Friday, November 9, 2018

မိမိတို့ရဲ့ iPhone & iPad များပျောက်ဆုံးခဲ့ရင် ဘာတွေလုပ်ထားသင့်လဲ

ဘယ်သူမဆို မိမိတို့ရဲ့ တန်ဖိုးကြီး iPhone ပျောက်ဆုံးသွားလျှင် ရုတ်တရက်တော့ စိတ်ဒုက္ခ အနည်းနဲ့အများဆိုသလို ဖြစ်ကြမှာပါပဲ .. ဖုန်းပိုင်ရှင်အနေဖြင့် ပျောက်ဆုံးသွားတဲ့ မိမိဖုန်းရဲ့ Battery အားကုန်သွားမှာ ၊ ဖုန်းပိတ်ထားလိုက်မှာကို ပိုမိုစိုးရိမ်စိတ် ဝင်နေကြမယ်လို့လဲ ထင်ပါတယ် .. ဒါပေမယ့် အခုတော့ ဖုန်းပိုင်ရှင်များအနေဖြင့် အသက်ဝဝရှူလို့ ရပါပြီ .. ဘာကြောင့်လဲဆိုတော့ ပျောက်ဆုံးသွားတဲ့ ဖုန်းမှာ Battery အားကုန်သွားတာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲဖြစ်ဖြစ် အဆိုပါအခြေအနေမျိုးမှာတောင် ပျောက်ဆုံးသွားတဲ့ ဖုန်းကို track လုပ်လို့ ရနေလို့ပဲ ဖြစ်ပါတယ် ..
အားမရှိတဲ့ဖုန်း ၊ ပိတ်ထားတဲ့ဖုန်းကို ပြန်ရှာလို့ ရတယ်ဆိုလို့ ခင်ဗျားတို့ ခေါင်းထဲ ရှုပ်ထွေးသွားပြီလား ?
အဲဒီအတွက် အဖြေက ရှိနေပြီးသားပါ ..
Battery ကုန်သွားတဲ့ဖုန်း ၊ ပိတ်ထားတဲ့ဖုန်း ဖြစ်ပါစေဦးတော့ နောက်ဆုံးပျောက်သွားခဲ့တဲ့ နေရာကို ပြန်ရှာနိုင်တဲ့အစွမ်း ကျွန်တော်တို့ iCloud ကြီးက ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ် ..
ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဗျ ..
ခင်ဗျားတို့အနေနဲ့ iCloud ကို Sign in လုပ်ထားပြီး ၊ ” Find My iPhone ” ကို အမြဲတမ်း On ထားဖို့တော့ လိုမယ်နော် ..
How to find your iPhone …
ခင်ဗျားတို့ရဲ့ iPhone မှာ ” Find My iPhone ” ကို On ထားပြီးသားဆိုရင်တော့ အလုပ်က တစ်ဝက်ပြီးနေပြီလို့တောင် ဆိုရမှာပါပဲ .. ဖုန်းမှာ အားမရှိ ၊ ဖုန်းပိတ်ထားတယ် ဆိုရင်တောင် အောက်မှာဖော်ပြမယ့် အချက်အလက်များက ခင်ဗျားတို့အတွက် အလွန့်အလွန်ကို အထောက်အကူ ဖြစ်စေမှာပါ ..
Battery အားမရှိဘူး ဆိုရင်တောင် iPhone အနေဖြင့် နောက်ဆုံးရှိနေခဲ့တဲ့ နေရာကို send လုပ်လို့ ရနိုင်ပါတယ် .. အဲဒီအတွက် ” Send Last Location ” ကို enable လုပ်ပေးထားဖို့တော့ လိုပါမယ် ..
ကဲ .. ဘယ်လိုလုပ်ထားရမလဲဆိုတာကို ပြောပြပါမယ် ..
Setting ကို ဝင်လိုက်ပါ ..
iCloud ကို ဝင်ပါ ..
Find My iPhone ကို နှိပ်လိုက်ပါ ..
Find My iPhone ထဲကို ရောက်ပြီဆိုလျှင် ” Send Last Location ” ကို On ပေးထားရပါမယ် ..

ပျောက်ဆုံးသွားတဲ့ iPhone ကို အခြား iPhone တစ်လုံးကို အသုံးပြုပြီး ဘယ်လို ရှာမလဲ ?
ခင်ဗျားရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ အပေါင်းအသင်းများ၏ iPhone ဒါမှမဟုတ် iPad ဖြင့် ပျောက်သွားတဲ့ iPhone ရဲ့ တည်နေရာကို ရှာလို့ရတဲ့ နည်းလမ်း ရှိပါတယ် ..
အဲဒီဖုန်း ( or ) iPad ထဲက
Find iPhone App ကို ဝင်လိုက်ပါ ..
ဒါက ခင်ဗျားရဲ့ iPhone , iPad မဟုတ်တဲ့အတွက် ညာဖက်အပေါ်နားက Sign Out ကို နှိပ်လိုက်ရပါမယ် ..
အခု ခင်ဗျားရဲ့ ID နဲ့ Sign In လုပ်ရပါမယ် ..
ID ကို Sign In လုပ်ပြီး သွားပြီဆိုတော့ အဲဒီမှာ ခင်ဗျားရဲ့ iDevice တွေ ပေါ်လာပါလိမ့်မယ် .. ပျောက်သွားတဲ့ iPhone ကို ရွေးပေးရပါမယ် .. နှိပ်ရမယ်ပေါ့ဗျာ
ပျောက်သွားတဲ့ iPhone ရဲ့ နောက်ဆုံးရှိနေခဲ့တဲ့ တည်နေရာကို မြေပုံပေါ်မှာ Big dot ( အစက်ကြီးကြီး ) တစ်ခုနဲ့ ဖော်ပြပေးပါလိမ့်မယ် ..
ခင်ဗျားရဲ့ လက်ချောင်းလေးများဖြင့် location ကို အနီးကပ် Zoom ဆွဲယူပြီး ကြည့်ရှုလိုက်ပါ ..
အခုအောက်မှာရှိတဲ့ Actions ကို နှိပ်ပြီး ခင်ဗျားဘာလုပ်ချင်လဲ လုပ်လို့ ရပါပြီ ( Play Sound , Lost Mode and Erase iPhone )
မှတ်ချက် >> ဖုန်းပိတ်နေတယ်ဆိုရင်တောင် Find My iPhone feature က ပျောက်သွားတဲ့ iPhone ရဲ့ နေရာကို ဆက်ပြီး ရှာဖွေပေးနေမှာ ဖြစ်ပါတယ် ..

ပျောက်ဆုံးသွားတဲ့ iPhone ကို ကွန်ပျူတာဖြင့် ဘယ်လိုရှာမလဲ ?
အပေါ်က နည်းလမ်းနဲ့ ရှာဖွေဖို့ အခက်အခဲ ရှိခဲ့မယ်ဆိုရင် ကွန်ပျူတာနဲ့ ရှာဖွေလို့ရတဲ့ နည်းလမ်း ရှိပါသေးတယ် ..
ကွန်ပျူတာရဲ့ Browser မှနေပြီး iCloud.com ကို သွားပါ ..
Apple ID နဲ့ Sign In ဝင်လိုက်ပါ ..
iCloud ထဲကို ရောက်ပြီဆိုရင် ” Find My iPhone ” App icon ကို နှိပ်လိုက်ပါ ..
ခင်ဗျားရဲ့ iDevice များကို တွေ့ရပြီဆိုရင် ပျောက်သွားတဲ့ iPhone ကို ရွေးပြီး နှိပ်လိုက်ပါ ..
ကဲ .. ဒါဆို ခင်ဗျားဘာတွေ ဆက်လုပ်ရမလဲဆိုတာကို သိပါပြီနော် ( မသိရင် အပေါ်ကဟာကို ပြန်ဖတ်ကြည့် )
မှတ်ချက် >> ဖုန်းပိတ်နေတယ် ဆိုရင်တောင် ပျောက်ဆုံးသွားတဲ့ဖုန်း ဘယ်နေရာမှာ ရှိနေခဲ့လဲဆိုတာကို မြေပုံပေါ်မှာ ပြပေးသွားနိုင်ပါတယ် ..
What is Lost Mode ?
” Find My iPhone ” ကို အသုံးပြုထားမယ်ဆိုလျှင် သူ့ရဲ့ အခြား option တစ်ခုဖြစ်တဲ့ ” Lost Mode ” ကိုလဲ သိထားသင့်ပါတယ် ..
Lost Mode ကို enabled လုပ်လိုက်မယ်ဆိုလျှင် ပျောက်သွားတဲ့ iPhone ကို Lock လုပ်ပေးလိုက်မည် ဖြစ်ပြီး ၊ အဆိုပါ ဖုန်းရဲ့ Display Screen ပေါ်မှာ ဖုန်းနံပါတ်တစ်ခုနဲ့ Custom message တစ်စောင် သွားပေါ်နေမှာ ဖြစ်ပါတယ် .. ခင်ဗျားကိုယ်တိုင် ဖုန်းကို ပြန်ရပြီး Lost Mode ကို disable လုပ်ပေးမှသာ ဒီစာတွေက ပျောက်သွားမှာ ဖြစ်ပါတယ် ..
တစ်ခုရှိတာက Lost Mode ဟာ iPhone ရဲ့ Battery life ပေါ်မှာပဲ အလုပ်လုပ်တာ ဖြစ်ပါတယ် .. ဘာကြောင့်လဲဆိုတော့ internet ဖြင့် သူ့ဘာသာ ချိတ်ဆက်နိုင်လို့ ဖြစ်ပါတယ် .. ခင်ဗျားရဲ့ ဖုန်းမှာ Battery အား အနည်းငယ်ရှိနေဦးမယ် ဆိုရင်တော့ အခြား options များကို အသုံးပြုတာထက် ” Lost Mode ” ကို အသုံးပြုဖို့အတွက် ကျွန်တော်တို့ အကြံပြုချင်ပါတယ် ..
Lost Mode ကို အသုံးပြုဖို့အတွက် …
Find iPhone App ကို ဝင်ပါ ..
ပျောက်ဆုံးသွားတဲ့ ဖုန်းကို နှိပ်ပါ ..
Lost Mode ကို နှိပ်ပါ ( Turn On Lost Mode ဆက်ပြီး နှိပ်ပါ )
ပျောက်သွားတဲ့ ဖုန်းရဲ့ Lock Screen မှာ ပေါ်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်သလို စာရိုက်ထည့်ပေးပါ ..
Done ကို နှိပ်ပါ
မှတ်ချက် >> ခင်ဗျားရဲ့ ဖုန်းကို ပြန်ပြီး ရှာတွေ့လို့ password ဖြင့် unlock ပြုလုပ်ပြီး Lost Mode ကနေ ထွက်လို့ ရပါတယ် ..
What is Play sound ?
Play sound – ဖုန်းသည် Silent or Vibrate အနေအထား ဖြစ်နေသည့်တိုင် ကျယ်လောင်ပြီး ကြားနိုင်လောက်မည့် Tone အသံ ထွက်ပေါ်လာပါလိမ့်မည် .. ဒီ option ကိုတော့ ခင်ဗျားတို့ရဲ့ အိမ်အနီးအနား ဝန်းကျင်မျိုးတွင် iPhone or iPad ပျောက်သွားခဲ့ပါက အသုံးပြုသင့်ပါတယ် ..
What is Erase ?
Erase – ခင်ဗျားအနေဖြင့် ပျောက်ဆုံးသွားတဲ့ iDevice ကို ပြန်မရနိုင်တော့ဘူး ဒါမှမဟုတ် အဲဒီအထဲမှာ ရှိနေတဲ့ Data တွေကို တစ်စုံတစ်ဦးမှ ရယူ အသုံးပြုသွားမှာ စိုးလို့ စသည်ဖြင့် အဲဒီလို အနေအထားမျိုး ဆိုရင်တော့ ခင်ဗျားရဲ့ informations များကို အကာအကွယ် ဖြစ်ရန်အတွက် ကျိန်းသေ ဒီနည်းဖြင့် Delete လုပ်ပစ် ရပါမယ် ..
Find My iPhone ကို enable မလုပ်ထားဘူးဆိုရင် ဘယ်လိုရှာရမလဲ ?
ဒီလို အခြေအနေမျိုးမှာ ဆိုရင်တောင် ခင်ဗျားအနေဖြင့် Google Maps ကို အသုံးပြုပြီး ရှာလို့ ရပါသေးတယ် .. ဒါပေမယ့် Google Maps မှာ location history ကို enable လုပ်ပေးထားဖို့တော့ လိုအပ်ပါတယ် ..
ခင်ဗျားရဲ့ ဖုန်းမှာ Google location history ကို enable လုပ်မယ်ဆိုရင် …
maps.google.com/locationhistory ကို သွားပါ ..
Account ကို ဝင်မထားရသေးဘူးဆိုရင် ခင်ဗျားရဲ့ Google account ဖြင့် Log In ဝင်လိုက်ပါ ..
ပျောက်သွားတဲ့ဖုန်းကို ပြန်ပြီး ရှာဖို့ ကြိုးစားမှု အနေဖြင့် ဖုန်းနောက်ဆုံးပေါ်ခဲ့တဲ့ နေရာကို စစ်ဆေးကြည့်ပါ ..
Battery အားကုန်တာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲ ဖြစ်ဖြစ် အထက်ပါ နည်းလမ်းများဟာ ပျောက်သွားတဲ့ ဖုန်းကို ရှာဖွေရာမှာတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ..
အားလုံးအဆင်ပြေကြပါစေ …

No comments:

Post a Comment