Sunday, November 4, 2018

iPhone X & iPhone Xr


Iphone Xr ထွက်လာပြီး နောက်ပိုင်း မှာ iphone ရဲ့ x series တွေကို ယှည်လေ့လာစမ်းကြည့်တဲ့အခါမှာတော့ ..

Xr ဟာ တစ်နှစ်စော ထွက်ခဲ့တဲ့ iphone x နဲ့ တောင် ယှဉ်မရဘူး ဖြစ်နေပါတယ်..

................

Xr ဟာ X ထက် ဆိုဒ် နည်းနည်းကြီးသွားတယ်ဆိုပေမယ့် .. xr size ဟာ ဆိုဒ်ပျက်ကြီးဖြစ်နေပါတယ် ..
ပုံစံ က လဲ iphone 8 အကြီးစား ပုံစုံဖြစ်လာလို့ ပုံတုံး ကြီးလို ဖြစ်နေပါတယ်...

x ဆိုဒ် ကတော့ ယောက်ကျားလေးတွေ ကိုင်လို့ အဆင်ပြေတဲ့ အကောင်းဆုံး ဆိုဒ် ပုံစံမှာ ရှိနေပြီး.. မိန်းကလေးတွေ အနေနဲ့လဲ သေး မနေပြန်ပါဘူး..
design ကတော့ xs နဲ့ ပုံစံတူမို့ အမိုက်စားမှာရှိနေပါတယ်..

....................

Xr ဟာ နောက်ခြမ်း က မှန်သားဖြစ်ပေမယ့် ဘောင်အကွပ်ကတော့ 8 /8+ တို့လိုမျိုး aluminiun ပဲ ဖြစ်နေပြီး..

X ကတော့ ဘောင်အကွပ် က xs/ xs max တို့လို stainless steel ဖြစ်နေပါတယ်

.................

Xr ဟာ ကင်မရာ နှစ်လုံး ပါတဲ့ ဖုန်းတွေလို portrait ရိုက်လ်ု့ရအောင် ကင်မရာတစ်လုံးထဲကို sensor ကြီးသွားအောင် လုပ်ထားတာဖြစ်ပေမယ့် dual camera တွေရဲ့ portrait တွေလောက်ကို လုပ်န်ုင်စွမ်းအား မကောင်းပြန်ပါဘူး..

ဒီတော့ portrait ပိုင်းမှာလဲ x ကို မယှဉ်နိုင်ခဲ့ပါဘူး

................

display ပိုင်းမှာလဲ xr ဟာ lcd တွေထဲမှာ အမြင့်ဆုံး အရည်အသွေးရုပ်ထွက်ကို ပ်ုင်ဆိုင်တဲ့ lcd ကို တပ်ဆင်ထားတယ် ဆိုပေမယ့်..

lcd ဟာ lcd သာ ဖြစ်တဲ့ အတွက် led display ပိုင်ဆိုင်ထားတဲ့ x နဲ့ ရုပ်ထွက်ပိုင်း ဘယ်လိုမှ ယှဉ်မရခဲ့ပါဘူး..

.................

အနှစ်ချူပ် ဆိုရရင် အမြင်ပိုင်း အထိအတွေ့ ပိုင်း မှာ Xr ဟာ X ကို ဘယ်လိုမှ ယှဉ်လို့မရပါဘူး..

software အပိုင်းမှာသာ xr ဟာ latest ဖြစ်တဲ့အတွက် processor တစ်ဆင်ံမြင့်သွားပြီး အနည်းငယ် ပိုလုပ်နိုင်တာကလွဲ ရင် xr ဟာ x ကို ယှဉ်လို့မရပါဘူး..

အဲ့ဒီတော့ ဈေးမကွာတော့တဲ့ ၂၀၁၇ ထုတ် X နဲ့ ၂၀၁၈ ထုတ် ဖြစ်တဲ့ Xr ကို ရွေးပါဆိုရင် တော့..

model အမြင့် ရေရှည် သုံးဖို့ ဆို Xr ကို ရွေးရမှာ ဖြစ်ပြီး..

အထိအတွေ့ အရသာ အမြင်အာရုံခံစားမှု အရဆိုရင်တော..့
Xr ကို ငြင်းရမှာ အသေအချာပါပဲ ..

No comments:

Post a Comment