Saturday, November 14, 2015

အိုင်ဖုန်းမှာ iPanic လို့ခေါ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး Mode ပါဝင်လာမည်




pianic mode
လာမယ့် iPhone 7 ကနေပြီးတော့ ပါဝင်နိုင်တဲ့ Feature အသစ် တစ်ခု အနေနဲ့ iPanic ဖြစ်မယ် ရေးသားဖော်ပြလျက်ရှိကြ ပါတယ်။ ယင်း Feature ဟာ iPhone user ဒုက္ခရောက်နေပြီဆိုရင် အရေးပေါ် ကူညီကယ်ဆယ်ပေးမယ့် mode တစ်ခု ဖြစ်ပါတယ်။
ယင်းအတွက် လက်ဗွေ တစ်ခုကတော့ Panic mode အတွက် ပုံသေ ပေးထားဖို့လိုအပ် ပါတယ်။ တစ်ခုခု ဒုက္ခရောက်ပြီဆိုရင် ယင်း လက်ဗွေကို ထည့်ရပါမယ်။ အဲ့ဒီနောက်ပိုင်း ဖုန်းက အလိုအလျောက် လုပ်သွားပါလိမ့်မယ်။ ဘာတွေလုပ်မလဲဆိုရင် အင်တာနက်ဖွင့်ပြီးတော့ ဖုန်းမှာ ရှိတဲ့ ဒေတာတွေကို အကုန် backup လုပ်ထားပြီးပြီလား စစ်ဆေးပေးမယ့် မလုပ်ရသေးရင် သတ်မှတ်ထားတဲ့ အချိန်အတွင်း လုပ်လုပ်ပြီးနိုင်ရင် လုပ်ပေးမယ် မပြီးနိုင်ရင်လည်း ယင်း အချိန်ကို ကျော်လွန်တာနဲ့ အချက်အလက်အားလုံးကို ဖြတ်လိုက်ပါမယ်။ emergency call list မှာ ထည့်ထားတဲ့ ခေါ်လို့ရတဲ့ ဖုန်းများကိုလည်း အလိုအလျောက် ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စများကို အသံဖြင့်လည်း မှတ်တမ်းတင်ပေးပါလိမ့်မယ်။ ဒါကြောင့်မို့ ပြစ်မှု ဆိုင်ရာ ကိစ္စများ ဖြစ်ရင်ပဲဖြစ်ဖြစ် ဖုန်းပျောက်ရင်ပဲ ဖြစ်ဖြစ် iPanic mode မှ ကူညီပေးမှာ ဖြစ်ပါတယ်။ အကယ်၍ ဖုန်းပျောက်ခဲ့တယ်ဆိုရင် မိမိလက်ဗွေမဟုတ်ပဲ အခြားလူရဲ့ ကြိုးစားမှုကို လက်ခံရရှိပြီဆိုရင် မတူညီတဲ့ လက်ဗွေ ရရှိမှု အကြိမ်အပြင် အခြားသော နည်းပညာအရ တိုက်ခိုက်မှုများကို တွက်ချက်ပြီးတော့ ဖုန်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ iPhone ဟာ အသုံးပြုသူရဲ့ အချက်အလက်များကို ကာကွယ်ပေးသလို အသက်အန္တရာယ်ကိုပါ အတတ်နိုင်ဆုံး ထောက်ပံ့ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment