Sunday, January 11, 2015

Warning : Malware discovered on Jailbroken iOS devices



Jailbreak ပြုလုပ်ထားတဲ့ iOS Device တွေမှာ အရေးကြီးတဲ့ Malware တစ်ခုတွေ့ရှိထားပါတယ်။
အထူးသဖြင့် China ကလုပ်ထားတဲ့ Repo တွေ သွင်းထားတဲ့ iOS Device တွေဆိုရင် ဒီ Malware ဝင်ရောက်နေမှူရာခိုင်နှူန်းပိုများပါတယ်။
Malware ရဲ့ နာမည်ကတော့ “Unflod Baby Panda” လို့ခေါ်ပါတယ်။သူက ဘာဒုက္ခပေးနိုင်သလဲဆိုရင် ကိုယ့် iOS Device ထဲကနေအသုံးပြုနေတဲ့ Apple ID နဲ့ Password တွေကို China Based Server တစ်ခုကို နောက်ကွယ်ကနေပို့ဆောင်ပေးနေပါတယ်။

ios-malware
ဒါကြောင့် ဒီ Malware က ကိုယ့်ရဲ့ Jailbreak လုပ်ထားတဲ့ iOS Device ထဲမှာရှိနေခဲ့မယ်ဆိုရင် ကိုယ့်အသုံးပြုနေတဲ့ Apple ID နဲ့ Password တွေကို ခိုးယူသွားပြီဖြစ်တဲ့အတွက်ကြောင့် ဒီ Malware ကိုယ် Jailbreak လုပ်ထားတဲ့ iOS Device ထဲမှာရှိမရှိကို စစ်ဆေးပြီး ရှိနေရင် ဖျက်ပစ်ရမှာဖြစ်ပါတယ်။
ဖျက်ပြီးရုံနဲ့ မပြီးသေးပါဘူး။ဒီ Malware ကိုတွေ့ရှိခဲ့မယ်ဆိုရင် ကိုယ်အသုံးပြုနေတဲ့ Apple ID ရဲ့ Password ကိုအလျင်အမြန်ပဲ ပြောင်းလဲလိုက်ပါ။
Unflod Baby Panda Malware ရှိမရှိစစ်ဆေးချင်တယ်ဆိုရင် iFile App နဲ့ စစ်ဆေးလို့ရပါတယ်။
iFile ကိုဖွင့်လိုက်ပါ။ပြီးရင် အောက်က Directory ထဲကိုသွားကြည့်ပါ။

/Library/MobileSubstrate/DynamicLibraries/

အဲ့ဒီ Directory ထဲမှာ Unflod.dylib ဆိုတဲ့ File လေးရှိနေမနေကို စစ်ဆေးကြည့်ပါ။
မရှိနေဘူးဆိုရင်တော့ ကိုယ့်ရဲ့ Jailbreak လုပ်ထားတဲ့ iOS Device ထဲမှာ ဒီ Malware မဝင်ရောက်သေးဘူးလို့ သတ်မှတ်လို့ရပါတယ်။
အကယ်လို့ ရှိနေခဲ့ရင်တော့ Unflod.dylib ဆိုတဲ့ File ကို Delete လုပ်လိုက်ပါ။ပြီးရင် ချက်ချင်းပဲ ကိုယ့်ရဲ့ Apple ID Password ကိုပြောင်းလဲလိုက်ပါ။

ဒါကြောင့် အထက်ပါဆိုခဲ့တဲ့အတိုင်း Jailbreak လုပ်ထားတဲ့သူများ စစ်ဆေးကြည့်နိုင်ပါတယ်။

No comments:

Post a Comment