Tuesday, November 13, 2018

How to Reduce Cellular Data

iOS မှာ Cellular Data ( အင်တာနက်ဒေတာ ) အသုံးပြုမှု အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ထားရမလဲ ?

( 1 ) Autoplay Videos များကို ပိတ်ထားမယ် ။
Facebook မှာဆိုရင် အခြားသူများ တင်ထားတဲ့ Videos တွေဟာ ကိုယ်မဖွင့်ရပဲ အလိုအလျောက် Play နေတယ်ဆိုရင် ကိုယ်မသုံးရပဲ Data ကုန်ကျမှုတွေ များနေမှာ ဖြစ်ပါတယ် ။ ဒီလိုမျိုးဖြစ်နေရင် အခုလိုမျိုး ပိတ်ထားပြီး Data သုံးစွဲမှု အနည်းဆုံးဖြစ်အောင်လို့ ပြင်ဆင်ထားသင့်ပါတယ် ။
More ( 𐄘 ) >> Settings & Privacy >> Setting >> Videos and Photos >> Video Settings >> Auto-play >> Never Auto-plays Videos ကို ရွေးပေးထားပါ ။
Twitter အသုံးပြုတတ်သူများဆိုရင်လည်း Profile View >> Gear >> Settings >> Data >> Video Autoplay >> Never play videos automatically ကို ရွေးထားပါ ။
Instagram ကို အမြဲ မဟုတ်တောင် ရံဖန်ရံခါ အသုံးပြုတတ်တယ်ဆိုရင် ဒီလိုမျိုး လုပ်ထားသင့်ပါတယ် ။
Profile View >> Gear >> Mobile Data Use >> Use Less Data ကို On ပေးထားလိုက်ပါ ။

( 2 ) ဘယ် Applications တွေကို Data အသုံးပြုမှု ပိတ်ထားမလဲ ?
Setting >> Cellular ကို On ထားပြီး စစ်ဆေးကြည့်ပါ ။ Data အသုံးပြုဖို့ မလိုအပ်တဲ့ Applications တွေကို ရွေးချယ်ကာ Off ပြီး ပိတ်ထားပါ ။
ကိုယ်တကယ် အသုံးပြုတာများတဲ့ ၊ အသုံးပြုနေတဲ့ Applications တွေကိုသာ On ထားပေးတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ။ ပိတ်ထားတာတွေကိုလဲ လိုအပ်တဲ့အခါ ပြန်ဖွင့်ပေးလို့ ရပါတယ် ။ ( ပိတ်ထားပြီး အသုံးပြုတဲ့အခါကျရင်တော့ Setting >> Cellular ထဲကို ဝင်ပြီး ပြန်ဖွင့်ပေးဖို့ မေ့လဲ မနေနဲ့ဦးဗျ ။ )
( 3 ) iCloud ကို Cellular Data ဖြင့် Backup လုပ်ခြင်းကို ပိတ်ထားမယ်
Setting >> Apple ID , iCloud , iTunes & App Store >> iCloud ကို ဝင်ပြီး iCloud မှာ Backup လုပ်ဖို့ မလိုအပ်တဲ့ Applications တွေကို Off ထားပေးလိုက်ပါ ။
ဘာကြောင့်လဲဆိုတော့ အချို့သော Applications များဟာ ကိုယ်မသိလိုက်ဘဲ နောက်ကွယ်ကနေ Data ကိုအသုံးပြုပြီး Backup လုပ်နေတတ်လို့ပဲ ဖြစ်ပါတယ် ။
( 4 ) Auto Update ကို ပိတ်ထားမယ် ။
Setting >> Apple ID , iCloud , iTunes & App Store >> iTunes & App Store >> Use Cellular Data ကို Off ထားပေးလိုက်ပါ ။
ဒါဆိုရင် Cellular Data ကို On လိုက်တာနဲ့ Applications တွေကို Auto Update လုပ်နေခြင်းမှ ကာကွယ်ပြီးသားလည်း ဖြစ်သွာြး
ပီး Data တွေကိုလဲ ချွေတာပြီးသား ဖြစ်ပါမယ် ။
( 5 ) Wi-Fi အကူအညီကို ပိတ်ထားမယ် ။
ဒါကို မပိတ်ခင် Wi-Fi Assist ရဲ့ အသုံးဝင်ပုံကို ပြောပြပါမယ် ။ Wi-Fi Connections နဲ့ချိတ်ဆက်ပြီး အသုံးပြုနေစဉ်မှာ Connections Errors ကြောင့် အင်တာနက်ပြတ်တောက်မှု ဖြစ်ခဲ့ပါက Wi-Fi Assist ကို ဖွင့်ထားခြင်းဖြင့် အလိုအလျောက် Cellular Data အသုံးပြုမှုကို ပြောင်းရွှေ့ပေးလိုက်မှာ ဖြစ်ပါတယ် ။ အတော်ကောင်းတဲ့ feature တစ်ခုပဲ ဖြစ်ပါတယ် ။
သို့ပေမယ့် ကိုယ်ကတော့ WiFi နဲ့ ဖရီးကျိတ်နေရတယ်လို့ ထင်ပေမယ့် ကိုယ့် Data တွေကိုပါ ရောကျိတ်ပြီး အသုံးပြုနေတာမျိုး ဖြစ်တတ်တဲ့အတွက် ဒီ Option ကို ပိတ်ပေးထားတာပဲ ကောင်းပါမယ် ။
ပိတ်ဖို့အတွက် Setting >> Cellular ထဲကို ဝင်ပြီး အောက်နားလောက်က WiFi Assist ကို Off ပေးထားလိုက်ပါ ။
( 6 ) Background App Refresh ကို ပိတ်ထားမယ် ။
Background App Refresh ကို ဖွင့်ထားပါက Cellular Data ကို On လိုက်တာနဲ့ နောက်ကွယ်မှာ အလိုအလျောက် Applications တွေကို Updating Refreshing ပြုလုပ်ပေးနေမှာ ဖြစ်ပါတယ် ။
ဒီနေရာမှာ အမှတ်မမှားစေချင်ပါဘူး ။ Background App Refresh ဟာ Applications တွေကို Update လုပ်ပေးတာ မဟုတ်ပါဘူး ။
ဆိုလိုတာကတော့ Facebook App လိုမျိုးမှာ fb app ထဲကို ဝင်ရောက်အသုံးပြုခြင်း မရှိပေမယ့် နောက်ကွယ်ကနေ New Feeds ကို Cellular Data ကို On လိုက်တာနဲ့ အလိုအလျောက် Update Refresh ပြုလုပ်ပေးနေမှာမျိုး ဖြစ်ပါတယ် ။ ဒီတော့ Cellular Data တွေက အသုံးမပြုဘဲ ကုန်နေမှာ ဖြစ်ပါတယ် ။
Setting >> General >> Background App Refresh ကို ဝင်ပြီး Off ထားပေးလိုက်ခြင်းက Data အသုံးပြုမှုကို လျော့ကျစေမှာ ဖြစ်ပါတယ် ။
( 7 ) Music App မှ Cellular Data ကို ပိတ်ထားမယ် ။
Music App ထဲကနေပြီး Apple Music Store ပေါ်မှာရှိတဲ့ သီချင်းများကို Streaming ဖြင့် နားထောင်လို့ ရပါတယ် ။ ဒါပေမယ့် Cellular Data ကတော့ အတော်လေးကို ကုန်ကျသွားပါလိမ့်မယ် ။
Setting >> Music >> Cellular Data >> Cellular Data ကို Off ပေးထားပြီး အသုံးပြုသင့်ပါတယ် ။ ( For iOS 10 )
Setting >> Music >> Cellular Data >> Streaming ကို Off ထားပေးလိုက်ပါ ။
Downloads ကိုပါ Off ထားပေးလိုက်ပါ ။ ( For iOS 11 , iOS 12 )
( 8 ) Safari ထက် ဘယ် Browser တွေက ပိုကောင်းမလဲ ? 
သင့်အနေဖြင့် ကြီးမားတဲ့ Website များကို လှည့်လည်ကြည့်ရှုဖို့ စဉ်းစားနေတယ်ဆိုပါက ဒါလေးကိုတော့ သိထားသင့်ပါတယ် ။ အဆိုပါ Website များရဲ့ Page တစ်မျက်နှာကို ကြည့်ရှုရန် Loading အချိန်မှာတင် သင့်ရဲ့ browser က 5 ⇢ 13 MB အထိ Data တွေကို အသုံးပြုလိုက်ပြီး ဖြစ်နေပါပြီ ။ ဒီလိုအချိန်မျိုးမှာ ” Reduce Data ( Data ချုံ့ထား ) ” ဆိုတဲ့ နည်းစနစ်ပါဝင်ပြီးသားဖြစ်တဲ့ Chrome Browser , Opera mini web browser တို့ ၊ Microsoft Edge Browser မျိုးတို့တွေကို ရွေးချယ် အသုံးပြုသင့်ပါတယ် ။
Google Chrome – The Fast and Secure Web Browser by Google, Inc.
Download Link
Opera Mini web browser by Opera Software ASA
Download Link
Microsoft Edge by Microsoft Corporation
Download Link

( 9 ) Mail App ကို ဂရုစိုက်ပြီး သုံးမယ် ။
Mail အသုံးပြုနေကြဆိုရင်တော့ Data ကုန်ကျမှု သက်သာအောင်လို့ Background App Refresh မှာ ပိတ်ထားသင့်တဲ့အပြင် Setting >> Mail >> Load Remote Images ကိုပါ Off ပေးထားသင့်ပါတယ် ။
ကိုယ်အသုံးပြုတဲ့အခါမှ Mail App ထဲကို ဝင်ပြီး အပေါ်ကနေ အောက်ကို ဆွဲချပြီး Refreshing လုပ်တာက Data သုံးစွဲမှုကို ချွေတာရာ ရောက်ပါတယ် ။


( 10 ) Data Usage တွေ ဘယ်လောက် အသုံးပြုပြီးပြီလဲ ။
Cellular Data ဘယ်လောက် အသုံးပြုပြီးနေပြီလဲဆိုတာကို သိထားမှလဲ ကိုယ်အသုံးပြုတာ များနေပြီလား ၊ နည်းနေသေးလားဆိုတာ ဆင်ခြင်မှုပြုနိုင်မှာ ဖြစ်ပါတယ် ။ 
ဒီအတွက် အလွယ်တကူ ကြည့်ရှုနိုင်ပြီး Widgets အဖြစ်ပါ အလွယ်တကူ အသုံးပြုနိုင်မယ့် Applications တွေ အများအပြားရှိနေပါတယ် ။ အခုကျွန်တော်က $ နဲ့ ဝယ်ရမယ့်ဟာ တစ်ခုနဲ့ free ရနိုင်မယ့်ဟာ တစ်ခုကို ဖော်ပြပေးလိုက်ပါတယ် ။
DataMan Next – simply track your data usage by Johnny Ixe ( $0.99 )
Download Link
Advanced Data Usage Tracker – smartapp by Times Internet Limited
Download Link
( 11 ) iMessage မှာ ပုံတွေကို Sizes ချုံ့ပြီး ပို့မယ် ။
iMessage အသုံးပြုတတ်တဲ့ သူမျိုးဆိုရင်လည်း Setting >> Message >> Low Quality Image Mode ကို On ပေးထားသင့်ပါတယ် ။ ဒါမှသာ ပို့တဲ့ ပုံက Resolution အပြည့်နှင့် Compress ပြီး Sizes နည်းပါးသွားမှာ ဖြစ်ပါတယ် ။ Data လည်း ချွေတာပြီးသား ဖြစ်တာပေါ့ ။
( 12 ) Cellular Data ကို မသုံးရင် ပိတ်ထားမယ် ။
အသုံးမပြုတဲ့အချိန် ၊ အသုံးမလိုတဲ့အချိန်မှာ Cellular Data ကို ပိတ်ထားပါ ။ Facebook မှာ New Feeds ကို Loading ဆွဲပြီးတာနဲ့ Cellular Data ကို Off ထားပြီး ဖတ်ရှုလို့ရပါတယ် ။ Like or Comments ပေးချင်တဲ့အခါမှသာ Cellular Data ကို ပြန်ပြီး On ပေးလိုက်ရုံပါပဲ ။
ဒီကိစ္စမှာတော့ ကျနော်တို့ အငြင်းပွါးကြရမယ် ထင်ပါတယ် ။ ဒီ Post ကို ရေးပြီးတော့ ကျနော် လက်တွေ့ စမ်းသပ်ကြည့်ပါတယ် ။
တစ်နေကုန် တစ်နေခန်း Cellular Data ကို မပိတ်ပဲ ဖွင့်ထားကြည့်မယ်လို့ စဉ်းစားထားသော်လည်းပဲ အဆင်မပြေတာကြောင့် နေ့တစ်ပိုင်းလောက် ( တိတိကျကျ ဆိုရရင် ၅ နာရီပါ ။ ) Cellular Data ကို On ထားပေးပြီး ဖုန်းကို ဘာမှ မသုံးပဲ ပစ်ထားကြည့်လိုက်ပါတယ် ။ ဪ ကျနော် အသုံးပြုတဲ့ SIM က MPT ပဲ ဖြစ်ပါတယ် ။
ပုံထဲကို ကြည့်ပြီးပြီလို့ ထင်ပါတယ် ။
Lock Screen ကိုတောင် မဖွင့်ပဲ ဒီအတိုင်း ထားထားတာပါ ။
တွေ့တဲ့အတိုင်းပါပဲ ။
ကြောက်စရာပါ ။
ကျနော်က MPT နဲ့ပဲ စမ်းရသေးတာပါ ။
ကျန် Ooredoo တို့ ၊ Telenor တို့ကျရင်လဲ ဘယ်လိုနေမလဲ မသိပါ ။
ဒီတော့ဗျာ ။
အကောင်းဆုံးက အသုံးမပြုသေးဘူး ဆိုရင် Cellular Data ကို Off ပေးထားတာပါပဲ ။
ဒီ Post ကို ဖတ်ပြီး လုပ်သင့်တာကို လုပ်ထားကြမယ် ဆိုရင်တော့ ဘာမှမလုပ်ထားပဲ သုံးနေကြတာထက်စာရင်တော့ Cellular Data ကုန်ကျမှု အနည်းဆုံးတော့ ဖြစ်စေမှာပဲ ဖြစ်ပါတယ် ။
ဒါပေမယ့်ဗျာ မြန်မာပြည်က အော်ပရေတာတွေကြောင့်နဲ့တော့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေရသလိုပါပဲလေ ။
လိမ်လည်ခံရခြင်းမှ ကင်းဝေးကြပါစေဗျာ ။
Ref : iPhone hacks
အားလုံးကိုကျေးဇူးတင်ပါတယ် ။

No comments:

Post a Comment