Sunday, November 11, 2018

iPad Pro ( 2018 ) ရဲ့ အကောင်းဆုံး Tips & Tricks များ

2018 iPad Pro ဟာ အရင်ထွက်ခဲ့တဲ့ iPad တွေရဲ့ ပုံစံကနေ ခွဲထွက်လာပါပြီ ။ Home Button မပါတော့ဘူး ။ အဲဒီတော့ Touch ID လည်း လစ်သွားပြီပေါ့ ။ အဲဒီအစား Edge-to-Edge Screen နဲ့ Face ID ပါဝင်လာပါတယ် ။ iPad Pro 2018 နဲ့ တွဲဖက် သုံးလို့ရမယ့် Smart Keyboard Folio နဲ့ Apple Pencil တို့ပါ ထွက်ရှိလာတာပဲ ဖြစ်ပါတယ် ။
ဒီတော့ iPad Pro မှာ ပါတဲ့ New Features တွေနဲ့ ရင်းနှီးဖို့အတွက်တော့ အချိန်အနည်းငယ် ပေးရမှာပေါ့လေ ။ ဒီ Gestures တွေကို မာစတာတစ်ယောက်လို အသုံးပြုတတ်ဖို့အတွက် အချိန်ပေးပြီး ကိုယ့်ဟာကို စမ်းသပ်ကြည့်မလား ။ ဒါမှမဟုတ် အခုကျနော့ရဲ့ ပို့စ်ကိုပဲ ဖတ်ကြည့်ပြီး တစ်ထိုင်တည်း သိသွားချင်သလား ဆိုတာကိုတော့ စာဖတ်သူ သင်ပဲ ဆုံးဖြတ်ပါတော့လေ ။ 
1. Tap to Wake
iPad ရဲ့ Screen ကို Tap လိုက်တာနဲ့ Wake Up ဖြစ်သွားစေပါမယ် ။


2. Swipe Up to Unlock with Face ID
iPad ရဲ့ Screen လင်းလာတာနဲ့ တပြိုင်နက် Face ID က သင့်မျက်နှာကို စတင်ပြီး Scan ဖတ်ပါလိမ့်မယ် ။ Face ID က Scan ဖတ်ပြီးလို့ Unlock ဖြစ်သွားတာနဲ့ iPad Pro ( 2018 ) မှာ Home Button မပါတော့တဲ့အတွက် လုံးဝ Unlock ဖြစ်စေဖို့ Screen အောက်နားကနေ အပေါ်ကို ဆွဲတင်သွားပေးလိုက်ဖို့ လိုပါတယ် ။
3. Swipe Up Again to Rescan with Face ID
Face ID ဟာ အကြိမ်ရေ အများကြီး အလုပ်လုပ်နိုင်ပါတယ် ။ ဒါပေမယ့် တစ်ခါတရံမှာတော့ ရှုထောင့်အနေအထားအရ နည်းနည်းတော့ ကြောင်တတ်ပါတယ် ။ ဒါကြောင့် ဝင်မရပဲ Fails ဖြစ်တတ်ပါတယ် ။ ဒီလိုဖြစ်လို့ သင့်ရဲ့ Passcode ကို ရိုက်ထည့်ပေးဖို့တော့ မလိုသေးပါဘူး ။ သင့်ရဲ့ မျက်နှာနဲ့ iPad Pro ကို မှန်ကန် တည့်မတ်စွာထားပြီး ဒုတိယအကြိမ် Swipe Up ကို လုပ်ကြည့်လိုက်ပါဗျ ။
4. Double Tap Space Bar to Unlock
ဝိုးးး …. 
သင့်အနေဖြင့် Smart Keyboard Folio ကိုပါ တွဲပြီး အသုံးပြုနေတယ် ဆိုရင်တော့ သင့်ရဲ့ iPad ကို Unlock လုပ်ဖို့ Screen ကို ထိစရာတောင် မလိုအပ်ပါဘူး ။ Keyboard ပေါ်က Spacebar ကို ( ၂ ) ချက် Tap လုပ်လိုက်ပြီး iPad Pro ကို မျက်နှာမူလိုက်တာနဲ့ ” Boom ” ။ 
အထဲကို ရောက်သွားပြီ ။ 
5. Use Face ID Unlock in Any Direction
သင် Portrait Mode ထဲကို ဝင်ပြီး iPad ကို ကိုင်လိုက်တဲ့အခါမှာ Face ID System ဟာ အပေါ်က Bezel ထဲမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် TrueDepth Camera ဟာ စမတ်ကျစွာနဲ့ သင် iPad ကို ဘယ်လို Direction မျိုး ကိုင်ထားပါစေဦး သင့်မျက်နှာကိုတော့ ဖတ်ပေးနေမှာပဲ ဖြစ်ပါတယ် ။ 
ဆိုလိုချင်တာက iPad ကို အသုံးပြုနေရင်း Landscape Mode အနေအထားကနေလည်း Unlock လုပ်နိုင်ပါတယ် ။


6. Swipe Up to Middle of the Screen for App Switcher
App Switcher ကို ခေါ်ဖို့အတွက် Screen ရဲ့ အောက်ခြေကနေ အပေါ်ကို ( အလယ်လောက်အထိ ) ဖိဆွဲသွားပေးရပါမယ် ။ သင့်အနေဖြင့် ဖိဆွဲသွားတာနဲ့ အပေါ်ကို ဆတ်ခနဲ ဆွဲတင်ပြီး တွန်းထုတ်လိုက်တာကိုတော့ သေချာ သိဖို့ လိုအပ်ပါတယ် ။  ဖိဆွဲသွားတာက အလယ်လောက်ရောင်ရင် App Switcher Dock ပေါ်လာစေမှာ ဖြစ်ပြီး ဆတ်ခနဲ တွန်းတင်လိုက်တာက Apps တွေကို ပိတ်လိုက်တာပဲ ဖြစ်ပါတယ် ။


7. Short Swipe up for the Dock
Dock Bar လေး ထွက်လာရန်အတွက် လက်ချောင်းလေးနဲ့ Swipe up လုပ်ပေးရပါမယ် ။ ( ၂ ) လက်မလောက် ဆွဲပြီး ခဏရပ်ပေးလိုက်ရမယ်ပေါ့ဗျာ ။ ဒါဆို Dock Bar လေးက ပေါ်လာမှာပဲ ဖြစ်ပါတယ် ။ 
ကျနော် ကြိုးစားကြည့်ပါတယ် ။ ဒီ Gesture က တကယ်တော့ လုပ်ရတာ ခက်ပါတယ် ။ သေချာတာကတော့ သင်တို့လည်း ကျနော့လိုပဲ ဘယ်တော့မှ ဒီ Gesture ကို အသုံးပြုဖြစ်မယ် မထင်ပါဘူး ။ ဒီတော့ လွယ်ကူတဲ့ နည်းလမ်းကို ကျနော်ပြောပြပါမယ်ဗျ ။ Keyboard ပေါ်ကနေ Cmd + Option + D ဆိုတဲ့ Shortcuts လေးကို ရိုက်လိုက်ရင် Dock Bar လေးကို ခေါ်ပြီးသား ဖြစ်သွားပါလိမ့်မယ်ဗျ ။
8. Top-Right Edge Swipe for Control Center
Control Center ကို ဖော်ချင်တဲ့အခါ အပေါ်ညာဖက်ဒေါင့် Status Bar နေရာလေးကနေ အောက်ကို ဆွဲချပေးလိုက်ရင် ရပါပြီ ။ အချိန်တွေ , WiFi နဲ့ Bluetooth တို့ , Battery အားပြတာတို့ဖြစ်တဲ့ Status Indicators တွေကိုလည်း အဲဒီနေရာလေးကနေပဲ Swipe Down လုပ်ပြီး ကြည့်လို့ ရပါမယ် ။


9. Use Apps in Split Mode
iPad မှာပဲ အသုံးပြုလို့ရတဲ့ အကောင်းဆုံးသော Feature တစ်ခုပဲ ဖြစ်ပါတယ် ။ Split Screen Mode နဲ့ Apps တွေကို အသုံးပြုတာ ဖြစ်ပါတယ် ။ App တစ်ခုကို ဖွင့်ထားတဲ့အချိန် အောက်က Dock ကို Swipe up လုပ်ပြီး ခေါ် , နောက်ထပ် ဖွင့်ချင်တဲ့ App အပေါ်မှာ Tap & Hold လုပ်ထားပြီး , အဲဒီ App အိုင်ကွန်ကို ဆွဲယူသွားကာ ဘယ်ဖက်ဖြစ် ညာဖက်ဖြစ်ကိုပေါ့ ။ ပြီး လွှတ်ပေးလိုက် ။ ဒီ Split View မှာ နောက်ထပ် လုပ်လို့ရတာတွေ အများကြီး ရှိပါသေးတယ် ။


10. Bring In a Third Floating Apps
Split View နဲ့ အသုံးပြုနေတဲ့ အချိန်မှာတောင် Slide Over View ထဲမှာ တတိယမြောက် App က Floating အနေအထားနဲ့ ထပ်ပြီး အသုံးပြုဖို့ စောင့်ဆိုင်း နေပါသေးတယ် ။ Dock မှ App တစ်ခုကို ဆွဲယူလာပြီး လွှတ်ပေးလိုက်တာနဲ့ အပေါ်မှာ တပြိုင်နက် Active Apps ( ၂ ) ခု ဖြစ်သွားပါမယ် ။ Apps တွေက လှုပ်နေပါလိမ့်မယ် ။ ပြီးမှ ဘယ်ဖက်ကို ပို့ပို့ ၊ ညာဖက်ကိုပဲ ပို့ပို့ သင့်စိတ်ကြိုက် ရွှေ့ပေးလို့ ရပါမယ် ။ အလျားလိုက် Swiping လုပ်ပေးလိုက်ရင်တော့ Dismiss ဖြစ်သွားပါမယ် ။
11. Drag and Drop Between Apps
Apps ( ၂ ) ခုကို Split View အနေဖြင့် ဖွင့်ထားတဲ့အခါ Drag & Drop ကို အသုံးပြုကြည့်ပါ ။ Apple ရဲ့ Apps တွေနဲ့ အမျိုးမျိုးသော Productivity Apps တွေက ဒီ Feature ကို Support လုပ်ပါတယ် ။ Drag & Drop ဟာ Text ကို Select တာတို့ , Images တို့ , Videos တို့ , နောက်ပြီး Links တွေ ။ App တစ်ခုကနေပြီး နောက်တစ်ခုထဲကို Drop လုပ်လို့ ရပါတယ် ။ ဥပမာပေါ့ဗျာ ။ သင်ရေးနေတဲ့ စာပိုဒ်ထဲကို Images ပုံ ထည့်သွင်းချင်တဲ့အခါ Copy / Paste လုပ်ပြီးမှ ထည့်ရတယ် မဟုတ်လား ။ အခု Drag & Drop က အဲဒီလို မလိုတော့ဘူး ။ ထည့်ချင်တဲ့ Images ကို ဆွဲယူလာပြီး Drop လိုက်ရုံပဲ ။ 
12. Swipe Horizontally on Home Bar For Recent Apps
Screen ရဲ့ အောက်ခြေနားလေးက Home Bar ကို အလျားလိုက် ညာဖက်ကို ဆွဲလိုက်တဲ့အခါ Recent App ကို ရောက်ပါမယ် ။ ဘယ်ဖက်ကို ပြန်ဆွဲတဲ့အခါ နဂိုမူလက အသုံးပြုနေတဲ့ App ဆီကို ပြန်ရောက်သွားပါမယ် ။ ဒါကိုတော့ သင့်အနေဖြင့် Apps ( ၃ ) ( ၄ ) ခု ဖွင့်ပြီး အသုံးပြုခဲ့တဲ့ အချိန်ဆို ပိုအသုံးဝင်တဲ့ Gesture လေး ဖြစ်ပါလိမ့်မယ် ။

13. Charge Apple Pencil Magnetically
2Generation ဖြစ်တဲ့ Apple Pencil ဟာ Lightning Connector တွေ , အထိုင်အစွပ်တွေ မလိုအပ်တော့ပါဘူး ။ iPad ကို Landscape အနေအထားမှာ ထားပြီး အပေါ်မှာ ကပ်ပေးလိုက်ရုံပါပဲ ။ Magnetically ကြောင့် Apple Pencil ဟာ iPad မှာ ကပ်နေမှာဖြစ်ပြီး Charged လည်း တစ်ခါထဲ ဝင်နေမှာပဲ ဖြစ်ပါတယ် ။ ပြီးရင်တော့ Ready to go ပေါ့ ။
14. Tap Apple Pencil on Screen to Quickly Take Notes
Apple Pencil ကို ခွါယူပြီး iPad Screen ကို Tap လိုက်တာနဲ့ အလိုအလျောက် Screen က Wake up ဖြစ်ပြီး Notes App ထဲက Blank Note ကိုလည်း ဖွင့်ထားပေးပြီးသား ဖြစ်သွားပါမယ် ။ ကဲ ဘယ်လောက်မြန်လဲ ။ Notes App ကို ရှာပြီး နှိပ်နေစရာလည်း မလိုဘူးလေ ။
15. Customize Apple Pencil Buttons in Apps
Apple Pencil မှာ Gesture pad လေး ပါပါတယ် ။ ဒါကြောင့်လည်း Features ( ၂ ) ခု လုပ်လို့ ရပါမယ် ။ အဲဒါကတော့ Single Tap နဲ့ Double Tap ပါပဲ ။ Notes App ထဲမှာ အသုံးပြုနေရင်း ဖျက်ဖို့လိုတဲ့အခါမျိုးမှာ ဒီ Taps တွေကို အသုံးပြုနိုင်ပါတယ် ။ ( Apple က မိတ်ဆက်ပေးသွားတဲ့ Ads Video ထဲမှာတော့ ရေးထားတဲ့ Texts တွေ , ဆွဲထားတဲ့ ပုံတွေရဲ့ နောက်ဆုံး လုပ်ထားခဲ့တဲ့ Actions ကို ပြန်ဖျက်ပြသွားပါတယ် ။ )

16. Mirror Your iPad Display with USB-C
သင့်အနေနဲ့ Dongle ရှိဖို့ မလိုအပ်တော့ပါဘူး ။ ဒါမှမဟုတ် Apple TV နဲ့မှ Screen Mirror လုပ်လို့ရတာလဲ လစ်လိုက်တော့လို့ ပြောလို့ ရပါပြီ ။ အဲဒါ ဘာကြောင့်လဲဆိုတော့ USB-C Cable ကြောင့်ပါပဲ ။ အခုဆိုရင် သင့်အနေဖြင့် USB-C to HDMI Cable တစ်ချောင်းပဲ လိုအပ်ပါတော့မယ် ။ TV နဲ့ Plug & Play လုပ်လိုက်ရုံပါပဲ ။ ဒါ့အပြင် iPad Pro ( 2018 ) ဟာ 5K Displays အထိ Support လုပ်ပါတယ် ။ 
17. Connect External Display with Compatible Apps
ဒါပေမယ့် ဒါပဲလားဆိုတော့ မဟုတ်ဘူးဗျ ။ External Display အဖြစ် ဆက်သွယ်ထားတဲ့ ဒီ Display ပေါ်ကနေလည်း App တွေကို Customized လုပ်နိုင်ပါဦးမယ်ဗျ ။ Apps တွေ အကုန်လုံးကိုတော့ မလုပ်နိုင်ဘူးပေါ့ဗျာ ။ 
ဒါပေမယ့် သင့်ရဲ့ Presentation လုပ်မယ့် Notes တွေနဲ့ Preview ပြမယ့် Slide တွေအတွက်ကတော့ အသုံးဝင်ပါလိမ့်မယ် ။ 
18. Import Photos from Camera and Flash Drives
စိတ်မကောင်းစရာကတော့ iPad ကို External Drives နဲ့တော့ Connect လုပ်လို့ မရနိုင်တာပါပဲ ။ Apple ကတော့ ဒီလို Features တွေ ပါဝင်တဲ့ Third-Party Apps တွေကို ခွင့်ပြုပေးပါမယ်တဲ့ ။ ခက်တာက အခုထိ အဲလို Apps မျိုးက မရှိသေးဘူး ။ 
ဒါပေမယ့် သင့်အနေဖြင့် SD Card ထည့်ထားတဲ့ Dongle ဒါမှမဟုတ် Camera နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး RAW ပုံတွေပဲဖြစ်ဖြစ် ၊ JPEG ပုံတွေပဲဖြစ်ဖြစ်ကိုတော့ Import လုပ်လို့ ရပါမယ် ။ ပုံတွေကတော့ Photos App ထဲကို တိုက်ရိုက်ပေါ့ ။ 
19. Connect Fun and Useful USB-C Accessories
iPad နဲ့ USB-C အသုံးပြုထားတဲ့ Accessories တွေ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသေးတယ် ။ အသံ Record လုပ်နိုင်တဲ့ Microphone တို့ , ဓါတ်မီးတို့ , ဖန်စီဆန်တဲ့ Fun လေးတွေ တို့ကိုပေါ့ ။ အဲ Printers ကိုတော့ Support မလုပ်ပါဘူး ။ 
20. Charge Your iPhone Using iPad
သင့်မှာသာ USB-C to Lightning Cable သာ ရှိရင်တော့ iPad ကနေပြီး သင့် iPhone ကိုပါ အားသွင်းပေးနိုင်ပါဦးမယ် ။ Nintendo Switch လိုမျိုး Game Set အထိ အားသွင်းမှု ပြုနိုင်ပါမယ် ။ 
21. Add Another Face to Face ID
Face ID ပါတဲ့ iPhone တွေလိုပါပဲ ။ 1 Face ID Authentication ပဲ ရပါမယ် ။ ဒါပေမယ့် Face ID & Passcode ကို ဝင်ပြီး Set Up an Alternative Appearance Option ကို နှိပ်ပြီး နောက်ထပ် Face တစ်ခုကိုတော့ ထည့်လို့ ရပါသေးတယ် ။


22. View All Keyboard Shortcuts For an App
iPad ပေါ်က Productivity Apps အများစုက လွယ်ကူစွာ အသုံးပြုနိုင်စေရန်အတွက် Keyboard Shortcuts တွေကို Support လုပ်ပါတယ် ။ သင့် Keyboard ပေါ်က Cmd Key ကို Press & Hold လုပ်ရင် သိပါလိမ့်မယ်ဗျ ။ 
23. Take Depth Effect Selfies
iPad Pro ဟာ Face ID အတွက် TrueDepth Sensor ကို တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း iPad Pro ပေါ်ကနေ Portrait Mode Selfies ကို လှပစွာ ရိုက်ယူလို့ ရတာပဲ ဖြစ်ပါတယ် ။ 

24. Make Your own Memoji Character
iPad Pro ( 2018 ) ဟာ Animoji နဲ့ Memoji ( ၂ ) ခုလုံးကို Support လုပ်ပါတယ် ။ Messages App ကို ဖွင့်ပြီး iMessages ပို့ထားတဲ့ Conversation ကို ဝင် ။ ပြီး Animoji Option ကို ရွေး ။ Face Structure တွေထဲက တစ်ခုကို Select ပြီး သင့်ရဲ့ ကိုယ်ပိုင် Memoji Character အဖြစ် နှာခေါင်းတွေ , မျက်လုံးတွေ , ဆံပင်ပုံစံတွေ , ပြီးတော့ မျက်မှန်တွေကို အကြိုက် ရွေးပေးပြီး ဖန်တီးကာ အခြားသူဆီ ပို့ပေးလို့ ရပါတယ် ။


25. Use Screen Time
iPad ပေါ်ကနေ သင်ဘယ်လောက် အချိန်းဖြုန်းပြီး အသုံးပြုခဲ့ပြီးပြီလဲ ဆိုတာကိုလည်း Screen Time ကနေပြီး သိရှိ ထိမ်းချုပ်မှုများ ပြုလို့ ရပါမယ် ။ 
ဒီအချက်တွေကတော့ iPad Pro ( 2018 ) ရဲ့ the best of tips & tricks လေးတွေ ဖြစ်ကြောင်းပါခင်ဗျား ။

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment