ကွန်ပျူတာမှာတော့
Firefox Browser ကိုတော်တော်များများသုံးကြမယ်ထင်ပါတယ်။ အခု iPhone/iPad
တွေအတွက်လည်း Firefox Browser for iOS ထွက်ရှိလာပါပြီ။ Browser ရဲ့
ဒီဇိုင်းအသွင်အပြင်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ Smart ကျတဲ့ဒီဇိုင်းမျိုးပါ။ ဒီ
Browser app ကိုသုံးပြီး Website တွေကြည့်ရတာ တော်တော်လေးမြန်ပါတယ်။ ပုံမှန်
Browser တစ်ခုမှာပါနေကျ function တွေအကုန်ပါ ပါတယ်။ အဓိကထူးခြားချက်ကတော့ Private
Browsing ဆိုတဲ့ Function လေးပါဝင်လာတာပါ။
Website တွေကြည့်တာတို့ ၊ Password ရိုက်ထည့်ပြီး Login ၀င်ရတဲ့ Website တွေကို Private Browsing Mode ကနေကြည့်မယ်ဆိုရင် ဘာ history မှကျန်ခဲ့မှာမဟုတ်သလို ၊ User ရဲ့မည်သည့် data ကိုမှသိမ်းထားပေးမှာမဟုတ်ပါဘူး ။ စိတ်ချရတာပေါ့ ။ Firefox Browser for iOS မှာပါဝင်လာတဲ့ Private Browsing function ကတော့ iOS 9 တင်ထားတဲ့စက်မှအသုံးပြုနိုင်မှာပါ။ နောက်ပြီးကိုယ်ကြည့်နေကျ website တွေကို Website Preview Image လေးတွေနဲ့ဖော်ပြပေးမယ့် Intuitive Visual Tab Design ဆိုတဲ့ Feature လည်းပါဝင်ပါတယ်။

မိမိတို့ရဲ့ iPhone/iPad မှာလည်း iOS အတွက်အခုမှထွက်ရှိလာတဲ့ Firefox Browser for
iOS ကိုသုံးချင်တယ်ဆိုရင်တော့အောက်က link မှာရယူနိင်ပါတယ်။
မဏ္ဍိုင်(နည်းပညာ မှတ်စု)
No comments:
Post a Comment