Tuesday, January 13, 2015

လူကြိုက်များသော Sources၊Repo နှင့် Tweak များ အပိုင်း(၁)



၁။Repo:Mac For Us Repo
Sources:http://cydia.macforus.com/

မြန်မာuser တွေအတွက် Jailbreak လုပ်ပြီးပြီးချင်း အရင်ဆုံးသွင်းကြတဲ့ Soureလေးပါ။ မြန်မာစာ Font နဲ့ Keyboard အတွက် သွင်းကြတာပါ။

zawgyi font 4.3
MMKeyboard for ios 6+(for ios6)
MMKeyboard for ios5+(for ios5)

၂။ Repo: SinFul iPhone Repo

Source:
http://www.sinfuliphonerepo.com/

games, iBlacklist,3G Unresister(3G ကို wifi အဖြစ် လိမ်ပေးတဲ့ tweak လေးပါ။) ၊Springtomize,appsync for ios ကဲ့သို့သော cydia cracked app တွေရနိုင်ပါတယ်။(သူ့ကို မ Add ခင်တော့cracked တွေပဲရှိတာမို့ပြဿနာတစုံတရာတက်နိုင်ပါတယ်လို့ သတိပေးစာတန်း အရင်တက်ပါတယ်။ ကိစ္စမရှိဘူးဆိုAdd Anyway လုပ်ပေးလိုက်ပါ။)

၎။Repo: BigBoss

Source: http://apt.thebigboss.org/repofiles/cydia

၅။Repo: ModMyi

Source: http://apt.modmyi.com/

(၄/၅) sourceများသည် မူလတည်းကရှိနေပြီးသား sources များဖြစ်ပါတယ်။ အထူးတလည် add စရာမလိုပါဘူး။ cydia market မှ tweak တချို့ကို ရောင်းချပေးပါတယ်။ နာမည်ရှိတဲ့ Tweak တွေအကုန်သူတို့ထဲမှာရှိနေပါတယ်။ ဒါပေမဲ့တချို့ Tweak တွေကတော့ ပိုက်ဆံပေးဝယ်ရပါတယ်။ အပြာရောင်နဲ့ပြထားပြီး install အစား purchase ဆိုတာကိုတွေ့ရပါလိမ့်မယ်။ ပိုးညို ကတော့ iCleaner( မလိုအပ်သောဖိုင်များကိုဖျက်ပေးသော tweak) ကို BigBoss repoကနေအမြဲ install လုပ်ဖြစ်ပါတယ်။

၆။ Repo:Myanmar Mobile Application Store
Source:
http://cydia.myrepospace.com/mmas-deb
MMAS ရဲ့ repo ပါ မြန်မာ ringtone, လူကြိုက်များတဲ့tweak များ၏deb fileများ, cracked Game များ စုပေးထားတာပါ။

၇။Repo: Thethmuswe Myrepospace
Source:http://cydia.myrepospace.com/thethmuswe

MMAS ကသက်မှူးဆွေရဲrepo လေးပါ။ မြန်မာ ringtone, လူကြိုက်များတဲ့tweak များ၏deb fileများ, cracked Game များ စုပေးထားတာပါ။မြန်မာ user များသဘောကျ တဲ့tweak တခုကတော့ MMUG Myanmar Changer ဆိုတဲ့ဖုန်းရဲ့System Language တခုလုံးကို မြန်မာလိုမြင်နိုင်အောင်လုပ်ပေးတဲ့ Tweak လေးကတော့ရေပန်းစားပါတယ်။

၈။Repo: Insanelyi Repository
Source: http://repo.insanelyi.com/

ပိုးညိုအကြိုက် ROM packs for emulator gamesတွေဆော့ဖို့အတွက် ထည့်ထားသင့်ပါတယ်။ (ဥပမာ - GPSGame ဖြစ်တဲ့ စိုက်ပျိုးရေး၊ Sony Game များကို emulator ထည့်ဆော့ခြင်း။)နှင့် တခြား cydia cracked app တွေစုထားပါတယ်။

၉။Repo: Theme It App
Source: http://www.themeitapp.com/repo/
themes, tweaks, iconsတွေ စုံပါတယ်။

၁၀။ Repo: Xsellize
Source: http://cydia.xsellize.com/
ROM packs for emulator gamesတွေစုထားတာပါ။

ကဲဒီနေ့တော့ ဒီလောက်နဲ့ပဲကျေနပ်ကြပါ။ နောက်နေ့တွေမှာလဲ စုဆောင်းထားတာလေးတွေအဆင်ပြေမဲ့sources နဲ့ tweak တွေကို မိတ်ဆက်ပေးသွားပါအုံးမယ်။ တခုအကြံပေးချင်တာကတော့ cracked tweak တွေ theme တွေအရမ်းသွင်းထားရင် တချို့ tweak အချင်းချင်း ခရပ်ဖြစ်ပြီး springbroad error တက်တတ်ပါတယ်။ တကယ်ကိုယ့်device အတွက်အသုံးဝင်/အသုံးတည့်မှinstallလုပ်စေချင်ပါတယ်။မလိုအပ်ပဲ theme/tweak တွေအများကြီး ထည့်ထားရင် springbroad crack error ကစလို့ cydia ပါပျောက်ပြီးrestore ပြန်လုပ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ အဲ့လို restore ပြန်လုပ်တဲ့အချိန်Appleက frimware Update ပေးလိုက်ရင် jailbreak ပါလုပ်မရပဲ။Jailထဲပြန်ပိတ်မိတတ်တာမို့သတိနဲ့ အရင်ဆုံး ကိုယ့်စက်အမျိုးအစား,frimwareနဲ့ကိုက်မကိုက်သေချာဖတ်ပြီးမှသွင်းပါ။ cydia မှာသွင်းထားတဲ့tweak/theme နည်းလေ error နည်းလေပါပဲ။

ယနေ့အတွက် ပိုးညို အမြဲသွင်းဖြစ်တဲ့ tweak 2ခုကိုမိတ်ဆက်ပေးရရင်

၁။ 3GUnresister(3G ကို wifi အဖြစ် လိမ်ပေးထား၍wifiနှင့်သာစွဲနိုင်သော5MBကျော်သည့်file size အကြီးများကို အလွယ်တကူ 3Gဖြင့် installလုပ်နိုင်ပြီး You Tubeကို ကြည်ကြည်လင်လင် ကြည့်နိုင်ပါတယ်။တခြာ3းG internetသုံး appများကို add ပေးထားပါက download speed မြန်ပါတယ်။)

၂။iCleaner Bugs,Errorများမလိုအပ်သောfileများဖျက်ရန်

နောက်နေ့များမှာလဲထပ်မိတ်ဆက်ပေးအုံးပါမယ်။

www.myanmarmobileapp.com
ရဲ့ cydia application များမှာလဲ sourcesများ tweakများ deb fileများ ကို လေ့လာရယူနိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments:

Post a Comment