Sunday, November 25, 2018

iPhone X တွေပြန်လည်ထုတ်လုပ်တော့မည့် Apple

iPhone X တွေပြန်လည်ထုတ်လုပ်တော့မည့် Apple

(Zawgyi)
Apple အနေနဲ့  iPhone X တွေကို Xs နှင့် XS Max ထွက်ရှိကထဲကရောင်းချမှု့ တွေရပ်ဆိုင်းထားခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ iPhone X တွေကိုပြန်လည်ထုတ်လုပ်နေပြီဖြစ်ကြောင်း Wall Street Journals မှာသတင်းတွေတက်လာခဲ့တာကတော့အံအြောစရာလို့ ပြောရမှာပါ။ Apple အနေနဲ့  iphone Xs နဲ့  Xs Max တွေမှာတောင်ရောင်းအားကျဆင်းနေခဲ့တယ်လို့ သတင်းတွေထွက်ရှိလာပြီး ဘာကြောင့်များ iPhone X တွေကို ပြန်လည်ထုတ်လုပ်တော့မှာလဲဆိုတဲ့သတင်းက မေးခွန်းထုတ်စရာကြီးဖြစ်လို့ နေပါတယ်။ 

တစ်ကယ်တန်းမှာတော့ Apple အနေနဲ့  Display အတွက် OLED Panel တွေကို SAMSUNG က နေ ၀ယ်ယူခဲ့ရာမှာ အရေအတွက်သတ်မှတ်ထားရှိခဲ့ပြီး iPhone Xs နဲ့  Xs Max တို့ မှာရောင်းအားကျနေတဲ့အတွက် X အတွက်ပါ အဆိုပါ OLED Panel တွေကိုသုံးပြီးဆက်လက်ထုတ်လုပ်သွားမှာဖြစ်တယ်လို့  Wall Street Journals မှာဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် Apple Store တွေမှာ iPhone X တွေကိုပြန်လည်မြင်တွေ့ ရနိုင်ဖွယ်ရှိနေပြီဖြစ်ပြီး အခုလက်ရှိ iPhone Xs ရဲ့ ရောင်းဈေးဟာiPhone X ရဲ့ ရောင်းဈေးဖြစ်တဲ့ $999 နဲ့ တူညီနေတာကြောင့် iPhone X ကိုပြန်လည်ရောင်းချပေးတဲ့အခါမှာတော့ ဈေးနှုန်းအနေနဲ့ ပိုမိုသက်သာသွားနိုင်ဖို့ ရှိနေတာပဲဖြစ်ပါတယ်။ အဆိုပါသတင်းနဲ့ ပတ်သတ်ပြီး Apple ရောSamsungရောမှတစ်စုံတစ်ရာသတင်းထုတ်ပြန်သွားခြင်းတော့မရှိသေးပါဘူး။

Apple အနေနဲ့  အစောပိုင်းမှာ iPhone Xs , Xs max န့ဲ XR တို့ ကို ထုတ်လုပ်မှု့ နှုန်း ၂၀ရာခိုင်နှုန်းမှာ ၃၀ရာခိုင်နှုန်းထိလျော့ချထုတ်လုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ Apple အနေနဲ့  iPhone 8 နဲ့  8 Plus တို့ အတွက် Order များပိုမိုရရှိနေတယ်လို့ သိရှိရပြီး အဆိုပါ Model တွေကတော့ October လ ၂၀ရက်နေ့ မှ November လ ၂၀ရက်နေ့ အထိ အခြားဖုန်းတွေထက် ၂၀ရာခိုင်နှုန်းပိုမိုရောင်းချနိုင်ခဲ့တယ်လို့ သိရှိရသလို iPhone XR မှာလည်း Japan နိုင်ငံမှာ အခြားဖုန်းတွေထက် ၁၃ရာခိုင်နှုန်းပိုမိုရောင်းချနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Saturday, November 24, 2018

သင့်ဖုန်းကို မထားသင့်တဲ့ နေရာများ

သင့်ဖုန်းကို မထားသင့်တဲ့ နေရာများ

ဒီနေ့ခေတ်မှာတော့ ဖုန်းနဲ့လူဟာ ခွဲခြားမရတော့ပါဘူး။လူတိုင်းနီးပါးလောက်ကို ဖုန်းရှိနေတာဖြစ်ပါတယ်။ဒါဟာ ကောင်းကျိုးရော ဆိုးကျိုးရော ရောပြွမ်းနေတဲ့ ရလဒ်တွေရဲ့ မူလအစပါပဲ။ဒီတော့ ဖုန်းတွေကို အထားအသိုမတတ်ရင် သင့်ကျန်းမာရေးထိခိုက်တတ်ပါတယ်။ဖုန်းတွေကို ဘယ်နေရာတွေမှာ မထားသင့်ဘူးလဲဖော်ပြပေးလိုက်ပါတယ်။
1.Back pocket
တချို့က ဖုန်းကို ဘောင်းဘီနောက်အိတ်ထဲ ထည့်သွားတတ်ပါတယ်။ဒီလို ကြပ်တည်းတဲ့နေရာမှာ ထားတဲ့ဖုန်းဟာ အနည်းဆုံးတော့ ခလုတ်ပွင့်တတ်ပြီး အရေးပေါ်ခေါ်ဆိုမှုတွေ အလိုအလျောက်ဖြစ်စေပါတယ်။ရဲစခန်းကို ခေါ်ဆိုမှု 30 %ဟာ အလိုအလျောက်ခေါ်ခြင်းဖြစ်ပါတယ်။
ပြီးတော့ နောက်ကျောတက်တာနဲ့ ခြေထောက်ကိုက်တာတွေ အစာအိမ်အောင့်တာတွေဟာ ဖုန်းကို နောက်အိတ်မှာ ကြာရှည်ထည့်သူတွေ ခံစားရတတ်ပါတယ်။

2.Front pocket
အမျိုးသားအများစုက ဖုန်းကို ဖုန်းအိတ်နဲ့ထည့်တာ လက်ကကိုင်တာမလုပ်ပဲ ရှေ့ဘောင်းဘီအိတ်ထဲသာ ထည့်တတ်ပါတယ်။ဒါက ဆိုးဝါးပါတယ်။ဖုန်းရဲ့ လှိုင်းတချို့ကြောင့် လိင်အင်္ဝါမသန်စွမ်းခြင်း သုတ်ရည်ခမ်းခြင်းနဲ့ မျိုးမအောင်ခြင်း ဆီးကျိတ်ဖြစ်ဖြင်းတွေ ဖြစ်တတ်ပါတယ်။

3.Bra
တချို့အမျိုးသမီးတွေဟာ ဖုန်းကို ဘရာစီယာထဲအလွယ်ထိုးထည့်တတ်ပါတယ်။ဒါဟာ မြန်မာနိုင်ငံမှာ အများဆုံးလုပ်တတ်တဲ့ အမူအကျင့်ဖြစ်ပြီး ရင်သားကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ ကြောက်မက်ဖွယ် အမူအကျင့်ဖြစ်ပါတယ်။

4.On your hip
ဖုန်းကို အနီးအနားမှာ အမြဲထားအိပ်တတ်သူတွေရဲ့ 90%လောက်ဟာ ခါးကိုက်တတ်ပါတယ်။ခါးရိုးတွေ နာကျင်မှုဖြစ်ပြီး ဦးနှောက်ကိုပါထိုင်းမှိုင်းစေနိုင်ပါတယ်။

5.Against your skin
ဖုန်းကို အမြဲမခွာတမ်းစကားပြောတတ်သူတွေရှိပါတယ်။သူတို့ဟာ တခါပြောရင် တနာရီလောက်ကြာပါတယ်။ဒီလိုလူမျိုးတွေရဲ့ နားရွက်နဲ့ ပါးတဝိုက်ဟာ သွေးမလျှောက်တော့ပဲ သွေးကြောငယ်တွေပျက်စီးကာ အရေပြားကို ထိခိုက်တတ်ပါတယ်။

6.On the charger
ဖုန်းကို အားသွင်းရင်း မသုံးသင့်ဘူးဆိုတာ အရင်ကထက် လူတိုင်းနီးပါးသိလာကြပါတယ်။အားသွင်းနေစဉ်မှာ electromagnetic ရောင်ခြည်တွေဖြာထွက်ပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ပေါက်ကွဲရင် လက်ချောင်းတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။

7.Cold places
တချို့က အယူအဆမှားတခုရှိပါတယ်။ဖုန်းဘက်ထရီအရမ်းကူလွန်းရင် ရေခဲသေတ္တာထဲ ထည့်တာမျိုးလုပ်လိုက်ပါတယ်။ဒါဟာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်နိုင်ပါတယ်။အရမ်းအေးလွန်းတဲ့အခါ ဖုန်းကို ကိုယ်နဲ့ ဝေးဝေးမှာထားသင့်ပြီး ဘက်ထရီကိုလဲ အအေးဒဏ်ခံနိုင်အောင် ကာဗာစွပ်ထားသင့်ပါတယ်။

8.Hot places
အပူချိန်အရမ်းမြင့်လွန်းရင်လဲ လျှပ်စစ်ပစ္စည်းတွေဟာ ပျက်စီးလွယ်ပါတယ်။အရမ်းပူတဲ့ အပူချိန်မှာ ဖုန်းကို အပြင်ကို ယူဆောင်သွားခြင်း တတ်နိုင်သမှ ရှောင်ပေးရမှာဖြစ်ပါတယ်။

9.Stroller
ဖုန်းကို ကလေးတွေနဲ့ မပေးထားသင့်ပါဘူး။ကလေးတွေက ဖုန်းကိုဖွင့်ပြီး အရမ်းဆော့နေရာကနေ ဘက်ထရီပူတဲ့အချိန်မှ သူတို့ရဲ့ ပါးစပ်ထဲထည့်ပြီး စုပ်တာ ကိုက်တာလုပ်နေရင် သွားရည်တွေဝင်ပြီး ပေါက်ကွဲတတ်ပါတယ်။သင့်ရဲ့ ချစ်စဖွယ်ကလေးတွေ ဖုန်းကြောင့် အကျည်းမတန်ပါစေနဲ့။

10.Under your pillow
တချို့က ဖုန်းကို ခေါင်းအုံးအောက် ထည့်အိပ်တတ်ကြပါတယ်။ဖုန်းရဲ့ လှိုင်းဟာ ဦးနှောက်က အရည်တွေကို ခမ်းသွားစေနိုင်ပါတယ်။သွေးကြောတွေ ယောင်ယမ်းခြင်းနဲ့ ဦးနှောက်အကျိတ်မဖြစ်ခြင်း အမြှေးပါးရောင်ခြင်းတွေဖြစ်အောင် ဖုန်းရဲ့ လှိုင်းတွေက လှုံ့ဆော်ပေးမှာဖြစ်ပါတယ်။

Credit: ဘယ်က saveထားမှန်းမသိတော့ပါ

Thursday, November 22, 2018

iOS သုံးစွဲသူတိုင်းသိထားသင့်သော iCloud အကြောင်း .....

📲☁️ iOS သုံးစွဲသူတိုင်းသိထားသင့်သော iCloud အကြောင်း .....
- ဖုန်းဝယ်ပြီး iCloud ကျနေတယ်။
- iCloud password မေ့သွားတယ်။
- iCloud ကျသွားတယ်။
စတာမျိုးတွေ ခဏခဏ ကြားနေရမှာပါ။ ဒါဆို iCloud ကျတာမျိုးတွေ ဘယ်လိုရှောင်ကျဉ်ကြမလဲ?
ရှောင်ကျဉ်တာတွေ အကြောင်းမပြောခင် iCloud အကြောင်းကို အကြမ်းလေးပြောပြပါ့မယ်။ iCloud account ဟာ Apple Product သုံးစွဲသူ တစ်ယောက်ချင်းစီအတွက် သူတို့နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို backup လုပ်ပေးထားတဲ့ နေရာဆိုလဲ မမှားပါဘူး။
ဓါတ်ပုံတွေ၊ contacts တွေ၊ mail တွေ၊ notes တွေ၊ calendar events တွေ စတာတွေကို သိမ်းပေးထားတာပါ။ တကယ်လို့ ကိုယ်က iCloud account တစ်ခုတည်းကို Apple device တစ်ခုထက်ပိုပြီး အသုံးပြုမယ်ဆိုရင် ကိုယ့် information တွေအားလုံးဟာ ကိုယ်သုံးသမျှ device တွေမှာ share သွားတဲ့အတွက် အဆင်ပြေပါတယ်။
တကယ်လို့ ကိုယ့်ဖုန်းပျောက်ခဲ့တယ်ဆိုရင်လည်း iCloud ရဲ့ service တစ်ခုဖြစ်တဲ့ “Find My iPhone” မှာ ပြန်သွားရှာနိုင်ပါတယ်။
ဒီလိုတွေ လုပ်ပေးထားတဲ့အတွက် security ကလည်းမြင့်ပါတယ်။ Security ကတော့ Apple ID နည်းတူ သွားပါတယ်။ ကိုယ့် iPhone, iPad တွေမှာ iCloud တစ်ခါဝင်ထားတယ်ဆိုတာနဲ့ ဒီ iPhone ကို ဒီ account ပိုင်ရှင်ကပဲ ပိုင်သွားတယ်လို့ သဘောတရား သက်ရောက်သွားပါတယ်။
ဒါကြောင့် Apple ID ကို မျှမသုံးဖို့ အကြံပေးပါရစေ။ iCloud ဝင်ထားတဲ့ ဖုန်းဆိုရင် factory reset ချပြီး ပြန် activate လုပ်မယ်ဆိုရင်တောင် iCloud account က ဝင်နေမှာဖြစ်ပြီး password တောင်းမှာဖြစ်ပါတယ်။ အဲ့အချိန်မှာ password မေ့သွားတယ်ဆိုရင် လက်ထဲမှာ iPhone ကြီးကိုင်ထားရုံသာ ရှိပြီး လုံးဝသုံးလို့ရမှာ မဟုတ်ပါဘူး။
iCloud/ Apple ID ဖွင့်ထားတဲ့ email ကို access ရှိသေးတယ်ဆိုရင်တော့ အဲ့ဒီ email ကနေ recover လုပ်လို့ရပါသေးတယ်။ Email ကို access လုပ်လို့မရဘူး၊ email password ကို မေ့နေတယ်ဆိုရင်တော့ အဲ့ဒီ iPhone ကို လုံးဝသုံးလို့မရတော့ပါဘူး။

Saturday, November 17, 2018

ကျွန်တော် လေးစားရတဲ့ Steve Jobs ဘဝအကြောင်း တစ်စေ့တစ်စောင်း

ကျွန်တော် လေးစားရတဲ့ Steve Jobs ဘဝအကြောင်း တစ်စေ့တစ်စောင်း
Video Credit go to : Myanmar English Translator

Tuesday, November 13, 2018

How to Reduce Cellular Data

iOS မှာ Cellular Data ( အင်တာနက်ဒေတာ ) အသုံးပြုမှု အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ထားရမလဲ ?

( 1 ) Autoplay Videos များကို ပိတ်ထားမယ် ။
Facebook မှာဆိုရင် အခြားသူများ တင်ထားတဲ့ Videos တွေဟာ ကိုယ်မဖွင့်ရပဲ အလိုအလျောက် Play နေတယ်ဆိုရင် ကိုယ်မသုံးရပဲ Data ကုန်ကျမှုတွေ များနေမှာ ဖြစ်ပါတယ် ။ ဒီလိုမျိုးဖြစ်နေရင် အခုလိုမျိုး ပိတ်ထားပြီး Data သုံးစွဲမှု အနည်းဆုံးဖြစ်အောင်လို့ ပြင်ဆင်ထားသင့်ပါတယ် ။
More ( 𐄘 ) >> Settings & Privacy >> Setting >> Videos and Photos >> Video Settings >> Auto-play >> Never Auto-plays Videos ကို ရွေးပေးထားပါ ။
Twitter အသုံးပြုတတ်သူများဆိုရင်လည်း Profile View >> Gear >> Settings >> Data >> Video Autoplay >> Never play videos automatically ကို ရွေးထားပါ ။
Instagram ကို အမြဲ မဟုတ်တောင် ရံဖန်ရံခါ အသုံးပြုတတ်တယ်ဆိုရင် ဒီလိုမျိုး လုပ်ထားသင့်ပါတယ် ။
Profile View >> Gear >> Mobile Data Use >> Use Less Data ကို On ပေးထားလိုက်ပါ ။

( 2 ) ဘယ် Applications တွေကို Data အသုံးပြုမှု ပိတ်ထားမလဲ ?
Setting >> Cellular ကို On ထားပြီး စစ်ဆေးကြည့်ပါ ။ Data အသုံးပြုဖို့ မလိုအပ်တဲ့ Applications တွေကို ရွေးချယ်ကာ Off ပြီး ပိတ်ထားပါ ။
ကိုယ်တကယ် အသုံးပြုတာများတဲ့ ၊ အသုံးပြုနေတဲ့ Applications တွေကိုသာ On ထားပေးတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ။ ပိတ်ထားတာတွေကိုလဲ လိုအပ်တဲ့အခါ ပြန်ဖွင့်ပေးလို့ ရပါတယ် ။ ( ပိတ်ထားပြီး အသုံးပြုတဲ့အခါကျရင်တော့ Setting >> Cellular ထဲကို ဝင်ပြီး ပြန်ဖွင့်ပေးဖို့ မေ့လဲ မနေနဲ့ဦးဗျ ။ )
( 3 ) iCloud ကို Cellular Data ဖြင့် Backup လုပ်ခြင်းကို ပိတ်ထားမယ်
Setting >> Apple ID , iCloud , iTunes & App Store >> iCloud ကို ဝင်ပြီး iCloud မှာ Backup လုပ်ဖို့ မလိုအပ်တဲ့ Applications တွေကို Off ထားပေးလိုက်ပါ ။
ဘာကြောင့်လဲဆိုတော့ အချို့သော Applications များဟာ ကိုယ်မသိလိုက်ဘဲ နောက်ကွယ်ကနေ Data ကိုအသုံးပြုပြီး Backup လုပ်နေတတ်လို့ပဲ ဖြစ်ပါတယ် ။
( 4 ) Auto Update ကို ပိတ်ထားမယ် ။
Setting >> Apple ID , iCloud , iTunes & App Store >> iTunes & App Store >> Use Cellular Data ကို Off ထားပေးလိုက်ပါ ။
ဒါဆိုရင် Cellular Data ကို On လိုက်တာနဲ့ Applications တွေကို Auto Update လုပ်နေခြင်းမှ ကာကွယ်ပြီးသားလည်း ဖြစ်သွာြး
ပီး Data တွေကိုလဲ ချွေတာပြီးသား ဖြစ်ပါမယ် ။
( 5 ) Wi-Fi အကူအညီကို ပိတ်ထားမယ် ။
ဒါကို မပိတ်ခင် Wi-Fi Assist ရဲ့ အသုံးဝင်ပုံကို ပြောပြပါမယ် ။ Wi-Fi Connections နဲ့ချိတ်ဆက်ပြီး အသုံးပြုနေစဉ်မှာ Connections Errors ကြောင့် အင်တာနက်ပြတ်တောက်မှု ဖြစ်ခဲ့ပါက Wi-Fi Assist ကို ဖွင့်ထားခြင်းဖြင့် အလိုအလျောက် Cellular Data အသုံးပြုမှုကို ပြောင်းရွှေ့ပေးလိုက်မှာ ဖြစ်ပါတယ် ။ အတော်ကောင်းတဲ့ feature တစ်ခုပဲ ဖြစ်ပါတယ် ။
သို့ပေမယ့် ကိုယ်ကတော့ WiFi နဲ့ ဖရီးကျိတ်နေရတယ်လို့ ထင်ပေမယ့် ကိုယ့် Data တွေကိုပါ ရောကျိတ်ပြီး အသုံးပြုနေတာမျိုး ဖြစ်တတ်တဲ့အတွက် ဒီ Option ကို ပိတ်ပေးထားတာပဲ ကောင်းပါမယ် ။
ပိတ်ဖို့အတွက် Setting >> Cellular ထဲကို ဝင်ပြီး အောက်နားလောက်က WiFi Assist ကို Off ပေးထားလိုက်ပါ ။
( 6 ) Background App Refresh ကို ပိတ်ထားမယ် ။
Background App Refresh ကို ဖွင့်ထားပါက Cellular Data ကို On လိုက်တာနဲ့ နောက်ကွယ်မှာ အလိုအလျောက် Applications တွေကို Updating Refreshing ပြုလုပ်ပေးနေမှာ ဖြစ်ပါတယ် ။
ဒီနေရာမှာ အမှတ်မမှားစေချင်ပါဘူး ။ Background App Refresh ဟာ Applications တွေကို Update လုပ်ပေးတာ မဟုတ်ပါဘူး ။
ဆိုလိုတာကတော့ Facebook App လိုမျိုးမှာ fb app ထဲကို ဝင်ရောက်အသုံးပြုခြင်း မရှိပေမယ့် နောက်ကွယ်ကနေ New Feeds ကို Cellular Data ကို On လိုက်တာနဲ့ အလိုအလျောက် Update Refresh ပြုလုပ်ပေးနေမှာမျိုး ဖြစ်ပါတယ် ။ ဒီတော့ Cellular Data တွေက အသုံးမပြုဘဲ ကုန်နေမှာ ဖြစ်ပါတယ် ။
Setting >> General >> Background App Refresh ကို ဝင်ပြီး Off ထားပေးလိုက်ခြင်းက Data အသုံးပြုမှုကို လျော့ကျစေမှာ ဖြစ်ပါတယ် ။
( 7 ) Music App မှ Cellular Data ကို ပိတ်ထားမယ် ။
Music App ထဲကနေပြီး Apple Music Store ပေါ်မှာရှိတဲ့ သီချင်းများကို Streaming ဖြင့် နားထောင်လို့ ရပါတယ် ။ ဒါပေမယ့် Cellular Data ကတော့ အတော်လေးကို ကုန်ကျသွားပါလိမ့်မယ် ။
Setting >> Music >> Cellular Data >> Cellular Data ကို Off ပေးထားပြီး အသုံးပြုသင့်ပါတယ် ။ ( For iOS 10 )
Setting >> Music >> Cellular Data >> Streaming ကို Off ထားပေးလိုက်ပါ ။
Downloads ကိုပါ Off ထားပေးလိုက်ပါ ။ ( For iOS 11 , iOS 12 )
( 8 ) Safari ထက် ဘယ် Browser တွေက ပိုကောင်းမလဲ ? 
သင့်အနေဖြင့် ကြီးမားတဲ့ Website များကို လှည့်လည်ကြည့်ရှုဖို့ စဉ်းစားနေတယ်ဆိုပါက ဒါလေးကိုတော့ သိထားသင့်ပါတယ် ။ အဆိုပါ Website များရဲ့ Page တစ်မျက်နှာကို ကြည့်ရှုရန် Loading အချိန်မှာတင် သင့်ရဲ့ browser က 5 ⇢ 13 MB အထိ Data တွေကို အသုံးပြုလိုက်ပြီး ဖြစ်နေပါပြီ ။ ဒီလိုအချိန်မျိုးမှာ ” Reduce Data ( Data ချုံ့ထား ) ” ဆိုတဲ့ နည်းစနစ်ပါဝင်ပြီးသားဖြစ်တဲ့ Chrome Browser , Opera mini web browser တို့ ၊ Microsoft Edge Browser မျိုးတို့တွေကို ရွေးချယ် အသုံးပြုသင့်ပါတယ် ။
Google Chrome – The Fast and Secure Web Browser by Google, Inc.
Download Link
Opera Mini web browser by Opera Software ASA
Download Link
Microsoft Edge by Microsoft Corporation
Download Link

( 9 ) Mail App ကို ဂရုစိုက်ပြီး သုံးမယ် ။
Mail အသုံးပြုနေကြဆိုရင်တော့ Data ကုန်ကျမှု သက်သာအောင်လို့ Background App Refresh မှာ ပိတ်ထားသင့်တဲ့အပြင် Setting >> Mail >> Load Remote Images ကိုပါ Off ပေးထားသင့်ပါတယ် ။
ကိုယ်အသုံးပြုတဲ့အခါမှ Mail App ထဲကို ဝင်ပြီး အပေါ်ကနေ အောက်ကို ဆွဲချပြီး Refreshing လုပ်တာက Data သုံးစွဲမှုကို ချွေတာရာ ရောက်ပါတယ် ။


( 10 ) Data Usage တွေ ဘယ်လောက် အသုံးပြုပြီးပြီလဲ ။
Cellular Data ဘယ်လောက် အသုံးပြုပြီးနေပြီလဲဆိုတာကို သိထားမှလဲ ကိုယ်အသုံးပြုတာ များနေပြီလား ၊ နည်းနေသေးလားဆိုတာ ဆင်ခြင်မှုပြုနိုင်မှာ ဖြစ်ပါတယ် ။ 
ဒီအတွက် အလွယ်တကူ ကြည့်ရှုနိုင်ပြီး Widgets အဖြစ်ပါ အလွယ်တကူ အသုံးပြုနိုင်မယ့် Applications တွေ အများအပြားရှိနေပါတယ် ။ အခုကျွန်တော်က $ နဲ့ ဝယ်ရမယ့်ဟာ တစ်ခုနဲ့ free ရနိုင်မယ့်ဟာ တစ်ခုကို ဖော်ပြပေးလိုက်ပါတယ် ။
DataMan Next – simply track your data usage by Johnny Ixe ( $0.99 )
Download Link
Advanced Data Usage Tracker – smartapp by Times Internet Limited
Download Link
( 11 ) iMessage မှာ ပုံတွေကို Sizes ချုံ့ပြီး ပို့မယ် ။
iMessage အသုံးပြုတတ်တဲ့ သူမျိုးဆိုရင်လည်း Setting >> Message >> Low Quality Image Mode ကို On ပေးထားသင့်ပါတယ် ။ ဒါမှသာ ပို့တဲ့ ပုံက Resolution အပြည့်နှင့် Compress ပြီး Sizes နည်းပါးသွားမှာ ဖြစ်ပါတယ် ။ Data လည်း ချွေတာပြီးသား ဖြစ်တာပေါ့ ။
( 12 ) Cellular Data ကို မသုံးရင် ပိတ်ထားမယ် ။
အသုံးမပြုတဲ့အချိန် ၊ အသုံးမလိုတဲ့အချိန်မှာ Cellular Data ကို ပိတ်ထားပါ ။ Facebook မှာ New Feeds ကို Loading ဆွဲပြီးတာနဲ့ Cellular Data ကို Off ထားပြီး ဖတ်ရှုလို့ရပါတယ် ။ Like or Comments ပေးချင်တဲ့အခါမှသာ Cellular Data ကို ပြန်ပြီး On ပေးလိုက်ရုံပါပဲ ။
ဒီကိစ္စမှာတော့ ကျနော်တို့ အငြင်းပွါးကြရမယ် ထင်ပါတယ် ။ ဒီ Post ကို ရေးပြီးတော့ ကျနော် လက်တွေ့ စမ်းသပ်ကြည့်ပါတယ် ။
တစ်နေကုန် တစ်နေခန်း Cellular Data ကို မပိတ်ပဲ ဖွင့်ထားကြည့်မယ်လို့ စဉ်းစားထားသော်လည်းပဲ အဆင်မပြေတာကြောင့် နေ့တစ်ပိုင်းလောက် ( တိတိကျကျ ဆိုရရင် ၅ နာရီပါ ။ ) Cellular Data ကို On ထားပေးပြီး ဖုန်းကို ဘာမှ မသုံးပဲ ပစ်ထားကြည့်လိုက်ပါတယ် ။ ဪ ကျနော် အသုံးပြုတဲ့ SIM က MPT ပဲ ဖြစ်ပါတယ် ။
ပုံထဲကို ကြည့်ပြီးပြီလို့ ထင်ပါတယ် ။
Lock Screen ကိုတောင် မဖွင့်ပဲ ဒီအတိုင်း ထားထားတာပါ ။
တွေ့တဲ့အတိုင်းပါပဲ ။
ကြောက်စရာပါ ။
ကျနော်က MPT နဲ့ပဲ စမ်းရသေးတာပါ ။
ကျန် Ooredoo တို့ ၊ Telenor တို့ကျရင်လဲ ဘယ်လိုနေမလဲ မသိပါ ။
ဒီတော့ဗျာ ။
အကောင်းဆုံးက အသုံးမပြုသေးဘူး ဆိုရင် Cellular Data ကို Off ပေးထားတာပါပဲ ။
ဒီ Post ကို ဖတ်ပြီး လုပ်သင့်တာကို လုပ်ထားကြမယ် ဆိုရင်တော့ ဘာမှမလုပ်ထားပဲ သုံးနေကြတာထက်စာရင်တော့ Cellular Data ကုန်ကျမှု အနည်းဆုံးတော့ ဖြစ်စေမှာပဲ ဖြစ်ပါတယ် ။
ဒါပေမယ့်ဗျာ မြန်မာပြည်က အော်ပရေတာတွေကြောင့်နဲ့တော့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေရသလိုပါပဲလေ ။
လိမ်လည်ခံရခြင်းမှ ကင်းဝေးကြပါစေဗျာ ။
Ref : iPhone hacks
အားလုံးကိုကျေးဇူးတင်ပါတယ် ။

iOS User များအတွက် App Hide နည်းနှင့် Folder Name ဖျောက်နည်း။

အရင်ဆုံး Folder Name ဖျောက်နည်းကိုပြောပါမယ်။
အောက်က စာကြောင်းကို Copy လုပ်ပီး Note မှာ Save ထားပါ။
[⠀] – U+2800
ကွင်းထဲကနေရာလွတ်လေးကို Copy လုပ်ပါ။ Folder Name ချိန်းရန် Folder ကို ဖိထားပါ။ ကွင်းထဲက Copy ကူးလာတာကို Paste ချလိုက်ပီး ပြန်ထွက်လိုက်ပါ။ Folder Name ပျောက်သွားပါလိမ့်မယ်။

နောက်တစ်ခုက App Hide နည်းပါ။ iOS Ver အလိုက် App Hide နည်းတွေအများကြီးရှိပါတယ်။ တကယ်ပျောက်သွားတာရှိသလို မျက်စိအမြင်အရ ပျောက်သွားတာလဲရှိပါတယ်။ ကျွန်တော်ပြောပြပေးမှာက iOS 12 User တွေအတွက် မျက်စိအမြင်အရ App Hide နည်းပါ။ ယခုနည်းကို iPhone သုံးတယ့်သူတွေ အလွယ်တကူ သိနိုင်ပေမယ့် ( တချို့ကလဲ သိပါတယ် တချို့က မသိပါဘူး )
iPhone မသုံးတယ့်သူတွေဝင်ကြည့်ရင်တော့ အလွယ်တကူ မသိနိုင်ပါဘူး။ ဒီ Post ကိုဖတ်ပီးရင်တော့ သိသွားမှာပေါ့လေ ။
နည်းကတော့ App ကို Folder ထဲမှာ ဖျောက်ထားနည်းပါ။ App အနည်းငယ်ကို Folder ထဲစုပီး ဖျောက်ချင်တယ့် App ကို ဘေးဘက်ကို Push ဆွဲယုံပါပဲ။
လုပ်ပုံလုပ်နည်းကို Video တွင်ကြည့်ပါ။
 

iPhone ကိုတစ်နေ့တာလုံး လျင်မြန်သွက်လက်နေအောင် ဘယ်လိုအသုံးပြုကြမလဲ

iPhone ဆိုတာကလည်း စက်တစ်မျိုးပါပဲ သူလဲ အသုံးများ အရမ်း ဖိဖိစီးစီး သုံးမယ်ဆိုရင် နှေးကွေးသွားမှာပါပဲ
သေချာတာပေါ့ အခြားဖုန်းတွေထက်တော့ ပိုပြီးမြန်ဆနနေဦးမှာပေါ့
Electric Conductivity စည်းမျဉ်းအရ လျှပ်ကူးနိုင်တယ့် သတ္တုတွေဟာ လျှပ်ကူးချိန် အဆ များလေ အပူထွက်လာလေ အပူထွက်လာလေလေ လျှပ်ကူးမှုလျော့နည်းသွားလေလေ လျှပ်သိပ်မကူးနိုင်မှာတော့ အရင်လို ဘယ်ပေါ့ပါးသွက်လက်နေတော့မလဲ
အပူများတာနဲ့ သတ္တုတွေဟာပွတတ်လာပါတယ် အပေါယံကိုပဲမမြင်ပါနဲ့ Chemist ရှုထောင့်ကနေကြည့်ရင် အပူများလို့သတ္တုတွေပွတတ်ခြင်းဟာ အတွင်းမှာရှိနေတယ့် electron လေးတွေတစ်ခုနဲ့တစ်ခုပိုပြီး ဝေးကွာသွားစေပါတယ် ဒါကြောင့်လျှပ်ကူးမှုဟာလည်း မမှိမကမ်း လှမ်းဟပ်နေရတော့ အရင်လိုမြန်မြန်ဆန်ဆန် မကူးနိုင်တော့ဖူးပေါ့ ဒါကြောင့်လည်း Bond တည်ဆောက်ပုံ ပြောင်မြောက်ကောင်းမွန်ဆုံးဖြစ်တယ့် ရွှေကိုလျှပ်ကူး ပစ္စည်းအဖြစ်အသူံးပြုကြတာပေါ့
လျှပ်ကူးမြန်လို့ ရွှေကိုအသုံးပြုရခြင်းမဟုတ်ပါ Silver ကအမြန်ဆုံးဖြစ်ပြီး Copper ကဒုတိယနဲ့ Gold ကတတိယလိုက်ပါတယ် သူတို့က Highest Conductivity at room temperature တွေပါ velocity ဆိုရင်တော့ GaAs & InP alloys တွေကပိုသာပါမယ်
သင့် iPhone ကိုအမြဲလျင်မြန်သွက်လက်နေဖို့ဆိုရင် အေးတယ့်နေရာမှာပဲ ရွေးချယ်အသုံးပြုပါ အရိပ်ထဲမှာလို့ ဆိုလိုခြင်တာပါနောက်ပြီး
သေချာပေါက် တစ်ရက်တစ်ခါတော့ Ram Cleaning လုပ်ပေးရပါမယ် သေချာပေါက်ပါ Ram clean လုပ်ဖို့ရန် Power Key ကို slide to power off မပေါမခြင်းဖိထားပြီး ပေါပြီးပေါပါကလွှတ်လိုက်ပြီး Home key ကို Slide to Power off မပျောက်မခြင်းဖိထားလိုက်ပါက Ram cleaned ဖြစ်သွားပါပြီ
 ၅ရက်တစ်ကြိမ်တော့ iPhone ကို Restart/Reboot ပြုလုပ်ပေးရပါမယ် သူဟာ Ram cleaning ထက်ပိုပြီး အကျိုးသက်ရောက်ပါတယ် iPhone 6s Plus နှင့်အောက်မှာဆိုရင် Home & Power ကိုတွဲဖိထားရမှာဖြစ်ပြီး
iPhone 7 နှင့်နောက်ပိုင်းဖုန်းတွေမှာတော့ Power & Volume – နဲ့တွဲဖိပေးရမှာပါ ကဲဒါဆိုရင်တော့ သင့်ဖုန်းလေးဟာ အရင်ကထက် နေ့စဉ်ပိုပြိး ပေါ့ပါး သွက်လက်လာစေပါမယ်။

Sunday, November 11, 2018

iPad Pro ( 2018 ) ရဲ့ အကောင်းဆုံး Tips & Tricks များ

2018 iPad Pro ဟာ အရင်ထွက်ခဲ့တဲ့ iPad တွေရဲ့ ပုံစံကနေ ခွဲထွက်လာပါပြီ ။ Home Button မပါတော့ဘူး ။ အဲဒီတော့ Touch ID လည်း လစ်သွားပြီပေါ့ ။ အဲဒီအစား Edge-to-Edge Screen နဲ့ Face ID ပါဝင်လာပါတယ် ။ iPad Pro 2018 နဲ့ တွဲဖက် သုံးလို့ရမယ့် Smart Keyboard Folio နဲ့ Apple Pencil တို့ပါ ထွက်ရှိလာတာပဲ ဖြစ်ပါတယ် ။
ဒီတော့ iPad Pro မှာ ပါတဲ့ New Features တွေနဲ့ ရင်းနှီးဖို့အတွက်တော့ အချိန်အနည်းငယ် ပေးရမှာပေါ့လေ ။ ဒီ Gestures တွေကို မာစတာတစ်ယောက်လို အသုံးပြုတတ်ဖို့အတွက် အချိန်ပေးပြီး ကိုယ့်ဟာကို စမ်းသပ်ကြည့်မလား ။ ဒါမှမဟုတ် အခုကျနော့ရဲ့ ပို့စ်ကိုပဲ ဖတ်ကြည့်ပြီး တစ်ထိုင်တည်း သိသွားချင်သလား ဆိုတာကိုတော့ စာဖတ်သူ သင်ပဲ ဆုံးဖြတ်ပါတော့လေ ။ 
1. Tap to Wake
iPad ရဲ့ Screen ကို Tap လိုက်တာနဲ့ Wake Up ဖြစ်သွားစေပါမယ် ။


2. Swipe Up to Unlock with Face ID
iPad ရဲ့ Screen လင်းလာတာနဲ့ တပြိုင်နက် Face ID က သင့်မျက်နှာကို စတင်ပြီး Scan ဖတ်ပါလိမ့်မယ် ။ Face ID က Scan ဖတ်ပြီးလို့ Unlock ဖြစ်သွားတာနဲ့ iPad Pro ( 2018 ) မှာ Home Button မပါတော့တဲ့အတွက် လုံးဝ Unlock ဖြစ်စေဖို့ Screen အောက်နားကနေ အပေါ်ကို ဆွဲတင်သွားပေးလိုက်ဖို့ လိုပါတယ် ။
3. Swipe Up Again to Rescan with Face ID
Face ID ဟာ အကြိမ်ရေ အများကြီး အလုပ်လုပ်နိုင်ပါတယ် ။ ဒါပေမယ့် တစ်ခါတရံမှာတော့ ရှုထောင့်အနေအထားအရ နည်းနည်းတော့ ကြောင်တတ်ပါတယ် ။ ဒါကြောင့် ဝင်မရပဲ Fails ဖြစ်တတ်ပါတယ် ။ ဒီလိုဖြစ်လို့ သင့်ရဲ့ Passcode ကို ရိုက်ထည့်ပေးဖို့တော့ မလိုသေးပါဘူး ။ သင့်ရဲ့ မျက်နှာနဲ့ iPad Pro ကို မှန်ကန် တည့်မတ်စွာထားပြီး ဒုတိယအကြိမ် Swipe Up ကို လုပ်ကြည့်လိုက်ပါဗျ ။
4. Double Tap Space Bar to Unlock
ဝိုးးး …. 
သင့်အနေဖြင့် Smart Keyboard Folio ကိုပါ တွဲပြီး အသုံးပြုနေတယ် ဆိုရင်တော့ သင့်ရဲ့ iPad ကို Unlock လုပ်ဖို့ Screen ကို ထိစရာတောင် မလိုအပ်ပါဘူး ။ Keyboard ပေါ်က Spacebar ကို ( ၂ ) ချက် Tap လုပ်လိုက်ပြီး iPad Pro ကို မျက်နှာမူလိုက်တာနဲ့ ” Boom ” ။ 
အထဲကို ရောက်သွားပြီ ။ 
5. Use Face ID Unlock in Any Direction
သင် Portrait Mode ထဲကို ဝင်ပြီး iPad ကို ကိုင်လိုက်တဲ့အခါမှာ Face ID System ဟာ အပေါ်က Bezel ထဲမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် TrueDepth Camera ဟာ စမတ်ကျစွာနဲ့ သင် iPad ကို ဘယ်လို Direction မျိုး ကိုင်ထားပါစေဦး သင့်မျက်နှာကိုတော့ ဖတ်ပေးနေမှာပဲ ဖြစ်ပါတယ် ။ 
ဆိုလိုချင်တာက iPad ကို အသုံးပြုနေရင်း Landscape Mode အနေအထားကနေလည်း Unlock လုပ်နိုင်ပါတယ် ။


6. Swipe Up to Middle of the Screen for App Switcher
App Switcher ကို ခေါ်ဖို့အတွက် Screen ရဲ့ အောက်ခြေကနေ အပေါ်ကို ( အလယ်လောက်အထိ ) ဖိဆွဲသွားပေးရပါမယ် ။ သင့်အနေဖြင့် ဖိဆွဲသွားတာနဲ့ အပေါ်ကို ဆတ်ခနဲ ဆွဲတင်ပြီး တွန်းထုတ်လိုက်တာကိုတော့ သေချာ သိဖို့ လိုအပ်ပါတယ် ။  ဖိဆွဲသွားတာက အလယ်လောက်ရောင်ရင် App Switcher Dock ပေါ်လာစေမှာ ဖြစ်ပြီး ဆတ်ခနဲ တွန်းတင်လိုက်တာက Apps တွေကို ပိတ်လိုက်တာပဲ ဖြစ်ပါတယ် ။


7. Short Swipe up for the Dock
Dock Bar လေး ထွက်လာရန်အတွက် လက်ချောင်းလေးနဲ့ Swipe up လုပ်ပေးရပါမယ် ။ ( ၂ ) လက်မလောက် ဆွဲပြီး ခဏရပ်ပေးလိုက်ရမယ်ပေါ့ဗျာ ။ ဒါဆို Dock Bar လေးက ပေါ်လာမှာပဲ ဖြစ်ပါတယ် ။ 
ကျနော် ကြိုးစားကြည့်ပါတယ် ။ ဒီ Gesture က တကယ်တော့ လုပ်ရတာ ခက်ပါတယ် ။ သေချာတာကတော့ သင်တို့လည်း ကျနော့လိုပဲ ဘယ်တော့မှ ဒီ Gesture ကို အသုံးပြုဖြစ်မယ် မထင်ပါဘူး ။ ဒီတော့ လွယ်ကူတဲ့ နည်းလမ်းကို ကျနော်ပြောပြပါမယ်ဗျ ။ Keyboard ပေါ်ကနေ Cmd + Option + D ဆိုတဲ့ Shortcuts လေးကို ရိုက်လိုက်ရင် Dock Bar လေးကို ခေါ်ပြီးသား ဖြစ်သွားပါလိမ့်မယ်ဗျ ။
8. Top-Right Edge Swipe for Control Center
Control Center ကို ဖော်ချင်တဲ့အခါ အပေါ်ညာဖက်ဒေါင့် Status Bar နေရာလေးကနေ အောက်ကို ဆွဲချပေးလိုက်ရင် ရပါပြီ ။ အချိန်တွေ , WiFi နဲ့ Bluetooth တို့ , Battery အားပြတာတို့ဖြစ်တဲ့ Status Indicators တွေကိုလည်း အဲဒီနေရာလေးကနေပဲ Swipe Down လုပ်ပြီး ကြည့်လို့ ရပါမယ် ။


9. Use Apps in Split Mode
iPad မှာပဲ အသုံးပြုလို့ရတဲ့ အကောင်းဆုံးသော Feature တစ်ခုပဲ ဖြစ်ပါတယ် ။ Split Screen Mode နဲ့ Apps တွေကို အသုံးပြုတာ ဖြစ်ပါတယ် ။ App တစ်ခုကို ဖွင့်ထားတဲ့အချိန် အောက်က Dock ကို Swipe up လုပ်ပြီး ခေါ် , နောက်ထပ် ဖွင့်ချင်တဲ့ App အပေါ်မှာ Tap & Hold လုပ်ထားပြီး , အဲဒီ App အိုင်ကွန်ကို ဆွဲယူသွားကာ ဘယ်ဖက်ဖြစ် ညာဖက်ဖြစ်ကိုပေါ့ ။ ပြီး လွှတ်ပေးလိုက် ။ ဒီ Split View မှာ နောက်ထပ် လုပ်လို့ရတာတွေ အများကြီး ရှိပါသေးတယ် ။


10. Bring In a Third Floating Apps
Split View နဲ့ အသုံးပြုနေတဲ့ အချိန်မှာတောင် Slide Over View ထဲမှာ တတိယမြောက် App က Floating အနေအထားနဲ့ ထပ်ပြီး အသုံးပြုဖို့ စောင့်ဆိုင်း နေပါသေးတယ် ။ Dock မှ App တစ်ခုကို ဆွဲယူလာပြီး လွှတ်ပေးလိုက်တာနဲ့ အပေါ်မှာ တပြိုင်နက် Active Apps ( ၂ ) ခု ဖြစ်သွားပါမယ် ။ Apps တွေက လှုပ်နေပါလိမ့်မယ် ။ ပြီးမှ ဘယ်ဖက်ကို ပို့ပို့ ၊ ညာဖက်ကိုပဲ ပို့ပို့ သင့်စိတ်ကြိုက် ရွှေ့ပေးလို့ ရပါမယ် ။ အလျားလိုက် Swiping လုပ်ပေးလိုက်ရင်တော့ Dismiss ဖြစ်သွားပါမယ် ။
11. Drag and Drop Between Apps
Apps ( ၂ ) ခုကို Split View အနေဖြင့် ဖွင့်ထားတဲ့အခါ Drag & Drop ကို အသုံးပြုကြည့်ပါ ။ Apple ရဲ့ Apps တွေနဲ့ အမျိုးမျိုးသော Productivity Apps တွေက ဒီ Feature ကို Support လုပ်ပါတယ် ။ Drag & Drop ဟာ Text ကို Select တာတို့ , Images တို့ , Videos တို့ , နောက်ပြီး Links တွေ ။ App တစ်ခုကနေပြီး နောက်တစ်ခုထဲကို Drop လုပ်လို့ ရပါတယ် ။ ဥပမာပေါ့ဗျာ ။ သင်ရေးနေတဲ့ စာပိုဒ်ထဲကို Images ပုံ ထည့်သွင်းချင်တဲ့အခါ Copy / Paste လုပ်ပြီးမှ ထည့်ရတယ် မဟုတ်လား ။ အခု Drag & Drop က အဲဒီလို မလိုတော့ဘူး ။ ထည့်ချင်တဲ့ Images ကို ဆွဲယူလာပြီး Drop လိုက်ရုံပဲ ။ 
12. Swipe Horizontally on Home Bar For Recent Apps
Screen ရဲ့ အောက်ခြေနားလေးက Home Bar ကို အလျားလိုက် ညာဖက်ကို ဆွဲလိုက်တဲ့အခါ Recent App ကို ရောက်ပါမယ် ။ ဘယ်ဖက်ကို ပြန်ဆွဲတဲ့အခါ နဂိုမူလက အသုံးပြုနေတဲ့ App ဆီကို ပြန်ရောက်သွားပါမယ် ။ ဒါကိုတော့ သင့်အနေဖြင့် Apps ( ၃ ) ( ၄ ) ခု ဖွင့်ပြီး အသုံးပြုခဲ့တဲ့ အချိန်ဆို ပိုအသုံးဝင်တဲ့ Gesture လေး ဖြစ်ပါလိမ့်မယ် ။

13. Charge Apple Pencil Magnetically
2Generation ဖြစ်တဲ့ Apple Pencil ဟာ Lightning Connector တွေ , အထိုင်အစွပ်တွေ မလိုအပ်တော့ပါဘူး ။ iPad ကို Landscape အနေအထားမှာ ထားပြီး အပေါ်မှာ ကပ်ပေးလိုက်ရုံပါပဲ ။ Magnetically ကြောင့် Apple Pencil ဟာ iPad မှာ ကပ်နေမှာဖြစ်ပြီး Charged လည်း တစ်ခါထဲ ဝင်နေမှာပဲ ဖြစ်ပါတယ် ။ ပြီးရင်တော့ Ready to go ပေါ့ ။
14. Tap Apple Pencil on Screen to Quickly Take Notes
Apple Pencil ကို ခွါယူပြီး iPad Screen ကို Tap လိုက်တာနဲ့ အလိုအလျောက် Screen က Wake up ဖြစ်ပြီး Notes App ထဲက Blank Note ကိုလည်း ဖွင့်ထားပေးပြီးသား ဖြစ်သွားပါမယ် ။ ကဲ ဘယ်လောက်မြန်လဲ ။ Notes App ကို ရှာပြီး နှိပ်နေစရာလည်း မလိုဘူးလေ ။
15. Customize Apple Pencil Buttons in Apps
Apple Pencil မှာ Gesture pad လေး ပါပါတယ် ။ ဒါကြောင့်လည်း Features ( ၂ ) ခု လုပ်လို့ ရပါမယ် ။ အဲဒါကတော့ Single Tap နဲ့ Double Tap ပါပဲ ။ Notes App ထဲမှာ အသုံးပြုနေရင်း ဖျက်ဖို့လိုတဲ့အခါမျိုးမှာ ဒီ Taps တွေကို အသုံးပြုနိုင်ပါတယ် ။ ( Apple က မိတ်ဆက်ပေးသွားတဲ့ Ads Video ထဲမှာတော့ ရေးထားတဲ့ Texts တွေ , ဆွဲထားတဲ့ ပုံတွေရဲ့ နောက်ဆုံး လုပ်ထားခဲ့တဲ့ Actions ကို ပြန်ဖျက်ပြသွားပါတယ် ။ )

16. Mirror Your iPad Display with USB-C
သင့်အနေနဲ့ Dongle ရှိဖို့ မလိုအပ်တော့ပါဘူး ။ ဒါမှမဟုတ် Apple TV နဲ့မှ Screen Mirror လုပ်လို့ရတာလဲ လစ်လိုက်တော့လို့ ပြောလို့ ရပါပြီ ။ အဲဒါ ဘာကြောင့်လဲဆိုတော့ USB-C Cable ကြောင့်ပါပဲ ။ အခုဆိုရင် သင့်အနေဖြင့် USB-C to HDMI Cable တစ်ချောင်းပဲ လိုအပ်ပါတော့မယ် ။ TV နဲ့ Plug & Play လုပ်လိုက်ရုံပါပဲ ။ ဒါ့အပြင် iPad Pro ( 2018 ) ဟာ 5K Displays အထိ Support လုပ်ပါတယ် ။ 
17. Connect External Display with Compatible Apps
ဒါပေမယ့် ဒါပဲလားဆိုတော့ မဟုတ်ဘူးဗျ ။ External Display အဖြစ် ဆက်သွယ်ထားတဲ့ ဒီ Display ပေါ်ကနေလည်း App တွေကို Customized လုပ်နိုင်ပါဦးမယ်ဗျ ။ Apps တွေ အကုန်လုံးကိုတော့ မလုပ်နိုင်ဘူးပေါ့ဗျာ ။ 
ဒါပေမယ့် သင့်ရဲ့ Presentation လုပ်မယ့် Notes တွေနဲ့ Preview ပြမယ့် Slide တွေအတွက်ကတော့ အသုံးဝင်ပါလိမ့်မယ် ။ 
18. Import Photos from Camera and Flash Drives
စိတ်မကောင်းစရာကတော့ iPad ကို External Drives နဲ့တော့ Connect လုပ်လို့ မရနိုင်တာပါပဲ ။ Apple ကတော့ ဒီလို Features တွေ ပါဝင်တဲ့ Third-Party Apps တွေကို ခွင့်ပြုပေးပါမယ်တဲ့ ။ ခက်တာက အခုထိ အဲလို Apps မျိုးက မရှိသေးဘူး ။ 
ဒါပေမယ့် သင့်အနေဖြင့် SD Card ထည့်ထားတဲ့ Dongle ဒါမှမဟုတ် Camera နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး RAW ပုံတွေပဲဖြစ်ဖြစ် ၊ JPEG ပုံတွေပဲဖြစ်ဖြစ်ကိုတော့ Import လုပ်လို့ ရပါမယ် ။ ပုံတွေကတော့ Photos App ထဲကို တိုက်ရိုက်ပေါ့ ။ 
19. Connect Fun and Useful USB-C Accessories
iPad နဲ့ USB-C အသုံးပြုထားတဲ့ Accessories တွေ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသေးတယ် ။ အသံ Record လုပ်နိုင်တဲ့ Microphone တို့ , ဓါတ်မီးတို့ , ဖန်စီဆန်တဲ့ Fun လေးတွေ တို့ကိုပေါ့ ။ အဲ Printers ကိုတော့ Support မလုပ်ပါဘူး ။ 
20. Charge Your iPhone Using iPad
သင့်မှာသာ USB-C to Lightning Cable သာ ရှိရင်တော့ iPad ကနေပြီး သင့် iPhone ကိုပါ အားသွင်းပေးနိုင်ပါဦးမယ် ။ Nintendo Switch လိုမျိုး Game Set အထိ အားသွင်းမှု ပြုနိုင်ပါမယ် ။ 
21. Add Another Face to Face ID
Face ID ပါတဲ့ iPhone တွေလိုပါပဲ ။ 1 Face ID Authentication ပဲ ရပါမယ် ။ ဒါပေမယ့် Face ID & Passcode ကို ဝင်ပြီး Set Up an Alternative Appearance Option ကို နှိပ်ပြီး နောက်ထပ် Face တစ်ခုကိုတော့ ထည့်လို့ ရပါသေးတယ် ။


22. View All Keyboard Shortcuts For an App
iPad ပေါ်က Productivity Apps အများစုက လွယ်ကူစွာ အသုံးပြုနိုင်စေရန်အတွက် Keyboard Shortcuts တွေကို Support လုပ်ပါတယ် ။ သင့် Keyboard ပေါ်က Cmd Key ကို Press & Hold လုပ်ရင် သိပါလိမ့်မယ်ဗျ ။ 
23. Take Depth Effect Selfies
iPad Pro ဟာ Face ID အတွက် TrueDepth Sensor ကို တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း iPad Pro ပေါ်ကနေ Portrait Mode Selfies ကို လှပစွာ ရိုက်ယူလို့ ရတာပဲ ဖြစ်ပါတယ် ။ 

24. Make Your own Memoji Character
iPad Pro ( 2018 ) ဟာ Animoji နဲ့ Memoji ( ၂ ) ခုလုံးကို Support လုပ်ပါတယ် ။ Messages App ကို ဖွင့်ပြီး iMessages ပို့ထားတဲ့ Conversation ကို ဝင် ။ ပြီး Animoji Option ကို ရွေး ။ Face Structure တွေထဲက တစ်ခုကို Select ပြီး သင့်ရဲ့ ကိုယ်ပိုင် Memoji Character အဖြစ် နှာခေါင်းတွေ , မျက်လုံးတွေ , ဆံပင်ပုံစံတွေ , ပြီးတော့ မျက်မှန်တွေကို အကြိုက် ရွေးပေးပြီး ဖန်တီးကာ အခြားသူဆီ ပို့ပေးလို့ ရပါတယ် ။


25. Use Screen Time
iPad ပေါ်ကနေ သင်ဘယ်လောက် အချိန်းဖြုန်းပြီး အသုံးပြုခဲ့ပြီးပြီလဲ ဆိုတာကိုလည်း Screen Time ကနေပြီး သိရှိ ထိမ်းချုပ်မှုများ ပြုလို့ ရပါမယ် ။ 
ဒီအချက်တွေကတော့ iPad Pro ( 2018 ) ရဲ့ the best of tips & tricks လေးတွေ ဖြစ်ကြောင်းပါခင်ဗျား ။

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

Facebook ကတော့ Tik Tok ကို အားကျလေပြီ

Facebook ဟာ Tik Tok ရဲ့ Short Film Videos လေးတွေကို မျက်စိကျသွားတယ် ထင်လေရဲ့ ။ Tik Tok နဲ့ အလားသဏ္ဌာန်တူတဲ့ Lasso ဆိုတဲ့ Fun Videos အတိုလေးတွေ ပြုလုပ် ဖန်တီးနိုင်တဲ့ App ကို ထုတ်ပေးလာပါတယ် ။ 
Effects တွေနဲ့အတူတူ Short Videos လေးတွေ ပြုလုပ်ပြီး မည်သူ့ကိုမဆို Share ပြန်လုပ်ပေးနိုင်ပါတယ် ။ 
ဒါမျိုး ကျွမ်းကျင်စွာ လုပ်တတ်တဲ့ Creators တွေကို Follow လုပ်ထားတာပဲဖြစ်ဖြစ် ၊ နာမည်ကြီး Videos တွေကို ဖန်တီးတတ်တဲ့ အဖွဲ့တွေထဲကို Join ထားတာပဲဖြစ်ဖြစ် ပြုလုပ်ထားပြီး ကိုယ့်ဖန်တီးမှုလေးတွေကိုလည်း ထည့်သွင်း ပြသပေးမှု ပြုနိုင်ပါတယ် ။ 
အဲဒီထဲမှာမှ Comedy ပဲဖြစ်ဖြစ် ၊ Fail ပဲဖြစ်ဖြစ် ကိုယ့်အကြိုက်နဲ့ ညီတဲ့ Videos ကို တွေ့ရင် Special Effects တွေ , Musics တွေ , Editing Tools တွေနဲ့အတူ Camera App ထဲကို ထည့်ကာ အသုံးပြုလို့ ရပါဦးမယ် ။ 😍🥰
ပြီးရင်တော့ ကိုယ့်ရဲ့ Short Videos လေးမှာ Hashtags လေး ထိုးပြီး ကမ္ဘာတစ်ဝှမ်းရှိ ယူစာတွေဆီကို Share ပေးလို့ ရပြီပေါ့ဗျာ ။ 😘
ဟေ့ ဟေ့ ! ! 
ကျန်သေးတယ် ။
ဒီလို Short Videos တွေကို ကိုယ့် Facebook Acc ရဲ့ Story ကို တိုက်ရိုက် ထည့်ပေးလိုက်ပြီး Fb က ဘော်ဘော်တွေကိုလည်း တစ်ခါထဲ Share ပေးလိုက်လို့ ရတယ်ဗျ ။ 🥰😍😘
ကဲ ! 
အသစ်အဆန်း ထွက်ရင် စမ်းကြည့်ရမှာက ကိုယ့်တာဝန် ။ 
စမ်းပြီးလို့ အရမ်းခိုက်သွားပြီ ဆိုရင်တော့ …. 

Sharing လုပ်ပေးကြဖို့ မမေ့နဲ့နော် ။
Lasso – short, fun videos by Facebook, Inc.
Lasso App ဒေါင်းရန်လင့်


အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။