Sunday, January 11, 2015

Toy Story:Smash It ! V1.0 For IPhone/Pad/Pod Touch





iPhone/Pad/Pod touch တွေအတွက် Toy Story ဇာတ်လမ်းထဲက ဇာတ်ကောင်တွေနဲ့ကစားရမယ့် ချစ်စရာ 3D ပဟေဠိဂိမ်းတစ်ခုဖြစ်ပါ တယ်။ ဒီဂိမ်းမှာ Buzz, Woody နဲ့ Toy Story မှာပါဝင်တဲ့ ၀က်ကလေးနဲ့ ဒိုင်နိုဆောတို့ပါဝင်ပြီး စွန့်စားခရီး တစ်ခုကိုစတင်ထွက်ခွာကြမှာဖြစ်ပါတယ်။ သင်က ဒီဇာတ်ကောင်တွေကိုကူညီကစားပေးပြီး ရန်သူတွေကို အနိုင်ရရှိအောင်ကစားရမှာဖြစ်ပါတယ်။ ဒီဂိမ်းကိုကစားရင်းနဲ့ Toy Story ဇာတ်လမ်းလေးကိုပြန်လည် ခံစားရမှာ ဖြစ်တဲ့အတွက် ကလေးတွေလည်းကြိုက်နှစ်သက်ကြမှာပါ။ ကမ္ဘ္ဘာ့အပြင်ဘက်အာကာသထဲမှာ ဇာတ်လမ်းဆင် ထားပြီး ဇာတ်လမ်းဇာတ်ကွက် ၄ မျိုးနဲ့ဖန်တီးထားတဲ့အတွက် ကစားရတာပျော်စရာကြည်နူးစရာကောင်းမှာပါ။ မရပ်မနားဆော့ရမယ့် အဆင့်ပေါင်း ၆၀ ပါဝင်ပြီး၊ ရန်သူတွေရဲ့အတားအဆီးတွေကို bouncing ball တွေနဲ့ ပစ်ခတ်ဖြိုခွင်းရမှာဖြစ်ပါတယ်။ ဘောလုံးကိုအထူးအားထည့်ပစ်မှ ရန်သူတွေရဲ့အတားအဆီးတွေကိုဖြိုဖျက်နိုင် မှာပါ။ ဇာတ်ကောင် Buzz နဲ့အတူခရီးရှည်ကြီးကိုစတင်ပြီး လမ်းတစ်လျှောက်မှာ Toy Story ဇာတ်လမ်းထဲက ဇာတ်ကောင်လေးတွေနဲ့တွေ့ရှိရမှာဖြစ်ပါတယ်။ မကောင်းဆိုးဝါး Zurg နဲ့ တခြားဂြိုဟ်သားဓားပြတွေကိုဖမ်း ဆီးပေးရမှာပါ။ အဆင့်တိုင်းမှာ စိန်ခေါ်မှုအသစ်အသစ်တွေတွေ့ရမှာဖြစ်သလို၊ အုတ်ခဲတွေ၊ ဖန်တွေ၊ မီးရထား တွေနဲ့ရန်သူတွေရဲ့အတားအဆီးတွေကိုဖျက်ဆီးပစ်ပြီး ရမှတ်ကောင်းကောင်းရယူနိုင်ဖို့ကတော့ သင့်ရဲ့ဖန်တီးမှု ကောင်းတဲ့နည်းလမ်းတွေကိုအသုံးချရပါလိမ့်မယ်။ အဆင့်တိုင်းမှာ ဇာတ်ကွက်တစ်ခုစီကို ကြယ် ၃ ပွင့်မရမချင်း ပြန်ဆော့နိုင်မှာဖြစ်ပြီး achievements တွေကိုလည်းရအောင်ယူရမှာပါ။ Buzz တို့၊ Woody တို့နဲ့အတူ ဒီလို ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့စွန့်စားခရီးကိုထွက်ချင်တဲ့သူတွေအတွက် Toy Story:Smart It ဂိမ်းကိုအောက်က link မှာရယူနိုင်ပါတယ်။



No comments:

Post a Comment