Monday, January 12, 2015

မိမိဝယ်တဲ့ iPhone iCloud Lock ပါမပါ စမ်းမယ် Check Activation Lock Statu


Apple ကတော့ iCloud Activation lock Check tools ကိုထပ်မံဖြည့်စွပ်နေပါပြီ။ iCloud Activation ကို IOS 7မှာစတင် ခဲ့ပြီးယခု IOS 8 မှာပါဆက်လက်အသုံးပြုနေ ဦးမှာဖြစ်ပါတယ်။ Apple ရှိနေသရွေ့သုံးနေဦး မယ့်သဘောပါ။ ယခုလို check tools ကို iCloud.com မှာဝင်ကြည့်နိုင်မှာဖြစ်ပါတယ်။ iDevice IMEI ဖြည့်စွပ်ဝင်ကြည့်ရမှာပါ ဒီလိုကြည့်နိုင်ခြင်းအားဖြင့်ရောင်းဝယ်မှုပြုတဲ့နေရာမှာ iCloud Activation lock ကျခြင်းမှကာ ကွယ်ပေးနိုင်ပါတယ်။ user တွေဟာဖုန်းဝယ် တဲ့အခါမှာတဆင့်ပြန်ဝယ်သူတွေများပါတယ် အဲ့ဒါကြောင့်လည်း Apple ID အဟောင်းတွေ ပါနေတာမသိကြပဲ restore လုပ်ကြတဲ့အခါမှာ iCloud Activation Lock ထိတော့တာပါပဲ။ အသစ်ဝယ်တဲ့အခါမှာလည်းမိမိစစ်ဆေးချင်ရင် iCloud.com ထဲတွင် iCloud Activation Check Tools နဲ့စစ်ဆေးပြီး iDevice တွင် Apple ID နဲ့Activated လုပ်ထားခြင်းရှိမရှိ စစ်ဆေးနိုင်ပါတယ်။ ယခင်ကဒီလိုစစ်ဆေးနိုင် ခြင်းမရခဲ့ပါဘူး။ စစ်ဆေးလို့ Activated လုပ် ထားရင်လည်းအလွယ်တကူသိရှိပြီးဖြတ်ထုတ်နိုင် ပါတယ်။ ဒါကြောင့် iOS user တွေအနေနဲ့ ရောင်းဝယ်မှုပြုတဲ့နေရာမှာဒီအချက်ကိုသတိ ထားစေလိုပါတယ်။ မဝယ်ခင် iDevice ရဲ့ Setting ထဲမှ iCloud Account, Apple ID များကိုဖြတ်ပြီးမှဝယ်ယူကြနိုင်ရန် နှင့်မိမိ Apple ID များကိုလည်းမမေ့လျော့ ကြဖို့သတိပေးပါရစေခင်ဗျာ။ ဒီလင့်ထဲတွင် ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ PC မှ Latest Firefox , internet explorer တို့ဖြင့်သာဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ Check tools link> 
လိုအပ်မှုရှိရင်လည်းနားလည်ပေးစေလိုပါတယ် IOS knowledge bank mm Admin team Credit> iPhoneHacks >iosknowledgebank.mm
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

No comments:

Post a Comment