Saturday, November 3, 2018

iPhone နဲ့ iPad အသုံးပြုသူများသိထားသင့်တဲ့ Privacy & Security

iPhone နဲ့ iPad အသုံးပြုသူများသိထားသင့်တဲ့ Privacy & Security တစ်ချို့ကိုကျွန်တော် တင်ပြပါမယ် :D
1-Find My iPhone
Settings >> iCloud >> Find my iPhone ကို iDevice အသုံးပြုသူတိုင်း on ထားသင့်ပါတယ် တစ်ဆက်တည်း Send Last Location ကိုပါ on ထားပါ ကိုယ့်ရဲ့ Device ပျောက်သွားခဲ့ရင် တစ်ခြား device တစ်ခုကနေ icloud website မှာကိုယ့် Apple ID ဝင်ပြီးရှာနိုင်ပါတယ် အားလုံးနီးပါးသိပြီးသားမို့ အထွေအထူးရှင်းပြဖို့လိုမယ်မထင်ပါဘူး တစ်ခုသတိထားရမှာက ကိုယ့်ရဲ့ကိုယ်ပိုင် ID ကိုသာသုံးသင့်ပြီး Password ကိုလည်းသေချာမှတ်ထားစေချင်ပါတယ်
2-Lock Screen Notifications for Messages and Mail
ကိုယ်ဆီကိုဝင်လာမဲ့ Messages & Mails များမှာ လူသိမခံစေချင်တဲ့အကြောင်းအရာတွေပါဝင်နေနိုင်ရင် Settings >> Notification >> Messages/Mails မှာ Show previews ကိုပိတ်ထားပါ
3-Use Letters and Numbers for Your Passcode
Six-digit passcode ကိုလုံခြုံမှုအားနည်းသေးတယ်လို့ယူဆရင် Letter တွေ Number တွေနဲ့ထားနိုင်ပါတယ်
Settings >> Touch ID & Passcode ( လက်ရှိသုံးနေတဲ့ passcode ရိုက်ထည့် ) >> Change Passcode ( လက်ရှိသုံးနေတဲ့ passcode ရိုက်ထည့် ) >> Passcode Options >> Custom Alphanumeric Code ကိုရွေးပြီး Letters & Numbers နဲ့ Passcode အသစ်ပေးပါ
4-Erase Data After 10 Passcode Attempts
အကယ်၍များ တစ်ယောက်ယောက်ကသင့်ဖုန်းကိုခိုးသွားပြီး Passcode အမှားတွေနဲ့ဖုန်းကိုဖွင့်ဖို့ကြိုးစားတဲ့အခါ ၁ဝကြိမ်မှားတာနဲ့ သင့်ရဲ့ data တွေကိုအလိုလျောက်ဖျက်နိုင်တဲ့ Security setting ကို iOS မှာထည့်သွင်းပေးထားပြီးသားပါ
Settings >> Touch ID & Passcode >> Erase Data ကို on ထားပါ
5-Lock Screen Access
Touch ID & Passcode setting မှာပဲပါတဲ့ Today View, Notification View, Siri, Reply with Message, Home Control, Wallet ဆိုတဲ့ features တွေကို iPh, iPad unlock မလုပ်ပဲ အသုံးမပြုနိုင်ဖို့ ပိတ်ထားသင့်ပါတယ်
6-Notes Lock
Note ရဲ့ညာဖက်အပေါ်ထောင့်မှာရှိတဲ့ share icon လေးကို နှိပ် Lock note ကိုရွေးပြီး Note တွေကို lock ချထားနိုင်ပါတယ်
7-Two-Factor Authentication
Apple ID ကို Two-Step Verification ခံထားပါ Password သိတယ်ဆိုရင်တောင် Verification code မသိပဲ တစ်ခြားတစ်ယောက်က သင့်ရဲ့ Apple ID ကိုသုံးနိုင်မှာမဟုတ်ပါဘူး
8-Auto-Delete Messages
Message တွေကိုအချိန်အကြာကြီးသိမ်းထားဖို့မလိုအပ်ရင် အလိုအလျောက်ရှင်းနိုင်ဖို့ Settings >> Messages မှာ 30 Days or 1 Year ကိုရွေးထားနိုင်ပါတယ်
9-Safari Private Browsing
Safari မှာသင်အသုံးပြုခဲ့တဲ့ history ဒါမှမဟုတ် login တွေကိုသင့် device ထဲမှာမှတ်သားထားခြင်းမရှိပဲသုံးချင်ရင် Safari ရဲ့အောက်ခြေညာဖက်ဆုံးမှာရှိတဲ့ Tabs icon ကိုနှိပ် အောက်ခြေ ဗယ်ဖက်ဆုံးမှာ ပေါ်လာတဲ့ Private ဆိုတာလေးကိုရွေးပြီး Private mode နဲ့သုံးနိုင်ပါတယ်
10-Turn Off Share My Location
အများအားဖြင့် Find My Friends app သုံတဲ့အခါမှာပဲအသုံးဝင်တဲ့ Share My Location ကိုပိတ်ထားပါ
Settings >> iCloud >> Share My Location
11-Use a VPN
Online ပေါ်မှာ Anonymous အနေနဲ့လုံခြုံစွာအသုံးပြုနိုင်ဖို့ VPN app သုံးပါ
12-Auto-Lock Settings
Default အနေနဲ့ one minute ဆိုရင် auto lock ကျပေမယ့် 30 seconds ထိလျှော့နိုင်ပါတယ်
Settings >> Display & Brightness >> Auto-Lock
13-Restrictions
Stock App တွေဖျောက်ထားနိုင်ဖို့နဲ့ တစ်ခြား sevice တွေကိုကန့်သတ်ထားနိုင်ဖို့ Restrictions ကို enable လုပ်ပြီးသုံးသင့်ပါတယ်
Settings >> General >> Restrictions
အဆင်ပြေကြပါစေးးးး

No comments:

Post a Comment