Thursday, November 1, 2018

ဒေါ်လာဈေးကို Stock App ကနေကြည့်ကြမယ်

ဒေါ်လာဈေးကို Stock App ကနေကြည့်ကြမယ်
(ပုံပါ Stock App သည် iOS 12 မှ Refreshed Version ဖြစ်သည်)

iOS မှာ Stock app လေးရှိတာ မှတ်မိကြပါတယ်နော်... Stock Share မသုံးတဲ့သူအတွက် အဲ့ App ကြီးက ဖုန်တက်နေရောပေါ့... ဒီတော့ အကျိုးရှိတာ တစ်ခုခုလုပ်ကြည့်ရအောင် — အဲ့တာနဲ့ ဒေါ်လာဈေးကြည့်မယ်ဗျာ
 
Step 1 — Stock app ထဲ ဝင်ပြီး ညာအောက်ထောင့်က edit icon လေးသွားနှိပ်ပါ
 
Step 2 — ပြီးရင် ကိုယ့်အတွက် အရေးမပါမျက်စိနောက်တဲ့ဟာတွေ ဖျက်ပလိုက်။ အဲ့တာပြီးရင် ဘယ်အပေါ်ထောင့်က add icon နှိပ်မယ်ဗျာ။
 
Step 3 — ဒီမှာ ကျွန်တော်တို့က USD ငွေလဲနှုန်း ကြည့်မှာမို့ USDMMK လို့ရေးပါ။ ပြီးရင် add icon လေးနှိပ်။
(တခြား ငွေကြေးတွေအများစုရပါတယ် ရမရသိချင်ရင် ကိုယ်ကြည့်မယ့် ငွေရဲ့ currency code နောက်မှာ mmkကိုကပ်ရေးလိုက်ပါ)
 
 
Step 4 — စိတ်ကြိုက်ဖြစ်ပြီဆို Done မယ်။

 Widget page မှာလည်း လွယ်လွယ်ကူကူ ကြည့်လို့ရပါတယ်နော်။

No comments:

Post a Comment