Wednesday, January 21, 2015

IOS - 7.0 to 7.0.6 အထိ Jailbreak ပြုလုပ်နည်းအဆင့်ဆင့်


ios7.0.1 to 7.0.6 ကို Jailbreak ပြုလုပ်နည်း
....................................................

သင့်ဖုန်းကို ios version ဘယ်လောက်လဲဆိုတာစစ်ကြည့်ပါ

ကြည့်မတတ်ရင် Setting>General>About>Version မှာကြည့်ပါ
7.0.1 ကနေ 7.0.6 ထိပဲဖြစ်ရပါမယ်။

အဆင့် (၁)
သင့် iPhone ဖြစ်ဖြစ် iPad ဖြစ်ဖြစ် ios version 7.0.1 to 7.0.6 ထိ Jailbreak ပြုလုပ်နိုင်တဲ့
evasi0n v 1.0.7 နောက်ဆုံးဗားရှင်းကို အရင်ဆုံးအောက်ကလင့်ခ်မှာ ဒေါင်းပြီး
ကွန်ပျူတာ Desktop မှာသိမ်းထားလိုက်ပါ။

https://www.dropbox.com/s/8gyeglne1pmcl9q/evasi0n7.monster.7z

အဆင့် (၂)
ဒေါင်းလို့ရလာတဲ့ evasi0n7-monster ဖိုင်ကို ဖြေလိုက်ပါ။
ဖြေလို့ရလာတဲ့ evasi0n7 ကို Right Click နှိပ်ပြီး “Run as Administrator” နဲ့ဖွင့်လိုက်ပါ။

အဆင့် (၃)
သင့်ဖုန်းအား password ခံထားလျှင်
Settings -> General -> Passcode Lock On -> Turn Passcode Off ကိုနှိပ်ပြီးဖြုတ်ထားလိုက်ပါ။
ပြီးလျှင် သင့်ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။
evasi0n ကနေ သင့်ဖုန်းရဲ့  ios firmware ကိုစစ်ဆေးပါလိမ့်မယ် ပုံ-၂ ကိုကြည့်ပါ။
အဆင်ပြေပြီဆိုရင် Jailbreak ကိုနှိပ်ပေးလိုက်ပါ။

အဆင့် (၄)
Jailbreak ကိုနှိပ်ပြီးသည်နှင့် ဖုန်းအတွင်းသို့ data များပို့နေမှာပါ။
ဘာမှမလုပ်ပါနဲ့ ကြိုးကိုမထိမိပါနဲ့ ကြိုးမလွတ်အောင် ဂရုစိုက်ပါ

Retrieving remote package
Uploading jailbreak data
Injecting evasion app (1/2)
Injecting evasion app (2/2)
Configuring system (1/2)
Configuring system (2/2)
Rebooting device
ဒီလုပ်ငန်းစဉ်များအစဉ်အတိုင်းလုပ်ပြီးသွားရင် ဖုန်း reboot ကျသွားပါမယ်။
evasion ကို မပိတ်ပါနဲ့ဦး ကြိုးကိုလည်း မဖြုတ်ပါနဲ့။

အဆင့် (၅)
ဖုန်းပြန်ပွင့်လာပါက ကွန်ပျူတာမှာ ပုံ-၃ လိုပေါ်လာပါမယ်။
ဖုန်းကိုသတိထားပြီး unlock ပြုလုပ်ပါ။
ပြီးလျှင် ပုံ-၄ ကိုကြည့်ပါ ပုံထဲကအတိုင်း evasi0n7 ကိုနှိပ်ပေးလိုက်ပါ
reboot ပြန်ကျသွားပါလိမ့်မယ်...ခဏစောင့်ပါ
evasi0n logo ပုံကိုမြင်တွေ့ရပါမယ် ဘာမှမလုပ်ပါနဲ့

Reading kernel
Calculating offsets
Setting up packages
Setting up Cydia
Continuing with boot
အထက်ပါအတိုင်း evasi0n မှ ဆက်လက်လုပ်ဆောင်သွားပါမယ်

အဆင့် (၆)
evasi0n လုပ်ဆောင်ချက်များပြီးဆုံးပါက reboot တက်လာပြီး Home Screen ကိုမြင်တွေ့ရပါက
Jailbreak လုပ်ငန်းအောင်မြင်စွာပြီးဆုံးကြောင်း ကွန်ပျူတာမှာ ပြပေးပါမယ်။
Exit ကိုနှိပ်ပြီးထွက်လိုက်ပါ ကြိုးကို ဖြုတ်နိုင်ပါပြီ
ပုံ-၅ ကလို Cydia ကိုမြင်တွေ့ရပြီဆိုရင် အိုကေပါပြီ...

ေေေiPhone 4s ios (7.0.3) ကို Jailbreak လုပ်နည်း တောင်းဆိုသူ ကျနော့်မိတ်ဆွေ
 ကိုထင်ကျော် အတွက် တင်ပေးပါသည်။
အဆင်ပြေပါစေဗျာ။
       (မဏ္ဍိုင်-ကိုသီဟ)


No comments:

Post a Comment