ သို့ပေမယ့် Safari မှ အချို့သော Websites တွေကို ဝင်တဲ့အခါမှာ အင်တာနက် Data ပိုမိုကုန်ကျလေ့ ရှိပါတယ်။ ဒီလိုအခါမျိုးမှာ Third Party Browser ကို အသုံးပြုတာက ပိုမိုသင့်လျော်မှု ရှိပါတယ်။
Opera Mini web browser by Opera Software ASA
ဖုန်းထဲမှာ ရှိတယ်။ ကွန်ပျူတာမှာလည်း Backup လုပ်ထားတယ်။ ဒါနဲ့ဆို စိတ်ချရပြီလား ?
ဆိုတော့ကာ တစ်ခါတရံ မဖြစ်ဖူးလို့ မပြောနိုင်ပါဘူး။ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။ ကိုယ့်အတွက် အလွန်အရေးကြီးတဲ့ Data တစ်ချို့ကိုတော့ အခြားနေရာတစ်ခုမှာ သိမ်းဆည်းထားသင့်ပါသေးတယ်။ iOS ရဲ့ built-in ဖြစ်တဲ့ iCloud မှာ သိမ်းဆည်းထားလို့လဲ ရပါတယ်။ ဒါပေမယ့် iCloud က WiFi နဲ့ချိတ်မှ အလုပ်လုပ်မှာပါ။ ဒါ့အပြင် Free ရတဲ့ သိမ်းဆည်းခွင့်ကလည်း 5GB ပဲ ရှိပါတယ်။ ထပ်တိုးယူလို့ ရပေမယ့်လည်း လစဉ်ကြေးနဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။
iCloud မှ မဟုတ်ပါဘူး။ အခြားသော Web Storage Applications များသည်လည်း ဒီအတိုင်းပါပဲ။
pCloud - Free Cloud Storage For Your Files
PCLOUD LTD
MediaFire - Cloud Storage and Photo Backup
MediaFire
Google Photos - free photo and video storage
Google, Inc.
Microsoft OneDrive
Microsoft Corporation
Facebook ပေါ်မှာ သူများတင်ပေးထားတဲ့ Music Videos တွေ၊ Movies ကား ကောင်းကောင်းလေးတွေကို နှစ်သက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ဒီ Applications တွေကိုသာ ဆောင်ထားပါ။ ဪ YouTube က Videos တွေကိုလည်း ဒေါင်းလို့ရတယ်နော်။ Channel Myanmar တို့၊ Gold Channel တို့က Movies တွေကိုလည်း ဒေါင်းလို့ ရသဗျ။ ( လက်ရှိ Latest iOS Version 14 မှာတော့ Safari ကနေပဲ လွယ်လွယ်ကူကူ Download ဆွဲလို့ရနေပြီဖြစ်လို့ ဒီ Apps တွေတောင် မလိုတော့ပါဘူးနော်။ )
Browser and Documents Manager
Download Apps
Aloha Browser - private & fast
Aloha Mobile
Offline - Files and Web Browser
Alexander Bon
eDl Lite - Web Browser and File Manager by Juan Ramon Rivero
Turbo File Manager and Browser by crea4Life
QWE by Baulin Roman
English / မြန်မာ သီချင်းတွေကို နားထောင်မယ်။ ဟုတ်ကဲ့ ... ဒါလေးတွေထဲက ကိုယ်နဲ့ အဆင်ပြေမယ့်ဟာလေးတွေကို သုံးပေါ့။ ဘယ်ဟာကောင်းတယ် မကောင်းဘူး ဆိုတာကတော့ Feed Back လေးတွေ နားထောင်ကြည့်မယ်ဗျာ။ ( အခုတော့ ကောင်းပြီးအသုံးပြုလို့ရတဲ့ Apps တွေ နည်းသွားပြီထင်ပါတယ်။ )
Pocket Music - Extra Device Audio Streamer from Box Drive
Music Pocket
Free Music - Unlimited Music Player & Songs Album
Weihe Mo
Free Music - Unlimited Mp3 & Streamer for YouTube
Maria del Amparo
အရေးပေါ် စာရွက်စာတမ်းတွေကို Scan ဖတ်ပြီး Print ထုတ်ဖို့၊ ဒါမှမဟုတ် သိမ်းဆည်းထားဖို့ လိုအပ်တဲ့အခါမျိုးမှာ Scanner ကြီး တစ်လုံးကို ဝယ်ဖို့ မလိုပါဘူး။ iDevices သုံးတဲ့သူတွေအတွက် Scanner Applications လေးတွေ install လုပ်ထားရုံနဲ့ ဖြစ်ပါတယ်။ ဟိုးအရင်က ရိုက်ထားခဲ့တဲ့ ဓါတ်ပုံတွေကို Scan ဖတ်ပြီး သိမ်းမလား၊ ထုတ်မလား အေးဆေးပါ။ ဒီ Applications တွေက အကူအညီ အများကြီး ပေးပါလိမ့်မယ်ဗျာ။ ( စာရွက်စာတမ်းတွေကို Scan ဖတ်ရုံပဲဆိုရင်တော့ လက်ရှိ Latest iOS Version 14 မှာတော့ Notes App လောက်နဲ့တင် အဆင်ပြေနေပါပြီ။ Photos တွေကို Scan ပြန်ဖတ်ချင်ရင်တော့ PhotoScan App က ပိုကောင်းပါတယ်။ )
Scanner Pro - PDF document scanner with OCR by Readdle Inc.
CamScanner Free
CamScanner Free| PDF Document Scanner and OCR by INTSIG Information Co.,Ltd
PhotoScan
PhotoScan - scanner by Google Photos by Google, Inc.
iPhone၊ iPad တွေကို Andriod ဖုန်းများနဲ့ ချိတ်ဆက်ဖို့ လိုတဲ့အခါမှာတော့ ကျနော်တို့ အနေဖြင့် iOS / Andriod ( ၂ ) မျိုးလုံးပေါ်မှာ အလုပ်လုပ်နိုင်တဲ့ Application တစ်ခုကိုတော့ install လုပ်ပေးထားရပါမယ်။ ဥပမာ - Zapya လို application ကိုပေါ့။ ဒါမှလဲ Videos တွေ၊ Musics တွေ ၊ Photos တွေကို လွယ်လင့်တကူ Sharing လုပ်နိုင်ကြမှာမို့ပါပဲ။
Zapya - File transfer tool and GIF viewer
DewMobile, Inc
Xender: File Transfer, Sharing
Beijing Anqi Zhilian Technology Co. Ltd.
မြန်မာနိုင်ငံရဲ့ ပြက္ခဒိန်ဆိုတာကလည်း iOS User များ ဆောင်ထားသင့်ပါတယ်။
MyCal - Myanmar/Burmese Calendar by Hein thet Khin zaw
ဒီ Application ကတော့ ညီညီတို့၊ ကိုကိုတို့၊ ဦးဦးတို့ အများဆုံး ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဓါတ်ပုံတွေ၊ videos တွေကို စိတ်ကြိုက် အကန့်အသတ်မရှိ Lock ချပြီး သိမ်းဆည်းထားနိုင်တဲ့ Application လေး ဖြစ်နေလို့ပါ။ တစ်ခုရှိတာက ဒီ App ကို အခုလောလောဆယ်မှာ Free မရသေးပါဘူး။ မကြာခနတော့ Free ပေးပါတယ်။ မစောင့်နိုင်ဘူး၊ ဝယ်မယ်ဆိုရင်လဲ ပေးရတာနဲ့ တန်ပါတယ်ဗျ။
Safety Photo + Video
Safety Photo+Video - Secure Private Vault by Eightythree Technology
Facebook ပေါ်က Music Videos တွေ၊ YouTube ပေါ်က Music Videos တွေကို ဒေါင်းလို့တော့ ပြီးသွားပြီ။ ကိုယ့်ဖုန်းက Storage နည်းနေလို့၊ ဒါမှမဟုတ် အသံကိုပဲ နားထောင်ချင်တာ ဆိုရင်တော့ Video to MP3 Applications များ ရှိပါတယ်။ သူတို့နဲ့ Converting လုပ်ပြီး mp3 music files တွေအဖြစ် သိမ်းဆည်းထားနိုင်ပါတယ် ( Music App ထဲ တိုက်ရိုက်ထည့်လို့ရလားတော့ မမေးနဲ့ဗျနော်။ iOS မှာ ဒါမျိုး ဘယ်တုန်းကမှ မရသေးလို့ပါဗျ။ )
VideoMP3 - Convert Video To MP3(MP3 Extractor and Best Music Player)
Evan Hurst
Video to MP3 Converter & MP3 Music Player
Mukesh Patel
ကိုယ်က ဇော်ဂျီနဲ့ ရိုက်တယ်။ သူက ယူနီကုတ်သုံးတယ်။ အဲဒီတော့ ပြဿနာက တစ်ယောက်ရဲ့စာကို ကျန်တစ်ယောက်က ဖတ်လို့မရတာပဲ။ ကဲ ဒါလေးဆောင်ထားလိုက်ဗျာ။ ဇော်ဂျီကနေ ယူနီကုတ်ကို ပြောင်းပေးမယ်။ ယူနီကုတ်ကနေလည်း ဇော်ဂျီကို ပြောင်းပေးတယ်။ အဆင်ပြေတယ်ဟုတ် ? ( အခုချိန်မှာတော့ ဒီပြဿနာတွေက အတော်နည်းပါးသွားပါပြီ။ Unicode အသုံးပြုတဲ့သူတွေက ပိုပြီးများလာတာကြောင့်ပါ။ အကယ်၍ လိုအပ်ခဲ့ရင်လည်း TTKeyboard အသုံးပြုနေတဲ့သူဆိုလျှင် Keyboard ကနေပဲ One-Touch ဖြင့် Convert လုပ်ပေးလို့ ရနေပြီဖြစ်ပါတယ်။ )
Rabbit
Rabbit Zawgyi Unicode Converter by COMQUAS Co., Ltd
PYAUNG - Convert Between ZawGyi and Unicode by Hein thet Khin zaw
iOS Devices တွေဟာ လေးလံတယ်ဆိုတာ မရှိသလောက် နည်းပါးပါတယ်။ ဒါပေမယ့် Apps တွေ၊ Games တွေရဲ့ Junks files နေရာယူမှုတွေကတော့ အတော်များပါတယ်။ ဒီလို Junks files တွေကို Clear လုပ်ဖို့အတွက် iOS မှာ built-in မပါလာသေးပါဘူး။ ဒီတော့ အထိုက်အလျောက်ပေါ့ဗျာ။ iOS အတွက် အနည်းငယ်အဆင်ပြေပြီး Junk တို့၊ Cache တို့ကို Clear ဖြစ်စေတဲ့ Applications လေး ( ၂ ) ခုကို သုံးကြည့်စေချင်ပါတယ်ဗျ။
Power Clean - Clean Duplicate Photos, Scan Network
LIONMOBI HOLDING LIMITED
Garageband လို့ ဆိုလိုက်တာနဲ့ အားလုံးသိကြပါတယ်။ Ringtones ဖန်တီးလို့ရပြီး ဖုန်းထဲအထိ ကွန်ပျူတာမလိုပဲ တိုက်ရိုက် ထည့်သွင်းခြင်းပြုလုပ်နိုင်တဲ့ Application ဆိုတာ။ ( အသုံးပြုပုံ ပြုနည်းတွေကို မကြာခန တင်ပေးပြီးသားမို့ မပြောတော့ပါဘူး။ ) တကယ်တော့ Garageband က ဒီတစ်ခုထဲအတွက် အသုံးဝင်တာ မဟုတ်ဘူးဗျ။ Musics ကို Remix လိုမျိုးတွေ ၊ Music Band တစ်ခုလောက်ကို လုပ်ဆောင်နိုင်တာတွေ အတော်ကို အစွမ်းထက်တဲ့ Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကိုတော့ Music Creater တွေက ပိုပြီး ကျွမ်းကျင်ကြလိမ့်မယ်ဗျ ။ ဒါလဲ ဆောင်ထားသင့်တဲ့အထဲမှာ ပါပါတယ်။
ဒါကတော့ Music Player Application တစ်ခုပါ။ အထင်တော့ မသေးလိုက်နဲ့ဗျ။ တော်ရုံ mp3 music ကို သူနဲ့သာ ဖွင့်လိုက်လို့ကတော့ နောက်ခံတေးဂီတအသံတွေက ရှယ်မှရှယ်ပဲဗျ။ ပြောရင် ပိုတယ်ထင်နေဦးမယ်။ ကိုယ်တိုင်သာ စမ်းကြည့်ပေတော့ဗျာ။ အဲ .. Free တော့ မရဘူးဗျ။ဒါပေမယ့်အရမ်းကို တန်ပြီး ကောင်းလွန်းပါတယ်ဗျာ။
Boom: Best Equalizer & Magical Surround Sound
Global Delight Technologies Pvt. Ltd
မနက်စောစောစီးစီး ကျက်သရေ မင်္ဂလာတိုးစေပြီး ကုသိုလ်ယူ ရွတ်ပွါးချင်တဲ့ သူများအတွက် ဘုရားစာအုပ် တရားစာအုပ်ကြီး တစ်ကိုင်ကိုင် လုပ်နေစရာ မလိုဘူးပေါ့ဗျာ။ iDhamma App ကို ထည့်ထားလိုက်တာနဲ့ ကိုယ်တိုင်ရွတ်ဖတ်မလား၊ mp3 နဲ့ပဲ နာမလား သဘောရှိ လုပ်လို့ရပါတယ်။
iDhamma
PYE PHYO HAN
ခရီးမကြာခနထွက်တတ်သူများအတွက် Maps ကတော့ လိုပါတယ်။ GPS Locations လေးဖွင့်ပြီး ကိုယ်ရောက်ရှိနေတဲ့ တည်နေရာ၊ ကိုယ်သွားမယ့် တည်နေရာတို့ကို ကြည့်ပြီး လမ်းကြောင်းကို ရွေးချယ်နိုင်တာပေါ့။
MAPS.ME – Offline Map with Navigation & Directions
MY COM
Google Maps - GPS Navigation
Google, Inc.
HERE WeGo - City navigation
HERE Apps LLC
Waze Navigation & Live Traffic
Waze Inc.
လောလောဆယ် မြန်မာနိုင်ငံမှာ SIM Operators ကြီး ( ၃ ) ခုရှိပါတယ်။ ( မကြာခင် ( ၄ ) ခုမြောက် Operator ကြီးလဲ လာပါဦးမယ်။ ဘီလ်တွေ ထပ်ပြီး ကုန်ဖို့ ပြင်ထားကြပါ။ ) MPT, Telenor & Ooredoo တို့ ဖြစ်ပါတယ်။ အဆိုပါ SIM Cards ဆက်သွယ်မှုဆိုင်ရာတွေဖြစ်တဲ့ Bills ဖြည့်ခြင်း၊ Package Plans များ ဝယ်ယူခြင်း၊ SIMS Register လုပ်ခြင်း အစရှိသည်တို့ကို သက်ဆိုင်ရာ Operators များရဲ့ Applications များကို အသုံးပြုပြီး လွယ်လွယ်ကူကူ လုပ်ဆောင်လို့ ရပါတယ်။ ဒါတွေကိုလဲ ဆောင်ထားသင့်ပါတယ်။ ( အခုတော့ MyTel ပါရှိနေပြီဖြစ်လို့ Operators ( ၄ ) ခု ဖြစ်သွားပါပြီ။ )
MyTelenor App
Telenor Myanmar
My Ooredoo
Ooredoo Myanmar Limited
အချို့ iOS User များမှာ fb အကောင့် ( ၂ ) ခုလောက် ရှိတတ်ပါတယ်။ ဒီ Applications တွေနဲ့ Sign in လုပ်ထားပြီး အကောင့်တွေ အပြိုင် အသုံးပြုလို့ ရတာပေါ့။
FSquare - multiple accounts for facebook by Stephane Soler
Friendly - One App for Facebook and Messenger by Friendly App Studio
iOS User တွေတော့ မသိဘူး။ ကျနော်ကတော့ ကိုယ့်ဘာသာ Video files လုပ်ပြီးရင် Sizes က အတော်လေးကို များနေတတ်လို့ fb ပေါ် တင်မရတတ်ဘူး။ အဲဒီလိုအခါမျိုးမှာတော့ ဒီလို Applications မျိုးတွေကို ဆောင်ထားလိုက်တယ်ဗျ။ Video files တွေကို Resolution လျော့ချပေးပြီး Storage Sizes ကိုပါ နည်းသွားစေတာပေါ့။
Compress Video - Free the Space by Jacky Wu
iConv: Video & Audio Converter
Evan Hurst
Browser ကနေ Websites တွေကို ဝင်ရောက်ကြည့်ရှုတဲ့ အခါမျိုးမှာ Ads လို့ခေါ်တဲ့ ကြော်ငြာလင့်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ Ads Blocker Applications တွေက အများကြီး ရှိပါတယ်။ အဆင်ပြေတဲ့ဟာတွေ ရှိသလို၊ အဆင်မပြေတဲ့ ဟာလဲ ရှိပါတယ်။
စမ်းသပ်မှုတွေအရ ဘယ်ဟာမှ စိတ်ကျေနပ်ဖွယ် မရှိခဲ့ပါဘူး။ သို့ပေမယ့် မရှိတာထက်တော့ သာပါတယ်။ ဒါကြောင့် ဆောင်ထားသင့်တဲ့အထဲ ထည့်သွင်းပေးလိုက်ရပါတယ်။
Crystal Adblock – Block unwanted ads!
Dean Murphy ( $0.99 )
AdGuard — adblock&privacy
Performix
Firefox Focus: Privacy browser
Mozilla
မိမိတို့ရဲ့ အကောင့်မျိုးစုံရဲ့ Passwords တွေကို ခေါင်းထဲမှတ်သားထားရလွန်းလို့ စိတ်ရှုပ်နေရတယ် ဆိုပါစို့။ ဒါတွေကို တစ်နေရာထဲမှာပဲ စုစည်းသိမ်းဆည်းထားချင်တယ်ဆိုရင် ဒီလို Applications မျိုးတွေကို အသုံးပြုသင့်ပါတယ်။
LastPass Password Manager
LogMeIn, Inc.
ရာသီဥတု မိုးလေဝသ အခြေအနေကို iOS ရဲ့ built-in ပါလာတဲ့ Weather App နဲ့ ကြည့်ရှုလို့ ရပါတယ်။ သို့ပေမယ့် ရာသီဥတုအတွက် ဒီဇိုင်း အလန်းတွေနဲ့ Third-Party Applications ကိုမှ သုံးကြည့်ချင်တယ် ဆိုရင်တော့ ဒီ Applications တွေကိုသာ ဆောင်ထားလိုက်ပါ။
Weather Underground: Forecast
Weather Underground, LLC
Widget အဖြစ် အသုံးပြုနိုင်တဲ့ Applications တွေပါ။ စိတ်ဝင်စားရင်တော့ သုံးကြည့်ပါ။ သိပ်ပြီးတော့ အသုံးဝင်တယ်တော့ မဟုတ်ဘူးပေါ့။
Wifi Widget - See, Test, Share
Confirmed, Inc.
My Data Manager - Track Usage
Mobidia Technology
မိမိတို့ iPhone / iPad တွေရဲ့ CPU အမြန်နှုန်းတွေ၊ Over Clocks တွေ စသည် စသည်ဖြင့် စပ်စပ်စုစု သိချင်တဲ့ သူတွေအတွက် ဆောင်ထားရမယ့် Tools လေးတွေပါ။
မကြာခဏ မိမိဖုန်း၊ iPad တို့ရဲ့ Wallpaper ကို ချိန်းတတ်သူများအတွက် Wallpaper Applications တွေပါ။
Vellum Wallpapers
MEREK DAVIS COM, LLC
WLPPR - high res images for home and lock screen
Konstantin Kiselyov
၂၀၁၈ ခုနှစ်ကိုတော့ အခုမှ စပြီး ဝင်တာပါ။ ဒီတော့ ဒီဂိမ်းတွေက ၂၀၁၈ ခုနှစ်မှာမှ နာမည်ကြီးလာတဲ့ ဂိမ်းတွေ မဟုတ်ပါဘူး။ အရင်ကထဲက နာမည်ကြီးပြီး လူကြိုက်များနေပြီးသား ဂိမ်းတွေပါ။ သို့ပေမယ့် အခုထိ မရိုးသွားသေးပါဘူး။ ဒါကြောင့်လဲ ၂၀၁၈ ခုနှစ်အတွက် Free Games များအဖြစ် ထည့်သွင်း ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ( Free ရော Paid ရောက 2018 ခုနှစ်တုန်းက Popular Games တွေဖြစ်တဲ့အတွက် ယခု 2020 မှာတော့ ခေတ်မစားတော့ဘူး ထင်ပါတယ်။ ကြိုက်တဲ့သူတွေ ရှိဦးမလားဗျ။ )
Scale
Good Job Games Bilisim Yazilim ve Pazarlama AS
Words With Friends 2-Word Game
Zynga Inc.
ဒီတစ်ခါတော့ $ နဲ့ ဝယ်ယူရမှာ ဖြစ်ပေမယ့် လူကြိုက်များပြီး အတော်ဆော့လို့ကောင်းတဲ့ Paid Games လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

No comments:

Post a Comment