Monday, January 12, 2015

iOS 8 မှာ ဓာတ်ပုံများဖွက်နိုင်



OS 8 မှာဓာတ်ပုံတွေကို Third Party App သုံးစရာမလိုပဲ ဖွက်နိုင်ပြီဖြစ်ပါတယ်။ iOS အသုံးပြုသူအများစုဟာ ဓာတ်ပုံတွေကို ဖွက်ချင်တယ်ဆိုရင် အရင်က ဖွက်မဲ့ app ကနေ ဓာတ်ပုံတွေကို import လုပ်၊ ပြီးမှ ဖွက်၊ ပြီးရင် camera roll ထဲကနေ ဓာတ်ပုံပြန်ဖျက် အစရှိတဲ့ အဆင့်ပေါင်းများစွာကိုပြုလုပ်ခဲ့ကြရပါတယ်။ iOS 8 မှာတော့ ဓာတ်ပုံတွေကို တစ်ခါတည်း ဖွက်နိုင်မှာဖြစ်ပြီး ဖွက်ချင်တဲ့ ဓာတ်ပုံတွေကို camera roll ထဲကနေ select လုပ်ကာ hide ကိုနှိပ်ပြီးလွယ်လွယ်ကူကူဖွက်နိုင်ပြီဖြစ်ပါတယ်။

 
ဒါပေမဲ့ Album ခွဲထားရင်တော့ Album ထဲမှာမြင်နေရဦးမှာပဲဖြစ်ပါတယ်။

No comments:

Post a Comment