Sunday, January 11, 2015

Apple iPhone 6 နဲ့ iPhone 6 Plus အကြောင်း တစေ့တစောင်း


စက်ပစ္စည်းတွေ ထွန်းကားနေတဲ့ ယနေ့ခေတ်မှာနည်းပညာလိုက်စားသူတွေ အတွက် လျှပ်စစ်ပစ္စည်းအသစ်တွေနဲ့ နည်းပညာအသစ်တွေကိုရွေးချယ်ဖို့အတွက် နှစ်ရက်ဆိုတာဟာအတော်အသင့်လုံလောက်နေပါပြီ။ ကယ်(လ်)ဖိုးနီးယား က လူတွေစောင့်မျှော်နေတဲ့ ပစ္စည်းသစ် မိတ်ဆက် အခမ်းအနားမှာ Apple ဟာ iPhone 6, iPhone 6 Plus နဲ့ Apple နာရီများကို ပြသခဲ့ပါတယ်။ လူတွေရဲ့ အာရုံအားလုံးဟာပစ္စည်းသစ်များနဲ့သူတို့ရဲ့ သွင်ပြင် လက္ခဏာ၊ လုပ်ဆောင်ချက် များနဲ့ စွမ်းဆောင်နိုင်စွမ်းများဆီသို့ ရောက်ရှိနေခဲ့ကြပါတယ်။ လူတွေဟာသူတို့ရဲ့ စိတ်ကျေနပ်မှုကိုရရှိစေတဲ့ ပစ္စည်းများနဲ့ တွေ့မြင်ထိတွေ့ နိုင်ခဲ့ကြတယ်။ Web တွေကို Apple Buzz တွေနဲ့ ထပ်ဖြည့်ထားတာဟာအံ့သြစရာတော့ မဟုတ်ပါဘူး။ ပြန်လည်ဆန်းစစ်ချက်များနဲ့ ဘလော့များကိုကိုဖတ်ပြီးတဲ့ နောက်မှာလူတွေဟာအသစ်စက်စက် iPhone 6, iPhone 6plus နဲ့ Apple လက်ပတ်နာရီတွေနဲ့ ပတ်သက်လို့ သူတို့ ထင်မြင်ချက်တွေကိုစိတ်ကြိုက် အဆင့်မြင့်မြင့် ပြောင်းလဲခဲ့ကြတယ်။
Steve Job လက်ထက်က Apple ရဲ့လုပ်ဆောင်နိုင်စွမ်းများကို ကြည့်ပါကလူအများက Apple Pay စနစ်ထက် ပိုကောင်းသောစနစ်ကိုမျှော်လင့်စောင့်စားနေခဲ့ကြသည်။ Apple Pay စနစ်ဆိုသည်မှာအသုံးပြုသူများမှ အကြွေးဝယ်ကဒ်များကို အသုံးမပြုဘဲဖုန်းများမှတစ်ဆင့် ငွေပေးချေနိုင်သည့် စနစ်ဖြစ်သည်။ ထိုကဲ့သို့ application များသည်လုံခြုံမှုမရှိနိုင်ပါ။
Apple မှ ဖုန်း နှင့် တတ်ဘလက်ကြားမှ ကွာခြားချက်ကိုညှိသည့်အနေဖြင့် ယခင် ၅.၅လက်မ မှ Iphone 6 Plus တွင် မျက်နှာပြင် အရွယ်အစားကိုပိုကြီးလာအောင် တီထွင်ခဲ့သည်။ ဈေးကွက်ထဲတွင် LG G3၊ Samsung Galaxy Note 4 ကဲ့သို့သောဖုန်းမျက်နှာပြင်ကြီးသည့် ဖုန်းများကြီးစိုးနေသည့် ကာလApple အနေဖြင့် ဈေးကွက်ထိုးဖောက်ရန် နောက်ကျနေပြီဟုအချို့ကဆိုကြသည်။
ပြောရမယ်ဆိုရင်ဖြင့် Apple အသုံးပြုသူတစ်ယောက်ဟာ Apple ဖုန်းများရဲ့ လုပ်ဆောင်ချက်များကြောင့်သာမကသူရဲ့ အသွင်အပြင် ဒီဇိုင်းတွေကြောင့်လည်း Apple Brand ကိုသစ္စာစောင့်သိနေကြခြင်းဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ သူ့ရဲ့ စွမ်းဆောင်ချက်တွေပါဘဲ။ ထုတ်လုပ်ခဲ့ပြီးသော iPhone များဟာလူအများလက်ခံနိုင်တဲ့ အရည်အသွေးနဲ့ အကြမ်းခံနိုင်စွမ်းအပြည့်အဝရှိပါတယ်။ iPhone နဲ့ iPhone Apps များဟာAndriodဖုန်းများထက် ပိုမိုကောင်းမွန်တဲ့နေရာမှာအခက်အခဲမရှိရပ်တည်နေပါတယ်။ ထို့အပြင် သူတို့ရဲ့ App များဟာပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းများလည်းရှိပါတယ်။ ထို့ကြောင့်ထုတ်လုပ်ခဲ့ပြီးသော iPhone များရဲ့ စွမ်းဆောင်ချက်များကိုယေဘုယျတွေးတောစဉ်းစားခြင်းဖြင့် ဇာတ်လမ်းအသစ်ကိုဘယ်လိုပြသမယ်ဆိုတာကို ကြည့်ရတာအကောင်းဆုံးဖြစ်မှာပါ။
သို့သော် ဖုန်း၏ ကောင်းကွက် ဆိုးကွက်များကို Online မှတစ်ဆင့် လေ့လာမည်ဆိုပါကနောက်မကျသေးပါ။ Iphone 6, Google Nexus နှင့် အခြား Android ဖုန်းများအကြောင်းလေ့လာကြည့်ပါ။ ဈေးနှုန်းများ၊ လုပ်ဆောင်နိုင်စွမ်းများနှင့် သုံးစွဲသူထောက်ခံချက်များသည် ဝယ်ယူရန် ဆုံးဖြတ်ချက် ချရာတွင် အထောက်အကူပြုနိုင်ပါသည်။  နောက်ဆုံးပေါ်ဖုန်းများအကြောင်းသိလိုပါက Kaymu Myanmar (သို့) Kaymu Blog (သို့) GSM Arenaတို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

No comments:

Post a Comment