Sunday, November 25, 2018

iPhone X တွေပြန်လည်ထုတ်လုပ်တော့မည့် Apple

iPhone X တွေပြန်လည်ထုတ်လုပ်တော့မည့် Apple

(Zawgyi)
Apple အနေနဲ့  iPhone X တွေကို Xs နှင့် XS Max ထွက်ရှိကထဲကရောင်းချမှု့ တွေရပ်ဆိုင်းထားခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ iPhone X တွေကိုပြန်လည်ထုတ်လုပ်နေပြီဖြစ်ကြောင်း Wall Street Journals မှာသတင်းတွေတက်လာခဲ့တာကတော့အံအြောစရာလို့ ပြောရမှာပါ။ Apple အနေနဲ့  iphone Xs နဲ့  Xs Max တွေမှာတောင်ရောင်းအားကျဆင်းနေခဲ့တယ်လို့ သတင်းတွေထွက်ရှိလာပြီး ဘာကြောင့်များ iPhone X တွေကို ပြန်လည်ထုတ်လုပ်တော့မှာလဲဆိုတဲ့သတင်းက မေးခွန်းထုတ်စရာကြီးဖြစ်လို့ နေပါတယ်။ 

တစ်ကယ်တန်းမှာတော့ Apple အနေနဲ့  Display အတွက် OLED Panel တွေကို SAMSUNG က နေ ၀ယ်ယူခဲ့ရာမှာ အရေအတွက်သတ်မှတ်ထားရှိခဲ့ပြီး iPhone Xs နဲ့  Xs Max တို့ မှာရောင်းအားကျနေတဲ့အတွက် X အတွက်ပါ အဆိုပါ OLED Panel တွေကိုသုံးပြီးဆက်လက်ထုတ်လုပ်သွားမှာဖြစ်တယ်လို့  Wall Street Journals မှာဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် Apple Store တွေမှာ iPhone X တွေကိုပြန်လည်မြင်တွေ့ ရနိုင်ဖွယ်ရှိနေပြီဖြစ်ပြီး အခုလက်ရှိ iPhone Xs ရဲ့ ရောင်းဈေးဟာiPhone X ရဲ့ ရောင်းဈေးဖြစ်တဲ့ $999 နဲ့ တူညီနေတာကြောင့် iPhone X ကိုပြန်လည်ရောင်းချပေးတဲ့အခါမှာတော့ ဈေးနှုန်းအနေနဲ့ ပိုမိုသက်သာသွားနိုင်ဖို့ ရှိနေတာပဲဖြစ်ပါတယ်။ အဆိုပါသတင်းနဲ့ ပတ်သတ်ပြီး Apple ရောSamsungရောမှတစ်စုံတစ်ရာသတင်းထုတ်ပြန်သွားခြင်းတော့မရှိသေးပါဘူး။

Apple အနေနဲ့  အစောပိုင်းမှာ iPhone Xs , Xs max န့ဲ XR တို့ ကို ထုတ်လုပ်မှု့ နှုန်း ၂၀ရာခိုင်နှုန်းမှာ ၃၀ရာခိုင်နှုန်းထိလျော့ချထုတ်လုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ Apple အနေနဲ့  iPhone 8 နဲ့  8 Plus တို့ အတွက် Order များပိုမိုရရှိနေတယ်လို့ သိရှိရပြီး အဆိုပါ Model တွေကတော့ October လ ၂၀ရက်နေ့ မှ November လ ၂၀ရက်နေ့ အထိ အခြားဖုန်းတွေထက် ၂၀ရာခိုင်နှုန်းပိုမိုရောင်းချနိုင်ခဲ့တယ်လို့ သိရှိရသလို iPhone XR မှာလည်း Japan နိုင်ငံမှာ အခြားဖုန်းတွေထက် ၁၃ရာခိုင်နှုန်းပိုမိုရောင်းချနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment